မင်္ဂလာပါရှင်၊ ခေါင်းစဉ်မှာရေးထားသလိုပဲ တခါက ဗေဒင်မေးခဲ့စဉ်ကအဖြစ်အပျက်လေးကိုသတိယလို့ ရေးဖြစ်တာပါ။ သူမလေး ဗေဒင်ကိုတကူးတကသွားမေးရလောက်အောင်ဝါသနာမပါပါဘူး၊ စာစောင်တွေ၊Magazineတွေထဲတွေ့မှသာ ဟိုကြည့်ဒီကြည့် ကြည့်ဖြစ်တယ်။ ကိုယ့်ဟာကိုဆို ဗေဒင်ဆရာဆီရောက်ဖို့ဆိုတာဝေးပါတယ်။
အိမ်မှာတော့ မေမေနဲ့ညီမလေးက ဗေဒင်မေးရတာသိပ်ဝါသနာပါတယ်။ ဘာလေးဖြစ်ဖြစ် ဗေဒင်ဆရာဆီသွားလိုက်ရမှ။ မောင်တ၀မ်းကွဲလေးနာမည်ပေးတာတောင်ဟိုမေးဒီမေးနဲ့ ကလေးက ၁နှစ်ကျော်လောက်မှ နာမည်အရင်းရှိတော့တယ်။ နောက်သူမလေး သူငယ်ချင်းတယောက်ရှိတယ်။ အဲ့တစ်ယောက်လည်း တူတူပဲ ဘယ်နား ကဗေဒင်ဆရာကောင်းတယ်ဆို ကျောင်းဖျက်ပြီးတော့ကို သွားမေးတာ...ဟိုးမတ္တရာထိရောက်တယ်။ ကိုယ်ကတော့လိုက်ပါဘူး။
ဒီအရွယ်ထိမှတ်မှတ်ရရ ဗေဒင်ဆရာဆီရောက်ဖူးတာ 3ခါပဲရှိတယ်။ တခါက မေမေနဲ့ နောက်တခေါက်က အခုနက သူငယ်ချင်းရယ်၊ ညီမလေးရယ်နဲ့ပါ။နောက်ဆုံးတခေါက် ညီမလေးနဲ့ပဲ ဆရာစံဇာနည်ဘိုဆီမှာပါ။ ဘယ်တုန်းကလည်းဆိုတော့ ကိုယ်ဒီကိုလာခါနီးကပေါ့။ ကိုယ်သွားရတော့မယ်ဆိုတော့ မေမေက အဆိုးအကောင်းမေးရအောင်ဆိုပြီးအဘမင်းသိင်္ခခြံခေါ်သွားတယ်။(နာမည်မပေါင်းတက်လို့ မှားရင်ခွင့်လွှတ်ပါ။)ကိုယ်ကလည်းမသွားချင်ဘူး အမျိုးမျိုးဂျီကျတာ မရဘူး။ မနက်စောစောထပြီး သွားရတယ်၊ တန်းစီနေရမှာဆိုးလို့တဲ့။ ကိုယ်ပဲကံကောင်းတာလားမသိဘူး ဟိုရောက်တော့ ပိတ်ရက်နဲ့ကြုံနေတယ်။
နောက်သူငယ်ချင်းတွေနဲ့အခေါက်ကတော့ ကိုယ့်အတွက်မှတ်မှတ်ရရပါပဲ။ အခုချိန်ထိတွေးမိရင် ရီချင်တယ်..တကယ်။ ဖြစ်ပုံက ညီမလေးနဲ့ သူငယ်ချင်းက သူတို့အလုပ်အတွက်ဗေဒင်သွားမေးမှာကို ကိုယ့်ပါအဖော်ခေါ်တယ်။ ကိုယ်က မလိုက်ချင်ဘူး သူတို့ မေးတာမြန်းတာဘာညာနဲ့မကြာဘူးဆို အနည်းဆုံး 1နာရီလောက်ကြာမှာလေ။ အစကကိုယ်လည်းငြင်းသေးတယ်၊ နောက်တော့သူတို့က အဲ့ဒီကပြီးရင် ရွှေတောင်တန်းမှာကြေးအိုးလိုက်တိုက်မယ်၊ Black Canyonမှာလည်း ကော်ဖီလိုက်တိုက်မယ်ဆိုလို့ ကိုယ်လည်း အစားငမ်းပြီးလိုက်သွားတာပေါ့။
ဟိုရောက်တော့ ကိုယ့်ပါ ဟောခန်းထဲခေါ်သွားတယ်၊ အပြင်မှာလည်း လူတွေများနေတော့လိုက်သွားလိုက်တယ်။ သူတို့ဟာသူတို့မေးစရာရှိတာမေး၊ဘာညာလုပ်ပေါ့။ ဟောလည်းပြီးရော ဗေဒင်ဆရာက သမီးရောမေးဦးမလားတဲ့...ကိုယ့်လာမေးတယ်၊ ကိုယ်ကဟင့်အင်း လို့ဖြေကာရှိသေး ညီမလေးနဲ့သူငယ်ချင်းက ဆရာရယ်တခါတည်းကြည့်ပေးလိုက်ပါတဲ့ဆိုပြီး အတွန့်တက်လိုက်တာ ...အဲ့မှာစတွေ့တော့တာပဲ။
ကိုယ်ကလည်းအားနာတက်တော့ ၊ဗေဒင်ဆရာ့ရှေ့ မှာလည်းဖြစ်နေတော့ငြင်းမနေတော့ဘူးပေါ့။ ပြီးပြီးရောဆိုပြီးနားထောင်နေလိုက်တာ...သူကဟောသွားတာပေါ့နော်...ရှေ့ ကဟာတွေတခုမှကိုယ်နဲ့မတိုက်ဆိုင်တော့ပြုံးပြုံးလေးနားထောင်နေတာပေါ့။ နောက်ဆုံးကျတော့ သူက သမီးဒီရက်အတောအတွင်း ဘယ်ခြေ၊ဘယ်လက်ထိခိုက်ကိန်းရှိတယ်သတိထားနေပါတဲ့။ ကိုယ်လည်း ဟုတ်ကဲ့ပေါ့။ ဟီဟီ...
သူဟောလိုက်တာကိုယ်နဲ့မတိုက်ဆိုင်ဘူးပဲထင်နေတာ...နောက်၂ရက်လောက်နေတော့အခန်းထဲမှာ ကိုယ်တယောက်တည်းဂိမ်းဆော့နေတုန်းညီမလေးဝင်လာတယ်။ မေမေဆူလိုက်လို့တဲ့ အိပ်ယာပေါ်တက်ပြီးငိုပါလေရော။ အစကတော့ကိုယ်လည်း ဒီအတိုင်းနေနေသေးတယ်၊ မချော့သေးဘူးပေါ့။ နောက်တော့ ငိုတာ တော်တော်နဲ့မပြီးဘူး၊ ကိုယ်လည်းသနားလာတာနဲ့ချော့မယ်လေဆို ခုတင်ပေါ်အကူး....အပျင်းကြီးပြီ အောက်မဆင်းပဲဒီအတိုင်း ခုန်ပေါ်ကနေလှမ်းကျော်လိုက်တာ ဖြစ်ချင်တော့ခုန်ကလည်ပြီး ခြေထောက်က မွေ့ယာအစွန်းပဲနင်းမိပြီး အောက်ကို ပြုတ်ကျပါလေရော။
ကျတာကလည်းဘယ်ခြေ၊ဘယ်လက်နဲ့မုဆိုးထိုင်သလိုမျိုးကိုပြုတ်ကျတာ။ ကိုယ်လည်းငိုပါလေရောလား၊ ငိုတာမှဗေဒင်ဆရာကိုတတပြီးကိုငိုတာ။ ခိုက်မိတာမှမှန်အောင်ဟောရပါ့မလားဆိုပြီး...ဟီဟီ။ ညီမလေးလည်း ဆက်မငိုနိုင်တော့ဘူး။သွားချော့မယ့်လူကအချော့ခံနေရတယ်။ ညီမလေးမှာကိုယ့်လည်းချော့၊ ရီလည်းရီချင်နဲ့။ဟဟဟ။ အိမ်ကလူကြီးတွေလည်းအကုန်အခန်းထဲရောက်လာကုန်ကျတာ။ ကိုယ့်အသံပြဲကြီးကြားပြီးဘာများဖြစ်သွားသလည်းပေါ့။ အဲ့လိုပါ။....
နောက်ဆုံးဆရာစံဇာနည်ဘိုဆီမှာဗေဒင်သွားမေးတဲ့အခေါက်ကတော့ နောက်ဆုံးအခေါက်ပေါ့။ အဲ့တုန်းက ကိုယ်ကဒီကကျောင်းပြီးလို့တလပြန်တဲ့အချိန်။ ပြန်လာခါနီးပေါ့.... ဆရာက ကိုယ့်လက်ခဏာကော်ပီကိုကြည့်ပြီးဟောနေတယ်။ ဘာပေါ့၊ညာပေါ့ဆိုပြီး...အဲတ၀က်လောက်ရောက်တော့ကိုယ်မနေနိုင်တော့ဘူး။ ဟီ....ညက အစားစုံသွားတယ်။ ဆက်မထိုင်နိုင်တော့ဘူး... ညီမလေးကို သမီးပဲပြီးအောင်နားထောင်ခဲ့လိုက်တော့နော်ဆိုပြီး အသာလေး လစ်ထွက်ခဲ့တယ်။ အပြင်ရောက်မှလောကကြီးကကိုယ့်အတွက်သာယာတော့တယ်...ဟီဟီ။
အခုလည်း ညီမလေးက သူ့ရဲ့ဆရာမဒီကိုအလည်ရောက်နေတယ်တဲ့။ မမဖုန်းနံပါတ်ပေးလိုက်တယ်တဲ့ဆက်သွယ်လာရင်ကူညီလိုက်ပါတဲ့။ မေမေကလည်း မေးချင်တာရှိရင်မေးလိုက်တဲ့၊ ဟီ...ကိုယ်လည်းဟဲဟဲပေါ့။ ခုချိန်ထိတော့မဆက်သွယ်လာသေးဘူး။ ကိုယ့်ကိုလည်းသူ့ဖုန်းနံပါတ်ပေးထားတယ်။ အသာလေးမသိယောင်ဆောင်နေတာ။ ....ဒါပါပဲ...ကိုယ့်ဗေဒင်ဇာတ်လမ်းလေးကတော့
***ဗေဒင်ပညာနှင့် ဗေဒင်ဆရာအားစော်ကားလိုစိတ်လုံးလုံးမရှိပါ၊ ကျွန်မရဲ့ရီစရာတိုက်ဆိုင်မှုလေးများအား ရေးသားခြင်းသာဖြစ်ပါသည်။******
အားလုံးပျော်ရွှင်နိုင်ကြပါစေရှင်။