သူမလေးရဲ့ခိုနားရာ

ငါ့ဒုက္ခ

Published by သူမလေး under on 11:18 PM
ဒီနေ့မှ Airconကပျက်တယ်....

ဒီနေ့မှ ငါက အင်္ကျီနှစ်ထပ်ဝတ်လာမိတယ်...

ဒီနေ့မှ စားတဲ့နေ့လည်စာက အတော်ပူလောင်တဲ့ခေါက်ဆွဲကိုစားမိတယ်...

ဒီနေ့မှ အကိုကလာပြီးကဂျီကဂျောင်များတယ်....

ဒီနေ့မှ....

ဒီနေ့မှ....

ဒီနေ့မှ...ဘာမှမကောင်းပါလား.... ပေါင်းဖိုထဲရောက်နေသလိုခံစားရတယ်။

8 comments:

Anonymous said... @ 5/4/09, 3:01 AM

ဒီနေ့ ပဲ ... စိတ်ကလေး ရှင်းအောင် နေကြည့်ပါလား ...
ဘာလိုလို ညာလိုလို ဘာမှန်း ညာမှန်းမသိ ခံစားနေရတယ်ဆိုတာ စိတ်က ဖြစ်နေတဲ့ ခံစားမှု တစ်ခုပါ ...
ဒီနေ့ပဲ ... ကိုယ့်စိတ်ကလေးကို ကိုယ်သိအောင် လုပ်ကြည့်ပါလား ...
ဒီနေ့ပဲ ... စိတ်ကလေး အေးချမ်းပြီး
ဒီနေ့ပဲ ... ရှင်သန်ရတာ အဓိပ္ပာယ်ရှိလာလိမ့်မယ် ...

အစ်ကိုတော် မိုးသောက် :)

thumalay said... @ 5/4/09, 3:36 AM

ဟုတ်ကဲ့ပါအကို....အခုသမီးစိတ်ကလေးအေးချမ်းနေပါပြီ၊ ပျော်လည်းပျော်နေပါပြီ။ ဟီ...၇နာရီထိုးတော့မှာမို့လေ။ ..ဟဲဟဲ ကန်တော့ကန်တော့ လူကြီးဆုံးမတာကိုအပျော်အပျက်လုပ်တာဟုတ်ပါဘူး။ ကိုယ့်အကိုကြီးမို့ ....အားလုံးအတွက်ကျေးဇူးပါအကို

မြစ်ကျိုးအင်း said... @ 5/4/09, 9:31 AM

ပူတယ်ဆိုတော့...အင်း...ဘာလုပ်ပေးရမလဲ Aircon ဖွင့်ပြီးစဉ်းစားလိုက်အုံးမယ်..
...ခင်မင်သောအားဖြင့်...

thumalay said... @ 5/4/09, 6:45 PM

မင်္ဂလာပါအကိုမြစ်ကျိုးအင်းရေ၊ အခုမပူတောပါ့ဘူး၊ Airconကရသွားပြီ....လာလည်တာကျေးဇူးအထူးနော်။

Anonymous said... @ 5/5/09, 8:30 AM

အရိပ်ကိုလိုချင်ရင် နေပူကစောင့်ဆိုလား မသိဘူး ကြားဖူးတာလေး တစ်ခုရှိတယ် .. အဲ့လိုဆိုရင် မကြာဘူး သူမလေးဆီကို ပျော်စရာတွေ အများကြီး အများကြီးရောက်လာတော့မှာ ... :)

ဖြိုးဇာနည် said... @ 5/5/09, 11:33 AM

တစ်လိမ့်ချင်းလိမ့်ကြတာပေါ့ သူမလေးရေ
အေးဆေးစွာနဲ့ဖြတ်သန်းခြင်းဟာပူလောင်
ဖြင်းတွေကိုအေးမြသောပူလောင်ဖြင်းတွေ
အဖြစ်ပြောင်းလဲပစ်နိုင်မှာပါ့

thumalay said... @ 5/5/09, 7:27 PM

ကျေးဇူးပါကိုနေဒေးသစ်၊ ပျော်ရွှင်စရာတွေသာရောက်လာပါစေလို့ဆုတောင်းနေပါတယ်ရှင်၊ ပျော်ရွှင်ပါစေ။
ကျေးဇူးပါဖြိုးဇာနည်၊ သူငယ်ချင်ပြောသလို ကိုယ်လည်းတလိမ့်ချင်းလိမ့်နေပါတယ်။ ဘာလို့လည်းဆိုတော့ အရမ်းဝ့်နေလို့ မြန်မြန်သွားလို့မရလို့လေ။။ဟဲဟဲ...စတာပါ ပျော်ရွှင်ပါစေကွာ။။

mgnge said... @ 5/7/09, 9:37 AM

ပေါင်းဖိုထဲရောက်နေတယ်ဆိုရင်
ဒီနေ့ ပဲ နင် မဲမဲလေး ကနေ ဖြူဖြူလေးဖြစ်လာ ပြီပေါ့ :P

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။