သူမလေးရဲ့ခိုနားရာ

ချစ်သောကမ္ဘာမြေ

Published by သူမလေး under on 6:42 AM

ကံကြမ္မာဆိုးထိုးနှက်မှုကြောင့် ငါ့တို့ကမ္ဘာပျက်သုန်းခဲ့ရတယ်၊

လှိုင်းကြီး လေကြီး မိုးကြီးအောက်မှာ ပျောက်ဆုံးခဲ့တဲ့ ငါတို့ မိသားစုတွေ

ဘယ်ဆီ၊ ဘယ်ဝယ် လိုက်လို့ရှာရမလည်း.....?

သားက အမေပျောက်၊ အမေကသားတွေပျောက်....

ဘာမှမရှိတော့တဲ့ ဗလာရင်ခွင်ထဲမှာ အရာအားလုံးဟင်းလင်းဖြစ်သွားရတာက ငါတို့အားလုံးပါပဲ....

ဘယ်တော့မှမမေ့နိုင်တဲ့ နေ့ရက်လေးကို မျက်ရည်ဆက်လက်နဲ့ ပွေ့ ပိုက်နေရတာပါ

ဖြစ်နိုင်ရင်လေ ငါ့မှာသာ တန်ခိုးရှိခဲ့ရင်ပေါ့

မှောင်မိုက်တဲ့ အတိတ်ဆိုးကြီးကို ခ၀ါချပေးချင်လိုက်တာ။

ပြုံးနေတဲ့ အမေ့မျက်နှာ၊ ၀မ်းသာနေတဲ့ သားမျက်နှာတွေကို

အားလုံးသော လူသားတွေအပေါ်မှာ ဖန်ဆင်းပေးချင်လိုက်တာ...

ပြက္ခဒိန်ပေါ်ကအဲ့နေ့ အဲ့ရက် အဲ့အချိန်တွေကို

လွှင့်ပစ်လို့ရရင် ဟိုးအဝေးဆုံး ကမ္ဘာအပြင်ဖက်ကို လွှင့်ပစ်လိုက်ချင်တာပေါ့။

ဒီလိုအဖြစ်ဆိုးမျိုး နောက်နောင်မဖြစ်ရစေဖို့

ဆုတောင်းမေတ္ထာပို့နေရုံမှ အပ ကိုယ့်မှာ ဘာများတက်နိုင်အုံးမှာလည်းကွယ်။



"...........ကျွန်မ ဥာဏ်မှီသလောက်ရေးကြည့်တာပါ၊ကိုယ်ဘာမှမတက်နိုင်မလုပ်ပေးနိုင်ပေမယ့် တက်နိုင်သလောက်လေး ကြိုးစားရေးကြည့်တာပါ။ အားလုံးအားလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေရှင်။ ကံကောင်းခြင်းများသာပိုင်ဆိုင်နိုင်ပါစေရှင်။.........."

2 comments:

ဖြိုးဇာနည် said... @ 5/1/09, 9:32 AM

ဆုတောင်းမေတ္ထာပို့နေရုံမှ အပ ကိုယ့်မှာ ဘာများတက်နိုင်အုံးမှာလည်းကွယ်။
တဲ့
ဟုတ်ပဗျာ့တကယ်တမ်းကျတော့
သူများတွေကိုလိုက်ကူညီပေးနိုင်ဖို့မပြော
နဲ့ ကိုယ့်ဟာကိုယ်တောင် ဟိုဖက်နဲနဲတိုးပါအုံး
ဆိုပြီးဖြစ်နေရတာ့ဟီးးးးး
(ကျွန်တော့်အဖြစ်ကိုပြောပြတာပါ)

mgnge said... @ 5/1/09, 3:01 PM

အင်း ... ဘယ်လို ပြောရပါ့
ဒီလို အဖြစ်မျိုးဆိုတာမေ့ကောင်းတဲ့ အရာ လည်း မဟုတ် ပါဘူး...။

ကိုယ်တိုင်မကူညီနိုင်ပေမယ့် ရင်ထဲ မှာတော့ မကောင်း ဘူးဗျာ

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။