သူမလေးရဲ့ခိုနားရာ

သူငယ်ချင်းတို့အတွက်လက်ဆောင်

Published by သူမလေး under on 8:04 AM

မင်္ဂလာပါရှင်...
ဒီနေ့သူငယ်ချင်းတွေကိုအထူးအဆန်းလေးတခုနဲ့မိတ်ဆက်ပေးမယ်နော်။သူငယ်ချင်းတို့လည်းသဘောကျမယ်လို့ထင်ပါတယ်။ဘာလည်းဆိုတော့ သူမလေးရဲ့အကိုပို့လာတဲ့မေးလ်လင့်လေးဖြစ်ပါတယ်။ ကဲသိချင်ရင်တော့အောက်မှာဆက်ဖတ်ပေါ့...
Dear All, This web site is for international passport record web link. U only needs to type your family name, last name and country. It’s very surprise, you can see your personal information data inside. Note: For Myanmar national , need to type first name instead of family name box. Please see the example.
E.g name = Toe Toe Aung
Family name = Toe
Last name = Toe Aung
ဒါကတော့လင့်လေးပေါ့...
http://www.scrolllock.nl/passport/home.htm
စမ်းကြည့်နော်...ဘာတွေထူးလည်းသိချင်တယ်ဟုတ်...
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေရှင်။

ပန်းပိတောက်

Published by သူမလေး under on 5:47 AM


ဒီနေ့မနက်အတော်ထူးဆန်းတယ်၊ ဒီမှာနေတဲ့၂နှစ်အတွင်းဒါပထမဦးဆုံးအကြိမ်မြင်ဖူးခြင်းပါ။ပိတောက်ပင်တွေ

ရှိတယ်၊ ပိတောက်ပန်းတွေပွင့်တယ်ဆိုတာကိုတော့ကြားဖူးတယ်။ ဒါပေမယ့် ကိုယ်ကပိတောက်ခရေဇီမဟုတ်

တော့ အမှုမဲ့အမှတ်မဲ့ပါပဲ။ ဒီနေ့မနက်တော့ အလုပ်ကိုအသွား လမ်းကူးဖို့မီးပွိုင့်စောင့်တဲ့နေရာမှာ အမှတ်မထင်

တွေ့လိုက်တာပါ။ အရင်ရက်တွေက အခြားလမ်းကသွားတာဆိုတော့ မသိဘူး။ လမ်းအကူးမီးပွိုင့်စောင့်နေတုန်း

ပိတောက်ပန်းနံ့ရတယ်ဆိုပြီးကြည့်လိုက်တော့လားလား...ကိုယ်နဲ့မျက်နှာချင်းဆိုင်မှာပန်းတောက်ပန်းတွေပွင့်နေ

တာပါလား။ အံ့သြသွားမိတယ်...ပျော်လည်းပျော်သွားတယ်။ ထင်တာက တပင်ထဲပဲလို့ထင်တာဘယ်ဟုတ်မ

လည်းအဲ့ဒီတလမ်းလုံးပိတောက်ပင်တွေချည်းပဲပြီးတော့ပင်တိုင်းပန်းပွင့်နေတာ လှလိုက်တာအရမ်းပဲ။ကိုယ်ဓါတ်

ပုံရိုက်မိတဲ့အပင်က အသေးဆုံးအပင်ဖြစ်နေတယ်။ နောက်ထပ်ဓါတ်ပုံတွေထပ်လိုချင်တာ အလုပ်ချိန်ကလည်းနီး

နေပြီမို့ ထပ်မရိုက်ဖြစ်လိုက်တော့ဘူး။ ဒါပေမယ့် စိတ်ထဲမှာ ကျေနပ်နေတယ်၊ ပျော်လည်းပျော်နေမိတယ်၊ ပိ

တောက်ပန်းနံ့လေးရှူရင်းလမ်းလျှောက်ရတာ ဘ၀င်ကိုခွေ့လို့။ နောက်နေ့လည်းအဲ့ဒီဖက်လမ်းကပဲသွားမယ်စိတ်

ကူးမိတယ်။ ဒါပေမယ့်ပိတောက်ပန်းကတော့ နေ့တိုင်းရှိချင်မှရှိနေမှာလေ...ဘာပဲဖြစ်ဖြစ်ပေါ့...


ကိုယ့်ဂျီတော့စတေးတပ်မှာ”ပိတောက်ပန်းဆိုတာဘယ်လိုဟာလည်း၊ ဘယ်လိုအနံ့ရှိလည်းဆိုတာသိသွားပြီ”

လို့ရေးထားတော့ အကိုကလည်း သူ့စတေးတပ်မှာ ”သမီး...စိတ်ကောင်းကောင်းထား၊ပုလင်းလှုပ်သောက်တဲ့“

ရေးထားသေး။ ကိုယ်ကကိုယ့်ပြောနေမှန်းမသိဘူး။ အလိုက်မသိ အကိုရေဘယ်သူကဘာဖြစ်လို့လည်းသွားမေး

နေသေး။ အဲ့လိုလည်တာပါ...ဟဟဟ




ကမ္ဘာငယ်လေးထဲကသူမလေး

Published by သူမလေး under on 6:22 AM

မင်္ဂလာပါရှင်။ဒီနေ့ဆိုသူမလေးမြန်မာပြည်ကခွဲလာတာ၂နှစ်ပြည့်တဲ့နေ့ပေါ့။ဒီ၂နှစ်အတွင်းမှာပျော်ရွှင်ခဲ့တဲ့နေ့တွေ ရှိသလိုစိတ်အားငယ်၊ ၀မ်းနည်းခဲ့ရတဲ့နေ့ရက်တွေလည်းအများကြီးပါ။ဆုံးရှုံးခဲ့တာတွေရှိသလို၊ပိုင်ဆိုင်ခဲ့ရတာ တွေကလည်းအများသားပါ။မိတ်ဆွေစစ်၊မိတ် ဆွေသစ်တွေရခဲ့သလို..မိတ်ဆွေတု၊မိတ်ဆွေယောင်တွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ အတွေ့ကြုံသစ်တွေလည်းရခဲ့သလို၊ အဲ့ဒီအတွေ့ကြုံတွေထဲကပဲသင်ခန်းစာတွေလည်းအများ ကြီးရခဲ့တယ်။

အေးအေးဆေးဆေးနေတက်တဲ့ကျွန်မမှာ သူငယ်ချင်း၊မိတ်ဆွေအများကြီးမရှိပါဘူး။လက်ချိုးရေကြည့်တောင် လက်၁၀ချောင်းမပြည့်ဘူး။ မြန်မာပြည်မှာကျောင်းတက်တုန်းကလည်းကိုယ့်မှာ သူငယ်ချင်းအများကြီးမရှိခဲ့ဘူး။ ကိုယ်နဲ့သိပ်မခင်ရင်၊ မရင်းနှီးရင် စကားမပြောတက်တာအကျင့်မို့ အပေါင်းသင်းမများတာ အဆန်းမဟုတ်ပါဘူး။ ထင်လိမ့်မယ် သူမလေးက မာနကြီးလို့လားပေါ့...လုံးဝမဟုတ်ပါဘူး။ မှန်တာပြောရရင် ကြောက်တာပါ၊ဘာကို လည်းဆိုတော့ ကိုယ်က သွားခေါ်လို့ကိုယ့်ကိုပြန်စကားမပြောမှာ၊ ကိုယ်ကရီပြလို့ကိုယ့်ကိုပြန်မရီပြမှာကိုသိပ် ကြောက်တယ်။ ပြီးတော့ အရေမရအဖတ်မရစကားတွေပြော၊ ပြိုင်ကြဆိုင်ကြမှာကိုလည်းသိပ်မုန်းတယ်။

ကံကောင်းပါတယ်၊ အခုကိုယ်နဲ့တွဲတဲ့သူငယ်ချင်းတွေကတစ်ယောက်မှအဲ့လိုထဲကမပါလို့။ ပေါင်းတာကလည်း ကိုယ့်ထက် ၅နှစ်ကြီးတဲ့မမတယောက်၊ ၁၀နှစ်ကြီးတဲ့မမတစ်ယောက် ဒါပဲရှိတယ်။ ကျန်တာကအကိုနှစ်ယောက်၊ နောက်ထပ်ကိုယ့်ထက်၃နှစ်လောက်ကြီးတဲ့သူငယ်ချင်းတယောက်ရှိသေးတယ်။ သူနဲ့က ရွယ်တူတွေလိုပါပဲ၊ နင်နဲ့ငါနဲ့ပဲပြောတယ်။ သူကတော့ ဒီမှာကျောင်းစတက်တဲ့နေ့ကစခင်တဲ့၊ ဒီမြေမှာ ပထမဦးဆုံးစခင်တဲ့သူငယ်ချင်းပါ။ မြန်မာပြည်မှာလည်းကိုယ်တို့ကျောင်းကပဲ၊ ဒါပေမယ့် ကိုယ့်ထက်နှစ်ကြီးတော့သိဘူး။ ကိုယ်ကျောင်းစတက်တဲ့နှစ်မှာ သူကကျောင်းပြီးသွားပြီ။ အဲ့ကောင်ကိုလည်းအရမ်းခင်ပါတယ်။

ကိုယ့်ထက်အကြီးတွေဆိုတော့ဆိုးလို့ကောင်းတာပေါ့။ သူမလေးကိုဆို သူတို့ ညီမအငယ်ဆုံးလေးလို ချစ်ကြတယ်။ မမတို့အကိုတို့ကိုအရမ်းကျေးဇူးတင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီမှာနေတဲ့၂နှစ်တာတလျှောက်လုံး ကိုယ်မှာရှိတဲ့အခက်အခဲမှန်သမျှ ၀ိုင်းကူဖြေရှင်းပေးကျတယ်။ ကျောင်းတက်တုန်းကလည်းကျောင်းတက်တုန်းကမို့ စာကျက်ပျင်းတဲ့ သူမလေးကို စာကျက်လွယ်အောင်၊ နားလည်လွယ်အောင်ကူညီပေးတယ်။ အဆိုင်းမန့်တွေကိုတင်ကာနီးမှလုပ်တက်တဲ့သူမလေးကို ၀ိုင်းကူလုပ်ပေးမယ်။ အကိုတယောက်ဆို ပရောဂျက်ကြီးတခုလုံးကိုသူပဲလုပ်ပေးတာ။ အဲ့လိုချစ်ကြတာ။း)

အလုပ်မရခင်မှာလည်း စိတ်မလေရအောင်၊ အားမငယ်ရအောင် အားပေးခဲ့ကြတယ်။ အလုပ်ဝင်မယ်ဆိုတော့လည်း အခက်ခဲမရှိစေရအောင်၊ အားလုံးသင်ပေးတယ်။ ကိုယ်ကအခုမှအလုပ်ဆိုတာကိုစသိမှာလေ။ အကိုတို့မမတို့က ဟိုမှာထဲက အလုပ်လုပ်ဖူးတယ်။ ကိုယ်ကဟိုကကျောင်းပြီးပြီးချင်းဒီမှာကျောင်းလာတက်၊ ဒီကကျောင်းပြီးပြန်တော့ချက်ချင်းအလုပ်တန်းဝင်တော့ ဘာအတွေ့ကြုံမှရှိသေးတာမဟုတ်ဘူးလေ။ အကိုတို့ မမတို့ အားလုံးကျေးဇူးအထူးပါ။

သူမလေးဒီမှာရှိနေစဉ်တလျှောက်လုံး ကူညီပေးခဲ့တဲ့ သူမလေးရဲ့ ဦးလေးနဲ့အန်တီလေးတို့ကိုလည်း ကျေးဇူးအထူးပါ။ ပြီးတော့ ဖေဖေ၊မေမေနဲ့မောင်လေး၊ညီလေးတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ သူမလေးဒီလို တယောက်တည်းရပ်တည်နိုင်အောင် ဖေးမ မြေတောင်မြှောက်ပေးခဲ့တဲ့ ဖေကြီးနဲ့မေကြီးကို ပြောမပြတက်အောင်ကျေးဇူးတင်ပါတယ်။ ဖေနဲ့မေ့ရဲ့ သမီးဖြစ်ခွင့်ရတာကိုလည်းဂုဏ်ယူမိပါတယ်။ ပြီးတော့ သူမလေး အားတက်အောင်အမြဲ ဘေးမှာရှိနေပေးခဲ့တဲ့မောင်လေး၊ညီမလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

နောက်ဆုံးအနေနဲ့ မိုးသည်းထဲမှာကောက်တွေ့ခဲ့တဲ့ သူမလေးရဲ့အချစ်ရဆုံးတစ်ယောက်သောသူကိုလည်း ကျေးဇူးပါလို့....နောက်လာမည့်နှစ်တွေမှာလည်း ပျော်ရွှင်ခြင်းတွေ ကံကောင်းခြင်းတွေပဲပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း.....


အားလုံးအားလုံကိုကျေးဇူးအထူးတင်ပါတယ်....ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။



စိတ်

Published by သူမလေး under on 7:13 AM

လာမယ့်သောကြာနေ့ဟာ
Labour Dayနေ့ MayDayနေ့ပေါ့။ အမှန်ဆို ကိုယ်တို့ ရုံးပိတ်ရက် ၃ရက်ရမယ်။ ဒါပေမယ့်ကာ စနေနေ့ကို တစ်ပတ်ခြား ဆင်းပေးရတာမို့ ဒီတခါ စနေနေ့မှာ သူမလေး ရုံးဆင်းပေးရမယ်။ နေ့တ၀က်ထဲပါ၊ ဒါပေမယ့် တနေ့လုံးဆင်းပေးရတာနဲ့မထူးမခြားနား။ ၂နာရီရုံးဆင်းပြီးတာနဲ့ စောသေးတယ်ဆိုပြီးမြို့ ထဲမှာ သဝေထိုးနေတာနဲ့ ခါတိုင်းရုံးဆင်းချိန်မှပဲအိမ်ပြန်ရောက်တယ်။

အဲ့ဒါပြီးတော့ May ၉ရက်နေ့က Vesak Dayနေ့...စနေနေ့ အဲ့ဒီအပတ်ကျကိုယ်ကနားရမယ်။ အဲ့ဒါကြားပြီး ဖျားသွားတယ်။ ဟိုးအရင် သောကြာ၊စနေ၊တနင်္ဂနွေပိတ်ရက်ဆက်တိုက် ကိုယ်ရခဲ့တုန်းကတော့ ပျော်လို့။ ကိုယ်လုပ်ရမယ်လည်းဆိုရော.....အော်....စိတ်စိတ်စိတ်။

မနေ့က အိမ်ပြောင်းတယ်၊ သူမလေးအဒေါ်အိမ်ကိုပါ။ အဒေါ်တွေကသူတို့နဲ့လာနေစေချင်တာ၊ ဒီကိုရောက်စထဲကပဲ။ ကိုယ်ကလည်းမနေချင်ဘူး၊ ဟိုရှောင်ဒီရှောင်နဲ့။ အခုတော့မရတော့ဘူး။ :) လာမယ့် ၂၈ရက်နေ့ဆို ကိုယ်ဒီကိုရောက်တာ ၂နှစ်ပြည့်ပြီ။ ၂နှစ်အတွင်းမှာ အိမ်၎ခါပြောင်းဖူးတယ်။ ပထမဦးဆုံးဒီမြေကိုစရောက်တုန်းက နေခဲ့ရတဲ့ဝန်းကျင်မှာအခုပြန်နေရတယ်။ အဲ့ဒီတုန်းကလိုပဲအခုလည်း တခန်းထဲမှာ တယောက်တည်းနေရတယ်။ ဒီကိုစရောက်တော့ ကိုယ်က လူတက်ကြီးလုပ်ပြီး အဒေါ်တွေကို အကြောင်းမကြားထားဘူး၊ ကျောင်းကရှာပေးတဲ့ အိမ်မှာပဲနေလိုက်တယ်...အဲ့ဒီတုန်းက ကံကောင်းတယ် တစ်ယောက်တည်းနေရတာ တခန်းထဲကို ၂၅၀ပဲ အားလုံးအပြီးစီး ။ စလုံးအိမ်ပေါ့၊ သဘောကောင်းပါတယ်၊ ကလေးလေး၂ယောက်ရှိတယ်။ ကိုယ်နဲ့သိပ်တည့်တာ၊ တည့်မှာပေါ့ ကိုယ့်ဆို သူတို့က သူတို့နဲ့ရွယ်တူလိုသဘောထားတာ။ ဟဟဟ...အဲ့ဒီမှာ ၈လလောက်နေပြီး ကိုယ့်အဒေါ်ရဲ့ယောက်ခမ စလုံးအဖွားကြီးအိမ်မှာ ၈လနေတယ်။ အဲ့ဒီအိမ်မှာလည်း ရီရတယ်၊ အဖွားက အင်္ဂလိပ်စကားပြောတက်ဘူး တရုတ်လိုပဲပြောတက်တယ်။ ကိုကလည်း တရုတ်လိုကို ကွိစိကွစိလောက်ပဲပြောတက်တာ။ ၂ယောက်စလုံး ဘရုတ်ကန်းတွေကိုဖြစ်လို့။ ကိုယ့်အဒေါ်က ကိုယ့်နေပြီး ၁လောက်အကြာမှာ ထိုင်းကိုခရီးထွက်သွားတာ။ အဘွားအိမ်မှာတော့ ပိုလီတက်နေတဲ့မိန်းကလေးတယောက်နဲ့ တွဲနေရတယ်။ ကျောင်းပြီးတော့ မြန်မာပြည်၁လပြန်လိုက်သေးတယ်။ မြန်မာပြည်ကပြန်လာတော့အဖွားအိမ်မှာမနေချင်တော့ဘူး၊ အဒေါ်တွေကိုလည်းအကြောင်းမကြားချင်ဘူး အဲ့ဒီတော့ ဦးလေးကိုအိမ်ရှာခိုင်းလိုက်တယ်။ အဲ့ဒီအိမ်မှာ ၈လကျော်နေတယ်၊ တခန်းထဲကို ၃ယောက်နေရတယ်။ တလကို ၃၄၀ကျော်ပေးရတယ်၊ ကိုယ်လည်းနောက်ထပ်အိမ်ထပ်မရှာချင်တော့ ပေပြီးနေနေတာ။ အဒေါ်တွေသိတော့ ဟိုအိမ်လာနေ၊ဒီအိမ်လာနေဖြစ်ကုန်ရော။ အစက အမျိုးမျိုးဝေ့လည်ကြောင်ပတ်လုပ်သေးတယ်.......နောက်ဆုံးတော့လည်း..........။

အိမ်ပြောင်းတော့ သူငယ်ချင်းအကိုအမတွေလာပြောင်းပေးတယ်၊ အန်တီလေးတို့က အိမ်မှာစောင့်နေတာ၊ အဒေါ်တွေအကုန်ပဲ။ သူတို့ကပျော်နေတာ.. သူမလေးပြောင်းလာတဲ့အထိန်းအမှတ်နဲ့ ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေး၊ ရွှေရင်အေး၊ ရှမ်းတိုဟူးသုတ်တောင်လုပ်ကျွေးသေး....ဟေဟေ။

ညနေ အကိုအမတွေကို MRTလိုက်ပို့ပြီး၊ ဦးလေးကလာမယ်ဆိုလို့ စောင့်နေလိုက်တယ်။ မွေးနေ့အကြိုဦးလေးကို Swensen's မှာထမင်းလိုက်ကျွေးတယ်။ ဦးလေးက Chicken Bake Riceစားတယ်၊ ကိုယ်က Chilli Fish Pastaစားတယ်၊ အချိုပွဲကတော့ Banana Splitစားတယ်။

Chilli Fish Pasta
Banana Split

ဦးလေးစားတာတော့မရိုက်လိုက်တော့ဘူး။ ဟိဟိ

အားလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေရှင်။

အချိန်မနှောင်းပါစေနှင့်....

Published by သူမလေး under on 9:11 PM
ကျွန်မတို့ရဲ့ ပျော်ရွှင်မှုတွေ၊နွေးထွေးတဲ့ အချစ်တွေကိုရုတ်ချည်းပျောက်ဆုံးအောင်လုပ်လိုက်တဲ့အဓိကတရားခံက ဘယ်သူလည်း။ မောင်လား၊ မောင့်မေမေလား၊ မောင့်မေမေကို ကျွန်မတို့နဲ့အတူလာနေဖို့လိုလိုလားလားရှိခဲ့တဲ့ ကျွန်မကိုယ်တိုင်ပဲလားဆိုတာ....ကျွန်မဘယ်လိုမှစဉ်းစားလို့မရဘူးဖြစ်နေတယ်။

ပြသနာတွေကတော့မောင့်မေမေရောက်လာပြီးတဲ့နောက်ပိုင်း တခုပြီးတခု ဆက်တိုက်ဖြစ်တော့တာပါပဲ။ကျွန်မ လို မိဘမရှိတော့တဲ့ မိန်းကလေးတယောက်အတွက် မောင့်မေမေဟာ ကျွန်မမေမေဆိုလည်းမမှားပါဘူး။အဲ့ဒီ အတွက် မောင့်မေမေကိုကျွန်မတို့နဲ့အတူလာနေစေဖို့ကျွန်မကိုယ်တိုင် တိုက်တွန်းခဲ့တာပါ။ မေမေရောက်လာရင် နေဖို့ အခန်းကအစ ကျွန်မကိုယ်တိုင်ပြင်ပေးခဲ့တယ်။ လူကြီးဆိုတော့ သစ်ပင်ပန်းမံစိုက်တာဝါသနာပါနိုင်တယ်၊ နံနက်ခင်းရဲ့ နေခြည်နွေးနွေးလေးမှာနေပူစာလှုံနိုင်အောင် အိမ်ရဲ့ တောင်ဖတ်အစွန် ၀ရံတာပါတဲ့အခန်းလေးကို ရွေးပြီးစိတ်ကြိုက်ပြင်ပေးခဲ့တယ်။အိပ်ခန်းပြင်နေတဲ့ကျွန်မနားကိုရုတ်တရက် မောင်ရောက်လာပြီး အံ့သြတဲ့အကြည့်နဲ့ကျွန်မကိုကြည့်တယ်။ ပြီးတော့ ကျွန်မကိုပွေ့ပြီးမွှေ့ရမ်းလိုက်တာကျွန်မမှာကြောက်လွန်းလို့ အောက်ကို မြန်မြန်ချခိုင်းရတယ်။ မောင်က ကျေးဇူးတင်စကားဆိုပြီး ကျွန်မကိုအရမ်းချစ်တယ်လို့ပြောတယ်။ အဲ့လိုပါပဲလေ အရပ်မြင့်မြင့် ရင်အုပ်ကျယ်ကျယ်နဲ့မောင်ဟာ ကျွန်မရဲ့ကိုယ်လုံးသေးသေးလေးအတွက် အားကိုးမှီခိုစရာ အနွေးထွေးဆုံး နေရာလေးတခုပေါ့။ တခါတလေ မောင်အဲ့လို ပွေ့ချီမွှေ့ရမ်းလိုက်ရင်လည်းကျွန်မမှာရင်တုန်ပြီး အရမ်းပျော်နေမိတယ်။ အဲ့လို ထိတ်လန့်မှုမျိုးကို ကျွန်မနှစ်သက်စွဲလမ်းနေမိတယ်။....အော်မောင်ရေ မေမေရောက်လာတော့မယ်သွားကြိုဖို့လုပ်တော့နော်.... မေမေရောက်လာတော့မယ့်အချိန်နီးပြီမို့ကျွန်မသတိပေးလိုက်ရတယ်။

မေမေဟာ ရောက်ရောက်ချင်းမှာ တောကအကျင့်တွေကိုမဖျောက်နိုင်ဘူး။ ပန်းကြိုက်တဲ့ကျွန်မက မနက်ဆိုပန်းတွေအများကြီးဝယ်ပြီးဧည့်ခန်းမှာအလှထိုးရင် ဖြုန်းတယ်ဆိုပြီး အပြစ်ပြောတယ်။ ဒီလောက်အများကြီးဝယ်တော့ အပိုကုန်တာပေါ့လို့လည်းပြောတယ်။ ကျွန်မက ရီပြီး...မေမေကလည်း သမီးက ဖြုန်းတာမဟုတ်ပါဘူး ပန်းလှလှလေးတွေကို ဒီလိုလေးလုပ်ထားတော့ မြင်ရတဲ့လူအဖို့လည်းစိတ်ချမ်းသာတယ်လေ မေမေရဲ့..အဲ့၏ဒါကြောင့်ပါ။...ဆိုတော့ မောင်က အဲ့ဒါမြို့သားတွေစတိုင်ပဲမေမေရ ...ဆိုပြီး ပြုံဖြီးဖြီးနဲ့ပြောပါတယ်။ တခါတလေ ဈေးကပြန်လာရင်လည်း ဟိုဟာက ဘယ်လောက်လည်းဒီဟာကဘယ်လောက်လည်းဆိုပြီးမေးသေးတယ်။ကျွန်မက အမှန်အတိုင်းပြောပြန်ရင်လည်း ...ကျွတ်ကျွတ်ကျွတ်ဆိုစုတ်သက်လို့မပြီးတော့ဘူး။ မောင်က ကျွန်မနှာခေါင်းလေးကိုလိမ်ဆွဲပြီး ....ဘာလို့ အမှန်အတိုင်းပြောရတာလည်းငတုံးမလေးရဲ့...လိမ်ပြောလိုက်ပေါ့ကွာတဲ့။ ကျွန်မ ရီပဲနေလိုက်တယ်။ မေမေ့ရဲ့ စုတ်သက်သံတွေကတော့ဈေးကပြန်လာတိုင်းကြားနေကျပါပဲလေ။မောင့်မေမေမကျေနပ်တဲ့အဆိုးဆုံးအချက်က တော့ မောင် မနက်စာထပြင်တာကိုပါပဲ။ကျွန်မအလုပ်ကအကနည်းပြပါ။ အဲ့ဒီတော့ တနေကုန်မနားတမ်းလှုတ်ရှားထားတာမို့မနက်ဆို စောင်နွေးနွေးကနေမခွာချင်ဘူး။ မောင်ကကျွန်မကိုချစ်တော့ မနက်စာကိုသူပဲထထပြင်တာများတယ်။အဲ့ဒါကိုမောင့်မေမေကအိမ်ထောင်မှုမနိုင်တဲ့မိန်းမတယောက်အဖြစ် ကျွန်မကိုကြည့်တယ်။နောက်ပိုင်းသူ့သားလုပ်နေရတာကိုမကျေနပ်တော့သူကိုယ်တိုင်မနက်စာပြင်တဲ့အလုပ်ကို တာဝန်ယူလိုက်ပါတယ်။ တခါတလေ ကျွန်မမီးဖိုဝင်ရင်ဝင်ကူတက်ပါတယ်။ ဒါပေမယ့် မေမေကူတာက ကျွန်မကိုတာဝန်ပိုများစေပါတယ်။

ပန်ကန်တွေဆေးရင်လည်းဆပ်ပြာကိုချွေတာတဲ့အနေနဲ့နည်းနည်းလေးသုံးတယ်။ အဲ့ဒီတော့ ပန်ကန်တွေကမပြောင်စင်တော့ဘူး။ ပလက်စတစ်အိပ်တွေကိုလည်း ပြန်ရောင်းဖို့ဆိုပြီးစုလို့စုရဲ့။ တအိမ်လုံးလည်း ပလက်စတစ်အိပ်တွေလည်းပြည့်လို့။ တနေ့ပေါ့ ညကြီး မေမေဆေးထားတဲ့ပန်ကန်တွေမပြောင်လို့ကျွန်မခိုးဆေးနေတုန်း မေမေတွေ့သွားတယ်။ အခန်းတခါးကိုဂျိမ်းဆိုအကျယ်ကြီးပိတ်ပြီး အော်ငိုနေတာ...။အားလုံးဆေးကြောပြီးအခန်းထဲဝင်တော့ မောင်ကနောက်ဝင်လိုက်လာတယ်။ပြီးတော့အံကြိတ်ပြီးမသန့်ရှင်းတဲ့ပန်ကန်တွေနဲ့စားလို့မသေသွားနိုင်ပါဘူးကွာ
တဲ့။ အော်...ကျွန်မလုပ်ရပ်တွေက မှားနေတာလား..မောင်ရယ်။

မောင့်မေမေ မနက်စာပြင်တဲ့တာဝန်ကိုယူပြီးတဲ့နောက်ပိုင်း....မေမေဟာ သူ့သားစားနေတာကျတော့ ၀မ်းသာတဲ့မျက်ဝန်းနဲ့ကြည့်တယ်၊ကျွန်မကိုကျတာဝန်မကျေတဲ့မိန်းမဆိုတဲ့အကြည့်အေးဆက်ဆက်ကြီးနဲ့ကြည့် တယ်။ကျွန်မအဲ့ဒီအကြည့်တွေကိုရင်မဆိုင်နိုင်တော့တဲ့အတွက်မနက်စာကိုအပြင်မှာဖြစ်သလိုဖြေရှင်းလိုက်ရတာ
များတယ်။တရက်ပေါ့...ညအိပ်ယာဝင်ချိန်မှာမောင်ကကျွန်မကိုကျေးဇူးပြုပြီးမနက်စာကိုအိမ်မှာပဲစားပေးပါလို့ပြောလာတယ်။ မောင့်ကိုချစ်တဲ့စိတ်ကြောင့်ကျွန်မ အတက်နိုင်ဆုံးအားတင်းပြီး မေမေပြင်ပေးတဲ့မနက်စာကိုဝင်စားလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်မဗိုက်ထဲမှာ ဘယ်လိုဖြစ်တာလည်း မသိပါဘူး။ တခုခုနဲ့ထောက်ထားသလိုခံစားလိုက်ရတယ်။ ကျွန်မ အစာတွေပြန်ထွက်မလာအောင် မနည်းတင်းထားရတယ်။ နောက်ဆုံးဘယ်လိုမှဆက်ထိန်းလို့မရတဲ့အဆုံးပန်ကန်ကိုစားပွဲပေါ်တင်ပြီးသန့်စင်ခန်းရှိရာကိုအပြေးသွားလိုက်
တယ်။ သန့်စင်ခန်းထဲရောက်ရောက်ချင်းကျွန်မထိုးအန်တော့တာပဲ။ကျွန်မအသက်ကို၀၀ရှူသွင်းပြီး နောက်ကိုအလှည့်ခါးထောက်ပြီးဒေါသတကြီးကြည့်နေတဲ့မောင့်ကိုတွေ့လိုက်ရတယ်။....မင်းကွာခဏလေးတောင်
ဟန်မဆောင်နိုင်ဘူးလားတဲ့....သွားပြီ။ ကျွန်မလုပ်ချင်လို့လုပ်လိုက်တာမဟုတ်ပါဘူးမောင်ရယ်။ မောင့်မေမေလေ...ငိုပြီးပြေးထွက်သွားတယ်။ ခဏနေတော့ မောင်က မေမေ့နောက်လိုက်သွားတယ်။

ကျွန်မဘယ်လိုရှင်းပြရမှာလည်းမောင်ရယ်။ ကျွန်မတနေကုန်နေရတာကြည်ကြည်လင်လင်မရှိဘူး။ ဘာမှလည်းစားလို့မ၀င်ဘူး။ လုပ်ဖော်တွေက ကျွန်မကို ဆေးသွားစစ်ကျဖို့တိုက်တွန်းတယ်။ နောက်ဆုံးတော့ကျွန်မဆေးသွားစစ်ဖြစ်တယ်...ကျွန်မ၀မ်းသာဝမ်းနည်းဖြစ်မိတယ်။ကျွန်မဘာကြောင့်အန်တယ်
ဆိုတာ မောင်ရော၊ အတွေ့အကြုံရှိတဲ့မောင့်မေမေရော ဘာကြောင့်မသိရတာလည်း။ကျွန်မ အားငယ်စွာနဲ့ပဲဆေးရုံထဲကထွက်လာခဲ့တယ်။ ဆေးရုံအပြင်မှာလေ မောင့်ကိုကျွန်မတွေ့ရလိုက်တယ်၊မတွေ့ရတဲ့ ၃ရက်လောက်အတွင်းမှာမောင်တော်တော်ပိန်ကျသွားတာပါလား။ ကျွန်မခေါ်ဖို့ပြင်လိုက်တဲ့အချိန်မှာ မောင်ကကျွန်မကိုတွေ့သွားတယ်။ အေးဆက်ဆက်အကြည့်တချက်ကြည့်ပြီး မောင်လှည့်ထွက်သွားခဲ့တယ်။ ကျွန်မ၀မ်းနည်းလိုက်တာ....စိတ်ကဘယ်လိုမှထိန်းထားလို့မရတော့ဘူး။တွေ့ရာtaxiတစ်စီးကိုတားပြီးတက်လိုက်
တယ်။မတက်ခင်မောင့်ကိုလှည့်ပြီးကျွန်မမှာမောင့်ရင်သွေးလေးလွယ်ထားရပြီဆိုတာကိုအော်ပြောလိုက်ချင်ပေ
မယ့်တကယ်တမ်းတော့ကျွန်မမလုပ်နိုင်ခဲ့ဘူး။တလမ်းလုံးကျွန်မငိုလာမိတယ်။အိမ်ရောက်တော့ကျွန်မဘာမှလည်း
မစားချင်ဘူး အိပ်ယာထဲပဲဝင်ခွေနေခဲ့တယ်။ ကျွန်မအရမ်းအားငယ်တာပဲ....အကျယ်ကြီးအော်ငိုလိုက်ချင်တယ်။ မောင့်ရင်ခွင်ကျယ်ကြီးထဲမှာတိုးဝင်ပြီးငိုပစ်လိုက်ချင်တယ်...ဒါပေမယ့်တကယ်တမ်းတော့ကျွန်မအိပ်ယာခင်းစကို
စွဲကိုင်ပြီးငိုနေခဲ့မိတယ်။

ရုတ်တရက်တခါးဖွင့်သံကြားလို့ကြည့်လိုက်တော့မောင်ရယ်လေ...သူ့ရဲ့ပိုက်ဆံတွေနဲ့ဘဏ်စာအုပ်တွေကိုယူပြီး
ကျွန်မကိုအကြည့်စိမ်းစိမ်းတချက်ကြည့်ပြီးထွက်သွားတယ်။အော်...မောင်ရယ်မောင်ကအချစ်နဲ့ငွေကိုလဲတော့မှာ
ပေါ့...။နောက်နေ့ကျွန်မမောင်နဲ့သေချာဆွေးနွေးဖို့ဆုံးဖြတ်လိုက်ပြီးမောင့်ရုံးခန်းရှိတဲ့နေရာကိုကျွန်မလိုက်သွားတယ်။ ရုံးရောက်တော့မောင်ကမောင့်မေမေကားတိုက်မှုဖြစ်လို့ဆေးရုံလိုက်သွားတယ်ဆိုလို့ကျွန်မဆေးရုံကိုလိုက်သွားမ
ိတယ်။

ကျွန်မနောက်မှသိလိုက်ရတာကကျွန်မတို့ပြသနာဖြစ်တဲ့နေ့ကမေမေဟာရွာကိုပြန်ဖို့ကားဂိတ်ကိုအသွားလမ်းအ
ကူးမှာအဖက်ကမောင်းလားတဲ့ကားက အရှိန်မထိန်းနိုင်ပဲမေမေ့ကိုတိုက်လိုက်မိတာတဲ့။မောင်အမှီသွားပေမယ့် မမှီလိုက်တော့ဘူးတဲ့။ အော်မေမေရယ် ကျွန်မရင်သွေးလေးရောက်လာဖို့မေမေကထွက်ပေးသွားရတာလား။ ကျွန်မဘယ်လိုဖြေရှင်းရတော့မှာလည်း။

မောင်ဟာမေမေ့နာရေးကိစတလျှောက်လုံးကျွန်မကိုစကားမပြောဘူး။ နာရေးပြီးသွားတော့လည်း မောင်စာ မေမေ့အခန်းမှာပဲသွားအိပ်တယ်။အိမ်ပြန်ချိန်လည်းနောက်ကျတယ်၊ပြန်လာရင်လည်းတကိုယ်လုံးအရက်နံ့မွှံနေခဲ့တယ်။ တနေ့ပေါ့...ကျွန်မအလုပ်ကအပြန်စားသားဆိုင်တခုမှာမောင့်ကိုတွေ့လိုက်တယ်။မောင်နဲ့မျက်နှာချင်းဆိုင်မှာ
လည်းကောင်မလေးတယောက်ရှိတယ်။ မောင်ဟာကောင်မလေးရဲ့ဆံပင်လေးကိုပွတ်သပ်ပေးနေတယ်။ ကျွန်မဘယ်လိုမှဟန်မဆောင်နိုင်ဘူး၊ကားဆရာကိုခဏရပ်ခိုင်းပြီးမောင်တို့စားပွဲရှိတဲ့နေရာကိုကျွန်မသွားလိုက်မ
ိတယ်။ မောင်တို့စားပွဲဘေးကျွန်မရပ်မိချိန်မှာ ကျွန်မမျက်ဝန်းထဲကမျက်ရည်ကျမလာခဲ့ပါဘူး။ ကျွန်မဟာမောင်တို့ကိုစိုက်ကြည့်နေလိုက်တယ်။မောင့်ကိုတလှည့်ကျွန်မကိုတလှည့်ကြည့်ပြီးမောင့်ကောင်မလေး
ကထွက်သွားမလို့အလုပ်မောင်က ကောင်မလေးလက်ကိုလှမ်းဆွဲပြီးကျွန်မကိုစိမ်းစိမ်းကားကားကြည့်တယ်။ မောင်ရယ်....ကျွန်မအဲ့ဒီမောင့်ရဲ့အကြည့်ကို စိတ်နာသွားတယ်။ မောင့်ကိုရောပေါ့။

နောက်ပိုင်းကျွန်မလည်းမောင့်ကိုဖြေရှင်းဖို့မကြိုးစားတော့ဘူး။သူ့ဟာသူနေချင်သလိုနေ...ကိုယ်လည်းနေတက်သ
လိုနေလိုက်တယ်။ ဆေးခန်းလည်း ကိုယ့်ဟာကိုတယောက်တည်းပဲဖြေရှင်းလိုက်တယ်။ သူငယ်ချင်းတွေက ကိုယ်ဝန်ကိုဖြတ်ချဖို့အကြံပေးပေမယ့်ကျွန်မမလုပ်ရက်ခဲ့ဘူး။ကျွန်မရဲ့ရင်သွေးလေးဟာမောင့်မေမေအတွက်အ
ရော်ဖြစ်ဖြစ်ပေါ့။

မောင်ဟာအိမ်ကိုပြန်လာချင်မှပြန်လာတယ်၊တခါတလေလည်းအခန်းထဲမှာမောင်ဟာသူ့ပစည်းတွေဝင်ယူထား
သလားမသိဘူး။ တခန်းလုံးရှုတ်ပွလို့နေခဲ့တယ်။ တနေ့ပေါ့ ကျွန်မအလုပ်ကပြန်အလာ မောင်က ဧည့်ခန်းမှာ စာရွက်တရွက်ရှေ့ချပြီးမင်းကိုပြောစရာရှိတယ်တဲ့။ကျွန်မသိလိုက်ပါတယ်...မေမေသေသွားပြီးနောက်ပိုင်းမောင့်
ဆီကပထမဦးဆုံးကြားလိုက်တဲ့စကားတခွန်းပေါ့။ကျွန်မစိတ်တွေသွေးအေးနေခဲ့တယ်...အေးအေးဆေးဆေးပဲ
ကျွန်မဦးထုပ်ကိုချွတ်တယ်၊အပေါ်ဝတ်အကျီကိုချွတ်ပြီးခုံပေါ်အတင်မှာကျွန်မရဲ့သိသာနေပြီဖြစ်တဲ့ဗိုက်လေးကို
ကြည့်ပြီ....ရီ မင်းမှာကိုယ်ဝန်ရှိနေပြီဟုတ်လား.... ကျွန်မဘာမှပြန်မပြောခဲ့ပါဘူး။ မောင်လိုချင်တဲ့ လက်မှတ်ကို စာရွက်ပေါ်မှာထိုးပေးပြီးမောင်သွားလို့ရပါပြီ။မောင့်စိတ်ကြိုက်လုပ်နိုင်ပါပြီ...ကိုယ်ဝန်အတွက်မောင်ဘာမှမပူပါနဲ့
ကျွန်မအားလုံးလုပ်နိုင်ပါတယ်လို့ပြောပြီးအခန်းထဲဝင်ခဲ့တယ်။

နောက်ပိုင်းမောင်ဟာ သူ့ရဲ့ရင်သွေးလေးဆိုတဲ့စိတ်နဲ့ပြောင်းလည်းလာတယ်။ နေ့တိုင်း အားရှိမယ့် အစာတွေ၊ ဆေးတွေ ကလေးအတွက်အသုံးအဆောင်တွေဝယ်လာတယ်။ ဒါပေမယ့်လေ ကျွန်မစိတ်တွေမလှုတ်ရှားနေခဲ့တော့ဘူး။စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့မောင့်အကြည့်တချက်နဲ့တင် ကျွန်မခံစားချက်တွေသေသွားခဲ့တာပါ။ညညဆိုမောင့်အခန်းထဲကနေညည်းသံသဲ့သဲ့ကြားရတယ်။ဒါဟာလည်း
မောင့်အကျင့်ပါပဲ...ကျွန်စိတ်ဆိုးနေပြီဆို ဖျားဟန်ဆောင်ပြီးညည်းပြတက်တာလေ။ ကျွန်မကတော့ တကယ်ထင်ပြီးစိတ်ပူနေရင်မောင်ကတဟားဟားအော်ရီပြီးကျွန်မကိုစတော့တာပဲ။...မရတော့ဘူးမောင်ရေ....အဲ့ဒါတွေကအရင်က အခုတော့ကျွန်မရှင့်ကိုစိုးရိမ်စိတ်နည်းနည်းမှမရှိနေတော့ပါဘူး။မောင့်ရဲ့ညည်းသံတွေဟာနောက်ပိုင်းပိုပြီးစိတ်လာခဲ့တယ်။ နောက်ပိုင်းမောင်ဟာ ညညဆိုကွန်ပျူတာတလုံးနဲ့ အလုပ်ရှုတ်နေတက်တယ်။

တညပေါ့ ကျွန်မဗိုက်အရမ်းနာလာတယ်၊ ကျွန်မအော်သံကြားတော့မောင်ဟာ ဒီအသံကိုစောင့်နေတဲ့အလား လေအဟုန်နဲ့ကျွန်မနားကိုအမြန်ရောက်လာခဲ့တယ်။မောင်ဟာကျွန်မကိုပွေ့ချီကားငှားပြီးဆေးရုံကိုအမြန်ပို့ပါတယ်။ ဆေးရုံရောက်တော့မောင်ဟာကျွန်မကိုပွေ့ချီပြီးသားဖွားဆောင်ကိုပို့တယ်။မောင့်ရဲ့ကျောပြင်လေးကိုမှီရင်းမောင့်
လောက်ကျွန်မအပေါ်ချစ်နိုင်တာဘယ်သူရှိအုံးမလည်းလို့ကျွန်မတွေးမိတယ်။သားဖွားလှည်းပေါ်တက်သွားတဲ့
ကျွန်မကိုစိုးရိမ်တကြီးကြည့်နေတဲ့မောင့်ကို ကျွန်မအားတင်းပြီးပြုံးပြလိုက်မိတယ်။

သားလေးနဲ့ကျမကိုကြည့်ပြီးမောင်ပီတိတွေဝေနေခဲ့တယ်။ ရုတ်တရက်မောင်ဟာ ပျော့ခွေလဲကျသွားခဲ့တယ်။ ကျမလေစိုးရိမ်တကြီးဆရာဝန်တွေအော်ခေါ်မိတယ်။ ဆရာဝန်ကြီးကမောင့်မှာအသဲကင်ဆာရှိနေတယ်တဲ့။ မောင့်ရဲ့အသဲကင်ဆာဟာနောက်ဆုံးအချိန်ကိုရောက်နေပြီးတဲ့။ဟိုးလွန်ခဲ့တဲ့၅လထဲကမောင့်အခြေနေဟာတော်
တော်ဆိုးနေတာတဲ့။ အိုးကျွန်မလေရုတ်တရက်ဆွံအသွားသလိုခံစားလိုက်ရတယ်။ ဒါဆို ညညမောင့်ဆီကညည်းသံတွေဟာတကယ်ပေါ့။ကျွန်မအိမ်ကိုအပြေးသွားပြီးမောင့်အခန်းထဲကကွန်ပျူတာကိုဖွင့်
ကြည့်မိတယ်။မောင်လေ....သားအတွက်စာတွေအများကြီးရေးထားခဲ့တယ်။သားကိုသူဘယ်လောက်ချစ်ကြောင်း၊ ဒါကြောင့်သားလေးမွေးပြီးမှသေမယ်ဆိုပြီးစိတ်ကိုတင်းထားခဲ့ကြောင်း၊ သားလေး ဘယ်အရွယ်မှာ ဘာလုပ်ဖို့...အို....စုံလို့ပါပဲ။ကျွန်မကိုလည်းသားလေးဘယ်အသက်အရွယ်မှာဘယ်ဗူးလေးပေးပေးပါ...ရက်ဆွဲနဲ့ခု
နှစ်တွေထည့်ဖို့မမေ့ပါနဲ့လို့လည်းမှာထားသေးရဲ့။မောင်ရယ်...ကျွန်မဆေးရုံကိုအပြေးပြန်သွားပြီးသားလေးကိုသူ့
အဖေရဲ့ရင်ငွေ့လေးကိုမှတ်မိအောင် မောင့်ကိုယ်ပေါ်တင်ပေးပြီး မောင်ရေ သားလေးကိုတချက်လောက်ပြုံးပြပေးပါလို့ပြောတော့...မောင်ဟာ အားတင်းပြီးသားသားကိုပြုံးပြရှာတယ်။ ကျွန်မလေမျက်ရည်တွေကြားထဲကသားလေးနဲ့သူ့အဖေကိုအမှတ်တရဖြစ်အောင်ကင်မရာခလုတ်ကိုအမြန်နှိပ်
လိုက်တယ်။

ကျွန်မကြည့်လိုက်တဲ့အချိန်မှာမောင်ဟာ အသက်ရှိမနေခဲ့တော့ပါဘူး။ မောင်ရေ....မောင်.........................


ဇာတ်လမ်းလေးကတော့ ဒါပါပဲရှင်...ဒါကြောင့်ဘ၀ဆိုတာခဏလေးပါ၊ ဒီခဏတာလေးအတွင်းမှာ ပျော်ရွှင်မှုကိုပဲရှာယူပါ။ပြသနာတွေကိုအကြာကြီးမမွေးထားပါနဲ့။ကြီးသောအမှုကိုငယ်အောင်၊ငယ်သောအမှုကိုပပြောက်အောင်ပဲကြိုးစားပါ။ အထင်လွဲမှုတွေမများကြပါနဲ့၊ ရှိလာပြီဆိုလည်း ဖြေရှင်းနိုင်အောင်ကြိုးစားပါ။ မာန်မာနမထားပါနဲ့၊ ရှိသင့်တာထက်ကျော်ရင်ဘယ်အရာမှမကောင်းပါဘူးရှင်။ အားလုံးပျော်ရွှင်နိုင်ကျပါစေရှင်။ ချစ်သူတိုင်း ချစ်နိုင်ကျပါစေရှင်။

ဇာတ်လမ်းဖြစ်တည်မှု.....

တနေ့ကသူမလေးသူငယ်ချင်းပြောပြတဲ့ ဇာတ်လမ်းတိုလေးကိုအရမ်းကြိုက်လွန်းလို့ရေးမှတ်ထားချင်တာရယ်၊ သူငယ်ချင်းတွေကိုလည်းပြန်မျှချင်တာကြောင့်ဒီနေ့မနက်စောစောရုံးရောက်ရောက်ချင်းဘာအလုပ်မှမလုပ်သေး
ပဲပို့စ်လေးတင်နိုင်ဖို့ပဲတချောက်ချောက်ရိုက်နေမိတယ်။ဟီဟီ...သူဌေးသိလို့ကတော့ရိုက်ပေါက်နော်...မတက်နိုင်
ဘူးလေ....လုပ်ချင်ပြီဆိုချက်ချင်းလုပ်လိုက်ရမှကျေနပ်တာအကျင့်မို့တခေါက်တလေတော့ခွင့်လွှတ်ပေးပါ။
....ဒီဇာတ်လမ်းလေးကို သူမလေးသူငယ်ချင်းပြောပြမှကြားဖူးတာပါ။ အကယ်ရ်ျ...တနေရာရာမှာ ရေးထားတာရှိရင်ပုံတူရေးမိတဲ့အတွက်ကြိုတောင်းပန်ပါရစေရှင်။သူငယ်ချင်းပြောပြတာကိုသူမလေးမှတ်မိသ
လောက်ပြန်ရေးတာဖြစ်တဲ့အတွက်အမှားပါကောင်းပါနိုင်ပါတယ်၊စာတွေကအများကြီးရိုက်ရတဲ့အတွက်စာလုံး
ပေါင်းမှားခဲ့ရင်ခွင့်လွှတ်ပေးကြပါရှင်.....

သူမလေးနှင့် သင်္ကြန်

Published by သူမလေး under on 3:20 AM




မင်္ဂလာပါရှင်....နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ပျော်ရွှင်ချင်းမြေ့ကြပါစေရှင်။ အခုချိန်မှာ သူမလေး ထိုင်ရမလိုထရမလိုနဲ့လူကဘယ်လိုကြီးမှန်းကိုမသိဘူး။ လူလည်းအတော်ပင်ပန်းနေတယ်၊ ၁၂ရက်နေ့က သင်္ကြန်လည်လိုက်တာ ဘာဖြစ်လာမှန်းကိုမသိပါဘူး။ လည်တယ်ဆိုပေမယ့် ဘယ်မှသိပ်မရောက်ဖြစ်ပါဘူး၊ မိုးမိလို့ထင်တယ် လူကအရမ်းနဲ့ပင်ပန်းနေတယ်။ သင်္ကြန်ပွဲလုပ်တဲ့ကွင်းထဲတော့မရောက်ဖြစ်ဘူး၊ အပြင်ကနေကြည့်တာကိုတော်တော်စိတ်ပျက်တာနဲ့ ပြန်လာခဲ့တယ်။ အကိုတွေက မ၀င်ခိုင်းတာလည်းပါတာပေါ့။ မိုးကလည်းရွာ၊ ရေတွေကလည်းဆော့ထားပြန်တော့ အ၀င်ဝမှာတင် ရွံ့တွေကကြိုနေတယ်။ အင်း ဘာလိုလိုနဲ့ ဒီကိုရောက်တာ၂နှစ်တောင်ပြည့်တော့မှာပါလား။ လွမ်းတယ် မေမေရေ၊ ပြန်ချင်တာ အရမ်းပဲ အိမ်ကို တချိန်လုံးဖုန်းဆက်နေတာ။ အခုဆိုအိမ်မှာလူစုံနေတယ်၊ ညီမလေးတွေလည်းရောက်နေတယ်၊ ဦးလေးတွေ၊အဒေါ်တွေရောရောက်နေတော့ ပျော်စရာကြီးနေမှာ။ သူမလေးတစ်ယောက်ပဲ မပါတယ်၊ဆိုးလိုက်တဲ့အဖြစ်။

သူမလေး သင်္ကြန်ကိုမချစ်ပါဘူး၊ သင်္ကြန်ခရေဇီတယောက်လည်းမဟုတ်ဘူး။ ဟိုမှာနေတုန်းကလည်းတခါမှမလည်ဖူးဘူး၊သင်္ကြန်ရောက်ရင်မေမေတို့နဲ့လိုက်ပြီးတရားစခန်းဝင်ပါတယ်။ တရားစခန်းဝင်တယ်ဆိုလို့ အထင်မကြီးလိုက်ကျပါနဲ့...ဟီ။ နာမည်ခံယောဂီပါ၊ သင်္ကြန်နားနီးရင် အိမ်နားက အဖွားတွေကို မေမေက ကုသိုလ်လုပ်တဲ့အနေနဲ့ ပြင်ဦးလွင်မှာ ၇ရက်စခန်း လုပ်ပေးပါတယ်။ မေမေတို့အဖွားတို့လည်းသွားတော့ သူမလေးတို့ညီအမတွေပါ လိုက်ပြီးရှုတ်ကျတာပေါ့။ မေမေဘယ်သွားသွားတကောက်ကောက်လိုက်တက်တာ အကျင့်မို့တရားစခန်းဝင်တာတောင်လိုက်ရှုတ်ကျတာပါ။ ပျော်တော့ပျော်စရာကြီး မောင်နှမတတွေတပြုံကြီး၊ အဒေါ်တွေလည်း မလည်ရဘူး သူမလေးတို့ကို ထိန်းဖို့လိုက်လာရတယ်။ သင်္ကြန်အကြိုနေ့မရောက်ခင်တရက် အလိုမှာ ပြင်ဦးလွင်ကိုသွားကျတယ်။ အဖွားတွေကကားတစီး၊ သူမလေးတို့ကလေးတွေကကားတစီးသက်သက်စီသွားကျတယ်။ မဟုတ်ရင် အဖွားတွေမျက်စေ့နောက်မှာဆိုးလို့တဲ့ မေမေက သူ့သမီးတွေအကြောင်းသူသိတယ်...ဟီ။ သူမလေးတို့ကားပေါ်မှာ ရေသေနပ်၊ ရေဖလား အစုံပါတယ်။ လမ်းမှာတွေ့တဲ့လူတွေကို လိုက်ပတ်တာပါ။ ပျော်ဖို့အရမ်းကောင်းတယ်။ အဲ့ထဲမှာ သူမလေးက ကလေးဗိုလ်ပေါ့။ တကားလုံးဆူညံနေတာပဲ....သီချင်းသံတွေရော လူသံတွေရော ဘာတွေမှန်းကိုမသိဘူး။ တော်သေးတာနော် တရားစခန်းသွားလို့....မဟုတ်ရင်တော့မလွယ်ဘူး။ ဘုန်းကြီးကျောင်းမှာလည်း သူမလေးတို့ ပဲရှိတာလေ၊ မြို့ ထဲက ဖွားဖွားသူငယ်ချင်းနည်းနည်းတော့တရားစခန်းလာဝင်ကျတယ်။ ဒါပေမယ့် သူမလေးတို့အကြောင်းသိနေတော့ ဘာမှမပြောပါဘူး။ ဘုန်းဘုန်းကလည်း ကလေးတွေဆိုပြီးလွှတ်ပေးထားတယ်။ သူမလေးကလည်း ကလေးတွေနဲ့ရောပြီးကလေးလုပ်နေတာ ညနေဆိုလည်းထမင်းစားတာပဲ။ တရားချိန်တနေ့မှာ ၇ချိန်ရှိတာကို၃ချိန်ပဲဝင်ပါတယ်။ ဒါတောင်မေမေက မ၀င်မနေရအမိန့်ထုတ်ထားလို့ ၀င်ရတာပါ။ မနက်အစောကြီးအချိန်ကျလည်းမထနိုင်လို့၊ နေ့လည်ဆွမ်းစားပြီးအချိန်ကျလည်း ထမင်းစားပြီးစ အိပ်ငိုက်မှာဆိုးလို့နဲ့အမျိုးမျိုးလှည့်ပတ်ဂျီကျနေတာပါ။လူကြီးတွေလစ်ရင်လစ်သလို ထီးလှိုင်တို့ ဒီဇင်ဘာတို့မှာ လည်းမုန့်သွားသွားစားကျပါသေးတယ်။ တော်တော်ဆိုးတဲ့ကလေးတွေနော်။ သင်္ကြန်နောက်ဆုံးနေ့ဆိုသူမလေးတို့ညီအမတွေအမြဲငိုရတက်ပါတယ်။ အဲ့ဒါ ၁နှစ်ထဲမဟုတ်ဘူး။ နှစ်တိုင်းပဲ.... တခုမဟုတ်တခုဖြစ်ပြီးငိုရတာပါ။ မနှစ်သင်္ကြန်တုန်းက သူမလေးက ၁၈ရက်နေ့မှာ စာမေးပွဲရှိတော့ နောက်ဆုံးနေ့တနေ့လုံးစာအုပ်ပုံကြားထဲမှာ အိပ်ငိုက်နေရတယ်...အဲ ဟုတ်ပါဘူး တနေကုန်စာတွေကျက်နေရတာကိုပြောတာပါ။ ဟီ...နောက်နေ့စာမေးပွဲဖြေပြီးဖုန်းဆက်ကြည့်တော့ ကိုယ်က ဘာမှမမေးရဘူး ညီမလေးတွေက မမ မနေ့ကအိုကေလားတဲ့၊ သမီးတို့တော့မအိုကေဘူး ငိုရတယ်တဲ့။ ဟဟ ဘယ်လိုဖြစ်တာလည်းဆိုတော့ တယောက်က တရားချိန်မှာ မုန့်ခိုးစားလို့တဲ့၊ နောက်တယောက်ကကျ အိပ်ငိုက်နေလို့ ဘုန်းဘုန်းက ဆူလိုက်တာတဲ့။ အဲ့ဒါကြောင့်ညီမနှစ်ယောက်လုံးငိုရတယ်တဲ့။ ဟဟဟ ဖြစ်ရမယ်....မနှစ်က တရားစခန်းက ပြင်ဦးလွင်မှာ မဟုတ်ဘူးလေ...ကျောက်မဲနားက သုံးဆယ်ရွာမှာလုပ်ဖြစ်တာပါ။ ပြင်ဦးလွင်က ဘုန်းဘုန်းကတော့ သူမလေးတို့အကြောင်းသိနေတော့လွှတ်ထားတာ၊ အခုသုံးဆယ်က ဘုန်းဘုန်းက စည်းကမ်းကြီးတော့ မရတော့ဘူး။ အဖြစ်ကအဲ့လိုပါ... သူမလေးတော့ ငိုရဘူးပေါ့...ဒါပေမယ့် ညီမလေးတွေငိုရတယ်ဆိုတော့ စိတ်မကောင်းဖြစ်ပြီးမျက်ရည်ကျမိပါတယ်။ ဒီနှစ်လည်းဘယ်လိုလာအုံးမယ်မသိဘူး။ မေမေတို့ဒီနှစ်တရားစခန်းမလုပ်ဖြစ်ဘူးတဲ့။ ညီမလေးတွေကလည်းကျောင်းပိတ်ရက်ကသိပ်မရတော့၊ အိမ်မှာမနေဖြစ်တာလည်းကြာပြီမို့အိမ်မှာပဲနေချင်တယ်ပြောလို့မသွားဖြစ်တော့ဘူးတဲ့။ ကောင်းပါတယ် သူမလေးလည်း ညီမလေးတွေ၊မောင်လေးတွေနဲ့အတူအိမ်မှာနေချင်လိုက်တာ။သင်္ကြန်အတက်နေ့မှာ ညီမလေးတွေရော သူမလေးပါ မငိုရပါစေနဲ့လို့ ဆုတောင်းရင်း....အားလုံးအားလုံးပျော်ရွှင်စရာ နှစ်သစ်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့....

နှစ်သစ်လက်ဆောင်

Published by သူမလေး under on 10:46 PM


အားလုံးမင်္ဂလာပါရှင်။

သူမလေး ဒီနေ့ ပျော်နေတယ်...ဟဲဟဲ ဘာလို့လည်း သိကျမယ်ထင်တယ်နော်။ ဒီတပတ်နားရက်က ၃ရက်တောင်ရမှာမို့လို့လေ။ ညနေရုံးဆင်းရင်လည်း သူငယ်ချင်းတွေနဲ့ ဟော့ပေါ့သွားစားဖို့ချိန်းထားသေးတယ်။ ၁၂ရက်နေ့မှာလည်း သင်္ကြန်သွားလည်အုံးမယ်။ ဟဟ ပွဲဆက်တွေများနေတယ်နော်။ ပိတ်ရက်မှာ စာရေးချင်မှရေးဖြစ်မယ်။ နည်းနည်း အရှုတ်လေးတွေ
လုပ်လိုက်အုံးမယ်။ အခုသူငယ်ချင်းတွေကို နှစ်သစ်လက်ဆောင်အဖြစ် သူမလေး စုထားတဲ့ Photoshop Brush
လေးတွေ ပေးချင်ပါတယ်။ရှိကျပြီးသားလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ်ပေါ့ လက်ဆောင်ပေးတာဆိုတော့ မငြင်းကာင်းဘူးလေနော်ဒေါင်းသာ ဒေါင်းသွားလိုက်ပါ။ လိုချင်သေးတယ်ဆိုရင်လည်း ထပ်ပြောနော်
...အများကြီးရှိသေးတယ်။ ဟဲဟဲ

လင့်လေးကတော့ ဒီမှာပါနော်.....http://www.zshare.net/download/58386529e83ed0e4/
နှစ်သစ်မှာပျော်ရွှင်နိုင်ကျပါစေရှင်။

ကြားသိရတာစိတ်မကောင်းပါဘူးကွယ်။

Published by သူမလေး under on 8:55 AM

အင်း....ကြားရတာတော့စိတ်မကောင်းစရာပါပဲ။ ကိုယ်နဲ့ဘာမှမတော်ပေမယ့် တနည်းတဖုံပတ်သက်ဆက်နွယ်နေလေတော့ သွားသွားလျှာရှည်နေမိတယ်။ ကျွန်မ သူများအကြောင်းကို သိပ်စိတ်ဝင်စားလေ့မရှိဘူး၊ လောကကြီးမှာ ကိုယ်ပျော်နေရင်ပြီးရော ဘယ်သူတွေဘာဖြစ်နေနေကိုယ်နဲ့ လုံးလုံးမှကိုမဆိုင်ဘူးလို့ မှတ်ယူထားတဲ့မိန်းကလေးတယောက်ပါ။ ဒါပေမယ့်လေ ....ဒါပေမယ့်ပေါ့။ ကျွန်မ သူ့ကြောင့်အမျိုးမျိုးစိတ်အနှောက်ယှက်ဖြစ်ဖူးပါတယ်၊ ဒါပေမယ့် အခုလိုကြားသိရတော့ စိတ်မကောင်းဖြစ်မိတာတော့အမှန်ပါ။ အင်းပေါ့လေ သူလုပ်နေတဲ့ အရာတွေက နောက်ဆုံးဒါမျိုးဖြစ်လာနိုင်တာပဲမလား။ အရာအားလုံးဟာ ကိုယ်လုပ်တဲ့အပေါ်မှာပဲမူတည်နေတယ် ညီမလေးရဲ့၊ မင်းလုပ်တာကောင်းတဲ့အလုပ်လို့ ဆိုနိုင်ပေမယ့် ရလဒ်ကတော့ ကောင်းလာမှာမဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် မင်း အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်ကွာ။ အခုအချိန်မှာ ကိုယ့်စိတ်ထဲမှာ ဘာမာန်မာနမှမရှိနေပဲ မင်းအတွက် အဆင်ပြေစေဖို့ပဲမျှော်လင့်ပါတယ်ကွာ။

အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ပါစေရှင်။

IF I WERE A BOY

Published by သူမလေး under on 6:25 AM
မင်္ဂလာပါရှင်။ အခုတလော Beyonceရဲ့သီချင်းတော်တော်များများကိုနားထောင်ဖြစ်တယ်။ သူများသားသမီးတွေများအသံလည်းကောင်း၊ ရုပ်လေးကလည်း ဆွဲဆောင်မှုရှိပါ့။ သူမလေးတို့များတော့ အသံကြားတာနဲ့ရိုက်ပစ်ချင်ကြလောက်မယ်ထင်ပါရဲ့...ဟီ။ သူ့ရဲ့ သီချင်းတွေအားလုံးနားထောင်လို့ကောင်းပါတယ်၊ ဒါပေမယ့် ဒီသီချင်းလေး တစ်ပုဒ်ကိုတော့ သူမလေးတော်တော်သဘောကျပါတယ်။ အဓိပ္ပါယ်လေးလည်းမဆိုးဘူးပြောရမယ်၊ သူငယ်ချင်းတို့လည်းနားဆင်နိုင်အောင်တင်ပေးမယ်နော်။ နားထောင်ဖူးပြီးသားလူတွေလည်းပါနိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ်ထပ်နားထောင်ပေးကြပါ။ အောက်မှာတင်ပေးထားတဲ့ သီချင်းlyricလေးကဖတ်လို့ရပါ့မလားမပြောတက်ဘူး၊ သူမလေး Flashနဲ့ကလိထားတာပါ။ လာရောက်ဖတ်ရှုတာကျေးဇူးတင်ပါတယ်ရှင်၊ အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ကျပါစေ။






သူမလေးရဲ့ ၀ါသနာ

Published by သူမလေး under on 7:38 AM
မင်္ဂလာပါရှင်၊ သူငယ်ချင်းမေဒီTagထားတဲ့ ၀ါသနာလေးများအကြောင်းရေးပါမယ်ရှင်။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ဝါသနာလေးတွေရှိကျမှာပါ။ ဒါပေမယ့် ရုတ်တရက်ဆိုတော့ကိုယ့်ကိုကိုယ်ဘာဝါသနာပါလည်း စဉ်းစားလို့မရဘူးဖြစ်နေတယ်။ ၀ါသနာပါတာတွေကတော့အများသား၊ ဒါပေမယ့် ဘာကိုမှ ဆွဲဆွဲမြဲမြဲလုပ်လေ့မရှိတာ သူမလေး အကျင့်ပါ။ အော် ဆွဲဆွဲမြဲမြဲ လုပ်တာလေးတခုတော့ရှိတယ်၊ ဘာလည်းဆိုတော့ သီချင်းနားထောင်တာပါ။ သီချင်းဆို ဘယ်သီချင်းပဲဖြစ်ဖြစ်နားထောင်တယ်၊ ကြိုက်တယ်။ အဆွဲမရှိဘူး၊ အဆိုတော်မရွေးဘူး၊ ရှေးဟောင်းသီချင်းတွေလည်းနားထောင်တယ်၊ တခါတလေ ရှေးသီချင်းတွေနားထောင်ပြီး ငိုချင်ငိုနေတက်တယ်။ ဟီ အဲ ငိုတာကလည်း သူမလေးရဲ့ ၀ါသနာတခုလို့ပြောရမယ်ထင်တယ်။ :)

သူမလေး ကိုယ့်ကိုကိုယ်ပြန်မေးမိတယ်၊ အချက်အပြုတ်ဝါသနာပါလားပေါ့။အဖြေကနိုးပါ၊ ထမင်းဟင်းကို သူမလေး ၂၀၀၈ခုနှစ်ရဲ့ ၇လပိုင်းမှစချက်ဖူးတာပါ။ သူမလေးရဲ့ I can flyဆိုတဲ့ပို့စ်ထဲမှာရေးဖူးပါတယ်။ အိမ်မှာနေတုန်းက မီးဖိုချောင်ဆိုတာ ကိုယ်နဲ့လားလားမှမဆိုင်သလိုကိုထင်ခဲ့တာ။

အလှအပရောဝါသနာပါလား? ဟီ ဒါလည်းနိုးပါ အလှအပနဲ့ပတ်သက်တာဆိုရင်တော့ သူမလေး ကြိုက်တာ ဖိနပ်၊ အိတ်၊ လက်သည်းနီဒါပါပဲ။ ဖိနပ်တော့ တော်တော်ခရေဇီ(crazy)ဖြစ်တယ်။ အရင်လကတောင်တလတည်း ဖိနပ်၃ရံဝယ်မိလို့ ဘက်ဂျက်ထိန်းနေရတယ်။ ဟဲဟဲအလကားစတာပါ၊ တရံမှ စလုံး၂၀လောက်ပဲရှိတာ၊ သိပ်ဈေးများတာဆို နိုးနိုးနိုးပါ။ ဝေါင်ဝေါင်ရွှေးပါတယ်။ ဟီဟီ။ လက်သည်းနီလည်းတော်တော်ကြိုက်ပါတယ်။ ဆိုးလိုက်ဖျက်လိုက်၊အရောင်ပြောင်းလိုက်။ အမျိုးမျိုးလုပ်ပါတယ်၊ အခုတော့မလုပ်နိုင်တော့ပါဘူး။ အချိန်လည်းမပေးနိုင်၊ ပျင်းကလည်းပျင်းတော့ သဘာဝလက်သည်းနီပဲဆိုးဖြစ်တော့တယ်။ :P

အားကစားရော ၀ါသနာပါသေးလား? ဒါလည်းဟင့်အင်းပါပဲ။ gameလည်းကောင်းကောင်းမဆော့တက်ပါဘူး၊ သူမလေးအကျွမ်းဆုံးကစားတက်တာကတော့ အရုပ်မလေးတွေကိုအကျီင်္ဝတ်ပေးတဲ့ ကလေးလေးတွေကစားတဲ့ ဂိမ်းလေးပဲဆော့တက်ပါတယ်။ ငယ်ငယ်ကတော့ အရမ်းအဆော့သန်ပါတယ်၊ အိမ်မှာကပ်တယ်ရယ်ကိုမရှိဘူး။ ဘယ်လောက်ထိဆော့လည်းဆို အဖွားကမနိုင်တော့လို့ တိုင်မှာကြိုးနဲ့ချည်ထားရတဲ့အထိပါပဲ။ :P နောက် ၀ူခုံးအလုပ်တော်လို့ ခေါင်းလေးပေါက်ဖူးတာလောက်ပါပဲ။ မိန်းကလေးပီပီ ငယ်ငယ်လေးထဲက အဲ့လိုသိမ်သိမ်မွေ့မွေ့နေခဲ့တာပါ။

ကဲသူငယ်ချင်းရေ ဒီလောက်ပဲတော်ပီနော်၊ မဟုတ်ရင် ကိုယ့်ပေါင်ကိုလှန်ထောင်းသလိုဖြစ်ရော့မယ်။ ဟီ ကိုယ့်မကောင်းကြောင်းကိုယ်ဖွင့်ပြောသလိုဖြစ်နေပီ....တော်သေပီ...သူငယ်ချင်းတို့ရေ။
အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်။

Burmese font Converter...

Published by သူမလေး under on 10:03 PM

မင်္ဂလာပါရှင်
မမအိမ့်ချမ်းမြေ့ ဘလော့မှာ မြန်မာဖောင့်ပြောင်းတဲ့linkလေးတွေ့လို့ သူမလေးလက်ကမြင်းကြည့်တာပါ။

သူမလေးရဲ့ရုံးကစက်မှာ zawgyi fontinstallလုပ်လို့မရပါဘူး။admin passwordသိမှ installလုပ်လို့ရမှာမို့ သူမလေးဘလော့လေးကို စနေ၊တနင်္ဂနွေမှပဲပို့စ်တင်ဖြစ်တယ်။ လုပ်လို့ရတဲ့သူခိုးနည်းတမျိုးတော့ရှိတယ်။ ဒါပေမယ့်ကိုယ့်အတွက်မကောင်းတော့ မလုပ်ချင်ပါဘူး။

အခုတော့အိုကေသွားပြီပေါ့။ ဇော်ဂျီိဖောင့်မရှိလည်းဘာမှပူစရာမလိုတော့ဘူး။ အဲ့ဒါကြောင့် လစ်ရင်လစ်သလို ပို့စ်ခိုးတင်ပါ့မယ်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ မမအိမ့်ချမ်းမြေ့ကိုလည်းအထူးကျေးဇူးပါရှင်။
 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။