သူမလေးရဲ့ခိုနားရာ

ကြားသိရတာစိတ်မကောင်းပါဘူးကွယ်။

Published by သူမလေး under on 8:55 AM

အင်း....ကြားရတာတော့စိတ်မကောင်းစရာပါပဲ။ ကိုယ်နဲ့ဘာမှမတော်ပေမယ့် တနည်းတဖုံပတ်သက်ဆက်နွယ်နေလေတော့ သွားသွားလျှာရှည်နေမိတယ်။ ကျွန်မ သူများအကြောင်းကို သိပ်စိတ်ဝင်စားလေ့မရှိဘူး၊ လောကကြီးမှာ ကိုယ်ပျော်နေရင်ပြီးရော ဘယ်သူတွေဘာဖြစ်နေနေကိုယ်နဲ့ လုံးလုံးမှကိုမဆိုင်ဘူးလို့ မှတ်ယူထားတဲ့မိန်းကလေးတယောက်ပါ။ ဒါပေမယ့်လေ ....ဒါပေမယ့်ပေါ့။ ကျွန်မ သူ့ကြောင့်အမျိုးမျိုးစိတ်အနှောက်ယှက်ဖြစ်ဖူးပါတယ်၊ ဒါပေမယ့် အခုလိုကြားသိရတော့ စိတ်မကောင်းဖြစ်မိတာတော့အမှန်ပါ။ အင်းပေါ့လေ သူလုပ်နေတဲ့ အရာတွေက နောက်ဆုံးဒါမျိုးဖြစ်လာနိုင်တာပဲမလား။ အရာအားလုံးဟာ ကိုယ်လုပ်တဲ့အပေါ်မှာပဲမူတည်နေတယ် ညီမလေးရဲ့၊ မင်းလုပ်တာကောင်းတဲ့အလုပ်လို့ ဆိုနိုင်ပေမယ့် ရလဒ်ကတော့ ကောင်းလာမှာမဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် မင်း အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်ကွာ။ အခုအချိန်မှာ ကိုယ့်စိတ်ထဲမှာ ဘာမာန်မာနမှမရှိနေပဲ မင်းအတွက် အဆင်ပြေစေဖို့ပဲမျှော်လင့်ပါတယ်ကွာ။

အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ပါစေရှင်။

2 comments:

Anonymous said... @ 4/8/09, 12:06 PM

တစ်ယောက်ကို ရည်ရွယ်တာလို့တော့ ထင်မိပါတယ် .. ဘယ်သူ့ကိုလဲ ဘာအတွက်ကြောင့်လဲဆိုတာတော့ ဘာမှ နားမလည်တာမို့လို့ ဘာမှ မပြောခဲ့ နိုင်တော့ပါဘူး အားလုံး အဆင်ပြေပါစေဗျာ ... :)

mgnge said... @ 4/23/09, 3:37 PM

ငါ့အထင်နင်ဟိုတစ်ခါ မိတ်ဆွေ စစ်ဆိုတဲ့ ပိုစ်က ကောင်မလေး ကိုပြောတာထင်တယ်..။

တရာ နဲ့ သာဖြေ..။ နှစ်ရာဖိုးဆို ပို မူးတယ်..။

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။