မင်္ဂလာပါရှင်။ဒီနေ့ဆိုသူမလေးမြန်မာပြည်ကခွဲလာတာ၂နှစ်ပြည့်တဲ့နေ့ပေါ့။ဒီ၂နှစ်အတွင်းမှာပျော်ရွှင်ခဲ့တဲ့နေ့တွေ ရှိသလိုစိတ်အားငယ်၊ ၀မ်းနည်းခဲ့ရတဲ့နေ့ရက်တွေလည်းအများကြီးပါ။ဆုံးရှုံးခဲ့တာတွေရှိသလို၊ပိုင်ဆိုင်ခဲ့ရတာ တွေကလည်းအများသားပါ။မိတ်ဆွေစစ်၊မိတ် ဆွေသစ်တွေရခဲ့သလို..မိတ်ဆွေတု၊မိတ်ဆွေယောင်တွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ အတွေ့ကြုံသစ်တွေလည်းရခဲ့သလို၊ အဲ့ဒီအတွေ့ကြုံတွေထဲကပဲသင်ခန်းစာတွေလည်းအများ ကြီးရခဲ့တယ်။
အေးအေးဆေးဆေးနေတက်တဲ့ကျွန်မမှာ သူငယ်ချင်း၊မိတ်ဆွေအများကြီးမရှိပါဘူး။လက်ချိုးရေကြည့်တောင် လက်၁၀ချောင်းမပြည့်ဘူး။ မြန်မာပြည်မှာကျောင်းတက်တုန်းကလည်းကိုယ့်မှာ သူငယ်ချင်းအများကြီးမရှိခဲ့ဘူး။ ကိုယ်နဲ့သိပ်မခင်ရင်၊ မရင်းနှီးရင် စကားမပြောတက်တာအကျင့်မို့ အပေါင်းသင်းမများတာ အဆန်းမဟုတ်ပါဘူး။ ထင်လိမ့်မယ် သူမလေးက မာနကြီးလို့လားပေါ့...လုံးဝမဟုတ်ပါဘူး။ မှန်တာပြောရရင် ကြောက်တာပါ၊ဘာကို လည်းဆိုတော့ ကိုယ်က သွားခေါ်လို့ကိုယ့်ကိုပြန်စကားမပြောမှာ၊ ကိုယ်ကရီပြလို့ကိုယ့်ကိုပြန်မရီပြမှာကိုသိပ် ကြောက်တယ်။ ပြီးတော့ အရေမရအဖတ်မရစကားတွေပြော၊ ပြိုင်ကြဆိုင်ကြမှာကိုလည်းသိပ်မုန်းတယ်။
ကံကောင်းပါတယ်၊ အခုကိုယ်နဲ့တွဲတဲ့သူငယ်ချင်းတွေကတစ်ယောက်မှအဲ့လိုထဲကမပါလို့။ ပေါင်းတာကလည်း ကိုယ့်ထက် ၅နှစ်ကြီးတဲ့မမတယောက်၊ ၁၀နှစ်ကြီးတဲ့မမတစ်ယောက် ဒါပဲရှိတယ်။ ကျန်တာကအကိုနှစ်ယောက်၊ နောက်ထပ်ကိုယ့်ထက်၃နှစ်လောက်ကြီးတဲ့သူငယ်ချင်းတယောက်ရှိသေးတယ်။ သူနဲ့က ရွယ်တူတွေလိုပါပဲ၊ နင်နဲ့ငါနဲ့ပဲပြောတယ်။ သူကတော့ ဒီမှာကျောင်းစတက်တဲ့နေ့ကစခင်တဲ့၊ ဒီမြေမှာ ပထမဦးဆုံးစခင်တဲ့သူငယ်ချင်းပါ။ မြန်မာပြည်မှာလည်းကိုယ်တို့ကျောင်းကပဲ၊ ဒါပေမယ့် ကိုယ့်ထက်နှစ်ကြီးတော့သိဘူး။ ကိုယ်ကျောင်းစတက်တဲ့နှစ်မှာ သူကကျောင်းပြီးသွားပြီ။ အဲ့ကောင်ကိုလည်းအရမ်းခင်ပါတယ်။
ကိုယ့်ထက်အကြီးတွေဆိုတော့ဆိုးလို့ကောင်းတာပေါ့။ သူမလေးကိုဆို သူတို့ ညီမအငယ်ဆုံးလေးလို ချစ်ကြတယ်။ မမတို့အကိုတို့ကိုအရမ်းကျေးဇူးတင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီမှာနေတဲ့၂နှစ်တာတလျှောက်လုံး ကိုယ်မှာရှိတဲ့အခက်အခဲမှန်သမျှ ၀ိုင်းကူဖြေရှင်းပေးကျတယ်။ ကျောင်းတက်တုန်းကလည်းကျောင်းတက်တုန်းကမို့ စာကျက်ပျင်းတဲ့ သူမလေးကို စာကျက်လွယ်အောင်၊ နားလည်လွယ်အောင်ကူညီပေးတယ်။ အဆိုင်းမန့်တွေကိုတင်ကာနီးမှလုပ်တက်တဲ့သူမလေးကို ၀ိုင်းကူလုပ်ပေးမယ်။ အကိုတယောက်ဆို ပရောဂျက်ကြီးတခုလုံးကိုသူပဲလုပ်ပေးတာ။ အဲ့လိုချစ်ကြတာ။း)
အလုပ်မရခင်မှာလည်း စိတ်မလေရအောင်၊ အားမငယ်ရအောင် အားပေးခဲ့ကြတယ်။ အလုပ်ဝင်မယ်ဆိုတော့လည်း အခက်ခဲမရှိစေရအောင်၊ အားလုံးသင်ပေးတယ်။ ကိုယ်ကအခုမှအလုပ်ဆိုတာကိုစသိမှာလေ။ အကိုတို့မမတို့က ဟိုမှာထဲက အလုပ်လုပ်ဖူးတယ်။ ကိုယ်ကဟိုကကျောင်းပြီးပြီးချင်းဒီမှာကျောင်းလာတက်၊ ဒီကကျောင်းပြီးပြန်တော့ချက်ချင်းအလုပ်တန်းဝင်တော့ ဘာအတွေ့ကြုံမှရှိသေးတာမဟုတ်ဘူးလေ။ အကိုတို့ မမတို့ အားလုံးကျေးဇူးအထူးပါ။
သူမလေးဒီမှာရှိနေစဉ်တလျှောက်လုံး ကူညီပေးခဲ့တဲ့ သူမလေးရဲ့ ဦးလေးနဲ့အန်တီလေးတို့ကိုလည်း ကျေးဇူးအထူးပါ။ ပြီးတော့ ဖေဖေ၊မေမေနဲ့မောင်လေး၊ညီလေးတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ သူမလေးဒီလို တယောက်တည်းရပ်တည်နိုင်အောင် ဖေးမ မြေတောင်မြှောက်ပေးခဲ့တဲ့ ဖေကြီးနဲ့မေကြီးကို ပြောမပြတက်အောင်ကျေးဇူးတင်ပါတယ်။ ဖေနဲ့မေ့ရဲ့ သမီးဖြစ်ခွင့်ရတာကိုလည်းဂုဏ်ယူမိပါတယ်။ ပြီးတော့ သူမလေး အားတက်အောင်အမြဲ ဘေးမှာရှိနေပေးခဲ့တဲ့မောင်လေး၊ညီမလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။
နောက်ဆုံးအနေနဲ့ မိုးသည်းထဲမှာကောက်တွေ့ခဲ့တဲ့ သူမလေးရဲ့အချစ်ရဆုံးတစ်ယောက်သောသူကိုလည်း ကျေးဇူးပါလို့....နောက်လာမည့်နှစ်တွေမှာလည်း ပျော်ရွှင်ခြင်းတွေ ကံကောင်းခြင်းတွေပဲပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း.....
အားလုံးအားလုံကိုကျေးဇူးအထူးတင်ပါတယ်....ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။
1 comments:
သူမလေးရေ့ကျွန်တော်ကသူမလေးကိုတကယ်
ခင်မင်မိသွားတာဂျ့လမ်းမှာတွေ့ရင်(အဲလေ)အပြင်
မှာတွေ့ဖြစ်ခဲ့ရင်ပြုံးပြရမယ်နော့်၂နှစ်ပြည့်ပြီဆိုပေမဲ့
အားမငယ်ပါနဲ့၃နှစ်မှမဟုတ်သေးပဲနော့်
Post a Comment