သူမလေးရဲ့ခိုနားရာ

သူမလေးရဲ့ ပထမဦးဆုံး ကြက်သားဗူးသီးချက်....

Published by သူမလေး under on 11:40 PM
မင်္ဂလာပါရှင်...သူမလေးအပျင်းကြီးနေတာနဲ့ဘာစာမှလည်းမရေးဖြစ်သလို ဘာပို့စ်မှလည်းမတင်ဖြစ်တာကြာပေါ့။ အရင်တပတ်ရုံးပိတ်တုန်းကလည်း ဟိုလှည့်ဒီလှည့်နဲ့ဘာမှကောင်းကောင်းမလုပ်ဖြစ်ဘူး။ ပိတ်တဲ့၎ရက်လုံး အကျိုးရှိရှိအိပ်နေတာ။ ဟီဟီ။ အခုတပတ်ပြန်ပိတ်ပြန်ပေါ့။ စီဘောစ်မှာလည်းလာကျိန်းတဲ့လူကရှိနေလေတော့ ဟဲဟဲ သူမလေးချက်စားဖြစ်တဲ့ ကြက်သားနဲ့ဗူးသီးဟင်းလေးကို ဝေငှပါမယ်ရှင်။ သူမလေးဟင်းချက်ရင် အမြဲ ဟင်းကြော်လုပ်စားတာများပါတယ်။ မချက်တက်တာလည်းပါတာပေါ့။ ဒီနေ့တော့ NTUCလည်းမသွားချင်ဘူး၊ Giantလည်းမသွားချင်တာနဲ့ အိမ်နားကဈေးမှာပဲဝယ်ဖြစ်တယ်။ ဈေးထဲမှာ အသီးရွက်တော်တော်စုံတယ်၊ ချဉ်ပေါင်ရွက်တောင်ရသေး။ မိုက်တာနော်...အဲ့ဒါနဲ့ သူမလေးလည်းဗူးသီးရယ်၊ သရက်သီးစိမ်းရယ် ဟိုဟာနည်းနည်းဒီဟာနည်းနည်းစီလျှောက်ဝယ်လာလိုက်တယ်။ အိမ်ရောက်တော့ သူမလေးဟင်းချက်ခါနီးရင် အမြဲဝင်ကြည့်ဖြစ်တဲ့ မမလုလု ဘလော့ထဲဝင်ပြီး ကြက်သားနဲ့ဗူးသီးချက်ကိုလိုက်ရှာရပါတယ်။ အဟဲ အခုသူမလေးချက်ထားတဲ့ ကြက်သားဗူးသီးဟင်းကတော့မမလုလုချက်တဲ့နည်းအတိုင်းပါပဲရှင်။ စားသွားကျပါအုံးနော်။


ဒါကတော့သရက်သီးသုပ်ပါရှင်။ သရက်သီးသုပ်လေးလည်းစားသွားပါအုံးနော်။


ဟင်းတွေပဲကျွေးနေတယ်ထင်မှာဆိုးလို့ ထမင်းပါတင်ပေးထားမယ်နော်။

Copyright ပြသနာ

Published by သူမလေး under on 2:29 AM
ဒီနေ့ရုံးမှာ စာတစောင်ရောက်လာတယ်။ ထူးဆန်းတာမှတ်လို့ စာရောက်တာများလို့ ပြောချင်ပါလိမ့်မယ်။ ထူးဆန်းပါတယ်၊ထူးဆန်းတယ်ဆိုတာထက် သတိပေး ဆင်ခြင်စရာလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ သူမလေးဆို စာဖတ်ပြီးတော်တော်တုန်လှုတ်သွားမိတယ်။ ကိုယ်နဲ့မဆိုင်ပေမယ့် နောက်မလုပ်ရဲအောင်ဖြစ်မိတယ်။ လုပ်ထားပြီးသား တွေတောင်ပြန်စစ်မိတယ်။ ဘယ်လိုလည်းဆိုတော့ စာက UK web license ရုံးကပို့လိုက်တာပါ။ ဖြစ်ပုံက ရုံးက senior မမက ဒီဇိုင်းလုပ်တာကို ကိုယ့် ပစ္စည်းပုံကိုမထည့်ပဲ net ကနေ ပုံလှလှလေးရှာတွေ့တာနဲ့ အစားထည့်လိုက်တယ်။ ပုံက၂ပုံတည်းပါ၊ ဒါပေမယ့် တပုံကို US$၁၉၀၀ကျော်တောင်ပေးရမှာ။ ၂ပုံအတွက်ဆိုတော့ တွက်သာကြည့်လိုက်ပါတော့။ မန်နေဂျာကတော့သူဖြေရှင်းပေးမယ်တဲ့..ဒါပေမယ့် ပေးရမယ့် ပိုက်ဆံက ကိုယ့်လခထဲက ဖြတ်မှာလေ။ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာတော့ သိတယ်၊ ဒီလောက်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး။ တော်သေးတယ်လို့ ပြောရမယ် companyကို တရားမဆွဲတာ။ ဒီလို ကော်ပီကူးလို့ ကျောင်းတုန်းက တခါဖြစ်ဖူးတယ်၊ သူငယ်ချင်း တယောက်လုပ်ထားပြီးသား Projectကို သူမလေးတို့အဖွဲ့ က ကော်ပီကူးသလိုဖြစ်သွားတယ်။ ဒါပေမယ့် သူ့Project ရဲ့Layout ကိုပဲယူတာပါ၊ ဆရာကသိသွားတော့ အားလုံးကို ခရေစေ့တွင်းကျလိုက်ရှာတော့တာပဲ။ ဆရာဆိုတာ ဒေါသထွက်လိုက်တာအရမ်းပဲ၊ ပိုဆိုးတာက ဆရာက သူမလေးတို့ အဖွဲ့ ကို အရမ်းချစ်တာ။ သူချစ်တဲ့ကလေးတွေက သူ့ကိုအဲ့လိုလုပ်တာဆိုတော့ ပိုစိတ်တိုတာပေါ့။ Projectတခုလုံးကို၂ရက်အတွင်း အစအဆုံးပြန်လုပ်ခိုင်းတယ်။ မဟုတ်ရင် အကျတဲ့၊ အကျမခံနိုင်တော့ ၂ရက်ဆိုလည်း၂ရက်ပေါ့ဆိုပြီး ပြီးသလောက် မြန်မြန်လုပ်ရတာ။ သူများနဲ့ဆင်တူယိုးမှားဖြစ်မှာလည်းဆိုးရသေးတယ်။ အဲ့ဒီကတဲက လန့်နေတာ အခုတော့ ပိုဆိုးသွားပြီ။ အကိုကတော့ ပြောတယ် ကျောင်းမှာမို့ ဒီလောက်နဲ့ရတာ၊ အလုပ်ထဲမှာဆို ပိုဆိုးမယ်တဲ့။ ပြောချင်တာတော့ ရုံးမှာ ဖြစ်ခဲ့တာကိုပါ။ ဒါပေမယ့် လေရှည်သွားပြီ၊ ဟိဟိ။ စိတ်ထဲရှိတာရေးလိုက်တာမို့ ဖတ်ရတာအဆင်ပြေမလားတော့မသိဘူး။ အဆင်မပြေခဲ့ရင်တောင်းပန်ပါတယ်ရှင်။

သူမလေးရဲ့ စနေနေ့တနေ့တာ

Published by သူမလေး under on 3:16 AM
မနေ့က စနေနေ့ပေမယ့် OTရှိလို့အလုပ်သွားရတယ်။ ခါတိုင်းစနေနေ့တွေက အိပ်နေကျဆိုတော့ alarm ပေးမထားမိဘူး။ ဟိဟိ မနက် ၉နာရီကျော်မှ လန့်နိုးတာ။ နာရီကြည့်လိုက်တော့ ၉နာရီကျော်နေပြီ၊ ရေအမြန်ပြေးချိုးပြီး အသားကုန်သုတ်ခြေတင်ပြေးရတော့တာပဲ။ ရုံးကို ၁၀နာရီခွဲမှရောက်တယ်။ တော်သေးတယ် အဆဲမခံရလို့...ဟီဟီ။ အလုပ်သာလုပ်နေရတာ လူကအိပ်ချင်မူးတူးပဲရှိသေးတယ်။ ၂နာရီကျော်တော့ အလုပ်တွေလက်စသက်ပြီး အိမ်ပြန်လာတယ်။ အိမ်ရောက်တော့ ခနနားပြီး တစ်ပတ်တစ်ခါလုပ်နေကျအလုပ်ဖြစ်တဲ့ မေ့ ဆီကိုဖုန်းဆက်တယ်။ ဖေ ကတော့ တရားစခန်းဝင်နေလို့မပြောရဘူး။ နာရီကြည့်လိုက်တော့ ညနေစာ စားဖို့အချိန်ရောက်ပြီ အဟဲ...ဘာစားမလည်းစဉ်းစားလိုက်တော့ ကြာဇံကြော်စားချင်တယ်။ အဲ့ဒါနဲ့ကြာဇံကြော်စားလိုက်တယ်။ လာလည်ကျတဲ့မောင်နှမတွေလည်းစားရအောင်တင်ပေးမယ်နော်။ သူမလေးကြော်တဲ့ ကြာဇံကြော်စတိုင်ကတော့ ငပျင်းစတိုင်လို့ပြောရင်ရမယ်။ ဟိဟိ၊ ဘာလို့လည်းဆိုတော့ ကြာဇံကြော်ရင်သုံးတဲ့ ကြာဇံကိုသူမလေး မသိဘူး၊ မ၀ယ်တက်ဘူး။ အဲ့ဒီတော့ ReadyMadeကြာဇံပြုတ် ၂ထုပ်ကို အရင်ပြုတ်တယ်၊ ပြီးတော့ ဂေါ်ဖီကိုပြုတ်တယ်၊ ကြော်ရင်ကြာမှဆိုးလို့ အရင်ပြုတ်ထားတာပါ။ ပြီးတော့ ပြုတ်ထားတဲ့ဂေါ်ဖီရယ် ၀က်သားရယ် ပုဇွန်ရယ်ကိုရောကြော်ပါတယ်။ နောက်ဆုံးမှာတော့ ကြာဇံထည့်လိုက်ပါတယ်၊ အရောင်လိုချင်တဲ့အတွက် ကြာညို့ နည်းနည်းထည့်ပါတယ်ရှင်။ ကဲ စားလို့ရပါပြီရှင်။ သူမလေးတော့ ကြာဇံကြော်နဲ့စားဖို့ အချဉ်ရည်ပါထပ်လုပ်ပါတယ်ရှင်။ အဟဲပြီးတော့ အစားပုတ်တယ်လို့တော့မထင်လိုက်ပါနဲ့နော်၊ ထောပတ်သီးလည်းဖျော်သောက်ပါသေးတယ်ရှင်။ ကြာဇံကြော်နဲ့ ထောပတ်သီးဖျော်ရည်ကတော့ သူမလေး အကြိုက်ဆုံးအစားအစာပဲ။ ကဲ စားသွားကြပါအုံးနော်။ ထောပတ်သီးဖျော်ရည်ကတော့ ကိုယ့်ရိုက်ထားတဲ့ပုံကိုယ်ကြည့်ပြီးမတင်ချင်လို့ မတင်ပေးတော့ဘူးနော်။ ကြာဇံကြော်ပဲစားသွားကြပါနော်။








နားထောင်ဖြစ်တဲ့ သီချင်းလေ တပုဒ်

Published by သူမလေး under on 1:25 AM
အခုတလော အလုပ်တွေအရမ်းရှုတ်နေတယ်။ ဘာစာမှလည်းမရေးဖြစ်သလို ဘယ်ကိုမှလည်းမလည်နိုင်ဘူး။ ဘလော့လေးထဲကိုတောင် ညပိုင်းမှဝင်တယ်ဆိုရုံလေးဝင်ဖြစ်တော့တယ်။ အခုတော့ အလုပ်ထဲမှာ စိတ်နည်းနည်းပင်ပန်းနေတာနဲ့ ဘလော့လေးထဲဝင်ကြည့်ပြီး သီချင်းလေးတင်ချင်စိတ်ပေါက်လာလို့ အပြေးလေးတင်လိုက်တာပါ။ နားထောင်ကြည့်လိုက်ပါ။ သူမလေးတော့ ဒီသီချင်းလေးကိုအခုအရမ်းကြိုက်နေတယ်၊ ခဏဏနားထောင်ဖြစ်တယ်။ ဒီတပုဒ်ထဲကိုပဲထပ်ခါနားထောင်နေမိတယ်။ ဘယ်သူဆိုတာလည်းမသိဘူး၊ သီချင်းနာမည်လည်းမသိဘူး။ သိရင်ပြောပြပေးပါနော်။









လေယာဉ်ပျံကြီးစီးလာတဲ့ ဒန်ပေါက်..

Published by သူမလေး under on 5:09 AM
ဟဲဟဲ ခေါင်းစဉ်ကြည့်ပြီး အံ့သြနေပြီလား။ မအံ့သြပါနဲ့...ဒီလိုပါ ပြီးခဲ့တဲ့အပတ် ဗုဒ္ဗဟူးနေ့က သူငယ်ချင်းတယောက်မြန်မာပြည်ကပြန်လာတယ်။ မသွားခင်က သူမလေးကို ဘာစားမလည်းတဲ့၊ ဘာဝယ်ခဲ့ရမလည်းဆိုတာနဲ့ ဒန်ပေါက်စားချင်တယ် ၀ယ်လာပေးလို့ ပြောလိုက်တယ်။ သူက အချိန်ရရင်ဝယ်ခဲ့မယ်တဲ့။ သူမလေးလည်း ခပ်မာမာပဲ ကိုယ်ကစားရမယ့်လူလေ ဟုတ်တယ်မလား။ သူပဲမေးလည်းမေးသေးတယ် အချိန်ရမှဝယ်ခဲ့မယ်ဆိုတော့ အောက်တာပေါ့။ ဟိဟိ၊ အဲ့ဒါ ၀ယ်လာမယ်ဆို ၀ယ်လာမယ်ပြော၊အချိန်ရမှလေးဘာလေးလာမပြောနဲ့။မြန်မာပြည်ပြန်တဲသူငယ်ချင်းနင်တယောက်တည်းရှိတာမဟုတ်ဘူး အခြားသူငယ်ချင်းတွေနဲ့မှာလို့လည်းရတယ် ဆိုပြီး ခပ်တင်းတင်းပဲပြောလိုက်တယ်။ အဲ့ဒါအပြန်ကျတကယ်ဝယ်လာတယ်။ ဟိဟိ၊ သူမလေးကိုကြောက်လို့ဖြစ်မယ်။ ဒါကတော့ သူဝယ်လာပေးတဲ့ ဒန်ပေါက်ပါ။ မာလာဟင်းမကြိုက်တဲ့သူများ ဒန်ပေါက်သုံးဆောင်နိုင်ပါတယ်ရှင်။


အချဉ်လည်းစားသွားကျပါအုံးနော်။ ဒါကတော့ မိုးကုတ်က ချဉ်စော်ခါးယိုပါ။ ဒါလည်းသူ ယူလာပေးတာပါ။ ဟဲဟဲ သူများ မုန့်နဲ့ မျက်နှာလုပ်နေတာ။ ကျေးဇူးပါ သယ်ချင်းရေ။


မာလာဟင်း

Published by သူမလေး under on 4:45 AM
မင်္ဂလာပါရှင်။ အကိုမိုးသောက်က ဟင်းချက်ရင်ကျွေးပါအုံးပြောလို့ သူမလေး ချက်စားဖြစ်တဲ့ မာလာဟင်းလေးကို အကိုနှင့်တကွမောင်နှမအားလုံး စားနိုင်အောင်တင်ပေးပါရစေနော်။မာလာဟင်းချက်မယ်ဆိုရင် ထည့်ရမည့်ပစ္စည်းအမယ်တော်တော်များပါတယ်။ သူမလေးကတော့ မေမေထည့်ပေးလိုက်တဲ့ ReadyMadeမာလာဟင်းထုပ်နဲ့ဆိုတော့ အဆင်ပြေပါတယ်။ မဟုတ်ရင် ထည့်ရမှာတွေကများတော့ တယောက်တည်းဆိုလုပ်မစားဖြစ်ဘူး။ ပျင်းတာလည်းပါတာပေါ့။ ကဲ စချက်မယ်...အရင်ဆုံး မှိုခြောက်ပန်းခြောက်တွေရယ် မာလာခေါက်ဆွဲခြောက်တွေရယ်ကို ရေနဲ့ (၁)နာရီကြာစိမ်ထားရပါမယ်။ ပြီးတော့ ရေနွေးပွက်ပွက်ဆူမှာ ကိုယ်စားလိုတည့် အသီးရွက်ကို(၁၀)မိနစ်ကြာထည့်ပြုတ်ရပါမယ်။ သူမလေးတော့ ကြာစွယ်ရယ်၊ မုန်ညှင်းဖြူရယ်၊ ဂေါ်ဖီရယ်၊ အာလူးရယ်ပဲထည့်ပါတယ်။ရေစိမ်ထားတဲ့ မှိုခြောက်ပန်းခြောက်တွေကိုလည်းပြုတ်ပေးရပါမယ်။ ပြီးပြီဆိုရင် မာလာနှစ်နဲ့ ရောနယ်ပြီးစားသုံးလို့ရပါပြီရှင်။ နယ်တဲ့နေရာမှာ ဟင်းပူနေတဲ့အချိန်မှာနယ်ရင် ပိုကောင်းပါတယ်။ ဟင်းအားလုံးနှံ့စေချင်တဲ့အတွက်ဖြစ်ပါတယ်။ အဟဲ အဲ့ဒါက အညွန်းထဲကပါတာပါ။ ကဲစားလို့ရပါပြီရှင်။



ဒါကတော့ မေမေထည့်ပေးလိုက်တဲ့ ReadyMadeမာလာဟင်းထုပ်ပါ။ အထဲမှာ အစာပလာအစုံပါပါတယ်။ ကိုယ့်ဟာကိုချက်စားမယ်ဆို လိုတာတွေရှိနေအုံးမယ် အခုတော့ အဆင်ကိုချောလို့။ ချက်ရမယ့်အညွန်းလည်းပါတော့ သူမလေး အတွက်အကိုက်ပါပဲ။ ကျေးဇူးပါမေမေ။



မေ့ အတွက် သီချင်းတပုဒ်...

Published by သူမလေး under on 11:25 PM









မေမေ့ အတွက် သီချင်းလေးပါ။ မေမေရေ လွမ်းလိုက်တာ၊ ပြန်လာချင်တယ်။ မေ ကျန်းမာပျော်ရွှင်ပါနိုင်ပါစေ...အရာရာကိုနားလည်ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးပါ...မေမေ။ အာဘွား... သီချင်းလေးထဲက လိုပဲ....

’မေ’ ရဲ့စိတ်ဆန္ဒတွေများကိုလေ..’မေ’ရဲ့သမီးဖြည့်ထားကာထားပြီလေ၊ မေ ရဲ့အတွေးအိပ်မက်ကိုပုံထင်ပြ...မြင်မှာ မေ့ရဲ့အတွင်းစိတ်ဆန္ဒ....’မေ’ ရဲ့စိတ်ဆန္ဒတွေများကိုလေ..’မေ’ရဲ့သမီးရင်ဆိုင်ကာလေပွေ့ဖက် အို အိုး အိုး ဘ၀လမ်းကိုလေ ’မေ့’ရဲ့ခြေရင်းရောက်ခဲ့ပြီလေ....

HAPPY FRIDAY!

Published by သူမလေး under on 11:15 PM



ဝေး...သောကြာနေ့ရောက်ပြီကွ။ဟေးဟေးမနက်ဖြန်စောစောထစရာမလိုတော့ဘူး။ရုံး၂ရက်တောင်ပိတ်မှာဆိုတော့ အပီနားလိုက်မယ်။ သောကြာနေ့မြန်မြန်ရောက်ပါစေလို့ ဆုတောင်းနေတာ၊ အခုမှပဲရောက်တော့တယ်..ဟီဟီ။ အရင်ကျောင်းတက်တုန်းကကျောင်းကတော့ တနေကုန်ရှိတယ်။ ဒါပေမယ့်အတန်းချိန်က နေ့လည်ပိုင်းမှရှိတာဆိုတော့ မနက်ပိုင်း အချိန်တွေက လစ်လိုက်၊ ပျက်လိုက်နဲ့ ဆိုတော့ မသိသာဘူး။ အခုအလုပ်ဝင်ရတော့ မနက်အစောကြီးမထချင်ထချင်နဲ့ထနေရတယ်။ အလုပ်က ၁၀နာရီမှစပေမယ့် သူမလေးနေတဲ့နေရာနဲ့ကဝေးတော့ မနက်၇နာရီ၄၅ထဲကထပြီးပြင်ရတယ်။ ဆိုးလိုက်တဲ့ ဘ၀၊:D နောက်လဆိုရင်တော့ အလုပ်နဲ့နီးတဲ့နေရာပြောင်းဖြစ်မယ်ထင်တာပဲ။ ညနေပိုင်း အလုပ်ပြီးချိန် အကို၊အမတွေနဲ့တွေ့ဖို့ချိန်းထားတယ်။ အားလုံးက အလုပ်ဝင်နေပြီဆိုတော့ ဒီလိုသောကြာနေ့အလုပ်ပြီးချိန်မှပဲတွေ့ဖြစ်တော့တယ်။ စနေ၊တနင်္ဂနွေလိုနေ့မျိုးမှာ ဘယ်မှမထွက်ချင်ဘူး။ ၁ပတ်လုံးဝတ်ထားတဲ့ အ၀တ်တွေလျှော်စရာရှိတယ်၊ ဟင်းကောင်းကောင်းလေးချက်စားမယ်၊ :P ၁ပတ်စာဈေးသွားဝယ်ရမယ်၊ ဒေါင်းလုပ်ချထားတဲ့ ကာတွန်းကားတွေကြည့်ရအုံးမယ်၊ အိမ်မှာကောင်းကောင်းနားလိုက်မယ်။ :D... မနက်ဖြန် စနေနေ့က “ပြာသိုလပြည့်နေ့၊ အမေများနေ့ပါ“။ မေ့ ကိုဖုန်းထဲကပဲကန်တော့ရတော့မယ်။ သူမလေး “မေ“ နှင့် တကွကမ္ဘာပေါ်မှာ ရှိတဲ့ အမေများအားလုံး ကျန်မာ၊ချမ်းသာရှိပါစေ၊ သူတို့ချစ်တဲ့မိသားစုလေးနဲ့ သက်ဆုံးတိုင်ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ၊ ကောင်းမှုကုသိုလ်များဆထက်တပိုးပြုလုပ်နိုင်ပါစေလို သူမလေး ဆုတောင်းပေးလိုက်ပါတယ်ရှင်။

သူမလေး စိတ်ညစ်ရင် ဘာလုပ်လည်း?

Published by သူမလေး under on 8:30 PM
အများတကာတော့စိတ်ညစ်ရင် ဘာလုပ်တက်ကျလည်းမပြောတက်ဘူး။ သူမလေးတော့ စိတ်ညစ်ရင် တက်နိုင်သမျှပျော်အောင်နေပစ်လိုက်တယ်။ ပျော်စရာမရှိ ရှာကျန်ပြီး ရီနေလိုက်တယ်။ စိတ်ညစ်စရာမတွေးဘူး၊ မေ့နိုင်သမျှမေ့အောင်နေပစ်တယ်။စိတ်ညစ်စရာကောင်းတဲ့လူတွေနဲ့စကားမပြောဘူး။သီချင်းခပ်မြူးမြူးလေးတွေနား
ထောင်တယ်၊ ဟသကားတွေ တကားပြီးတကားကြည့်တယ်။ တယောက်တည်းမနေဘူး၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တယ်။ သူငယ်ချင်းတွေကိုပေါက်တက်ကရပြောပြီးစတယ်၊ ပေါက်တက်ကရဆိုလို့ တမျိုးမထင်လိုက်ပါနဲ့ ရီစရာဟာသလေးတွေကို ဆိုလိုတာပါ...ဟိဟိ။
ဘယ်သူမှမအားရင်တော့ ကလေးတွေကစားတဲ့နေရာမှာ သွားထိုင်ပြီး ကလေးတွေကိုကြည့်နေလိုက်တယ်။ မေ့ထားတဲ့ကြားက သတိရလာရင်တော့ မျက်ရည်ကျလာရော။ အဲ့ဒါကတော့ မကောင်းတဲ့ အကျင့်လေးပါ။ ဘယ်လိုမှမရတော့ဘူးဆိုရင်တော့ အိပ်ဆေးသောက်ပြီးအိပ်ပစ်လိုက်တယ်။ အေးရော။

သူမလေး အတွက် သတိပေးစကားများ...

Published by သူမလေး under on 11:33 PM

ဒီနေ့အလုပ်ထဲမှာဖတ်မိတဲ့စာလေးတွေပါ။သူမလေးစိတ်နဲ့တိုက်ဆိုင်နေတာလေးတွေပါနေတဲ့
အတွက် ကိုယ့်ကိုကိုယ် သတိပေးတဲ့ အနေနဲ့ ရေးဖြစ်သွားတာပါ။


  • ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှနှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲ့ဒီလိုပြိုင်လိုက်တာဟာကိုယ့်ကိုကိုယ်စော်ကားလိုက်တာပါပဲ။
  • သယ်သူမှသော့တံမရှိတဲ့သော့ခလောက်ကို မဖန်တီးပါဘူး။ အဲ့ဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ပြဿနာကိုမပေးပါဘူး။
  • သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀ကသင့်ကိုပြုံးပြီးကြည့်တယ်။ သင်သူများတွေကိုပျော်ရွှင်အောင်လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကိုအလေးပြုတယ်။
  • အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
  • လွယ်တာက သူများရဲ့  အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်းသိမြင်ဖို့ပါ။
  • သယ်သူမှ အတိတ်ကိုပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့လူတိုင်းလုပ်လို့ရပါတယ်။
  • ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာမလိုပါဘူး။ ဖြေရှင်းလို့မရဘူးဆိုရင်လည်းစိတ်ပူနေလို့ ဘာများထူးလာမှာ မို့လို့လဲ။
  • အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုရပြီဆိုရင် သင့်မျက်လူံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။မျက်ရည်တွေက သင့်ရှေ့ကပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။
  • မျက်နှာကိုပြုပြင်လိုက်တာဟာ ဘာကိုမှပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကိုရင်ဆိုင်လိုက်တာကတော့ အရာရာကိုပြောင်းလဲသွားစေနိုင်ပါတယ်။
  • သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင်ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
  • အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့အဲ့ဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကိုအောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် “အတွေ့ အကြုံ“ဆိုတာ ဖြစ်လာပါတယ်။
  • ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာတည်ငြိမ်မှုရှိပါ။
  • အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန်နန်းဆွဲခံထားရတဲ့ကြေးတွေဟာလည်း ၀ိုင်ယာကြိုးတွေဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ကျောက်တုံးတွေဟာလည်းရုပ်ထုတွေဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှု ခံစားမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။

ကျေးဇူးပါ အကို....

Published by သူမလေး under on 8:06 PM
ကျေးဇူးပါအကိုရေ။ သူမလေးလည်း အလုပ်စ၀င်နေရပြီဆိုတော့ စာမရေးဖြစ်ဘူးဖြစ်နေတယ်။ ဒါမေပမယ့်လည်း အကိုကမိတ်ဆက်ပေးလိုက်ပြီဆိုတော့ရေးရတော့မှာပေါ့လေ၊ဟိဟိ။သူမလေးဒီဘလော့လေးကိုလုပ်ဖြစ်တဲ့ရည်ရွယ်
ချက်ကတော့ဘာရယ်မဟုတ်ပါဘူး။သူမလေးကစာရေးတဲ့ပိုင်းမှာအားနည်းတယ်၊အဲ့ဒီတော့ဘလော့ရေးတဲ့အတွက်
တခုခုများကိုယ့်အတွက် အကျိုးရှိစေမလားရယ်လို့ပေါ့။ ကဗျာဆိုတာကလည်း မနေ့တနေ့ကမှစရေးတာ၊ အဲ့ဒီတော့ အမှားလေးတွေပါကောင်းပါနိုင်ပါတယ်။သူမလေးဘလော့မှာရေးထားသမျှအားလုံးဟာ သူမလေး ခံစားချက်သက်သက်ကိုပဲရေးထားတာပါ။ဘယ်သူတဦးတယောက်ကိုမှမရည်ရွယ်ပါဘူးရှင်။အချို့သောစာများသည် သူမလေး အတွက် ဗဟုသုတရစေရန်၊ အမှတ်တရဖြစ်စေရန် ရေးမှတ်ထားသောစာများဖြစ်ပါတယ်ရှင့်။ တိုက်ဆိုင်မှုများရှိခဲ့ရင်တော့ ခွင့်လွှတ်ပေးဖို့ အခုထဲက ကြိုတောင်းပန်ပါတယ်ရှင့်။
 

မြန်မာစံတော်ချိန်

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။