သူမလေးရဲ့ခိုနားရာ

Copyright ပြသနာ

Published by သူမလေး under on 2:29 AM
ဒီနေ့ရုံးမှာ စာတစောင်ရောက်လာတယ်။ ထူးဆန်းတာမှတ်လို့ စာရောက်တာများလို့ ပြောချင်ပါလိမ့်မယ်။ ထူးဆန်းပါတယ်၊ထူးဆန်းတယ်ဆိုတာထက် သတိပေး ဆင်ခြင်စရာလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ သူမလေးဆို စာဖတ်ပြီးတော်တော်တုန်လှုတ်သွားမိတယ်။ ကိုယ်နဲ့မဆိုင်ပေမယ့် နောက်မလုပ်ရဲအောင်ဖြစ်မိတယ်။ လုပ်ထားပြီးသား တွေတောင်ပြန်စစ်မိတယ်။ ဘယ်လိုလည်းဆိုတော့ စာက UK web license ရုံးကပို့လိုက်တာပါ။ ဖြစ်ပုံက ရုံးက senior မမက ဒီဇိုင်းလုပ်တာကို ကိုယ့် ပစ္စည်းပုံကိုမထည့်ပဲ net ကနေ ပုံလှလှလေးရှာတွေ့တာနဲ့ အစားထည့်လိုက်တယ်။ ပုံက၂ပုံတည်းပါ၊ ဒါပေမယ့် တပုံကို US$၁၉၀၀ကျော်တောင်ပေးရမှာ။ ၂ပုံအတွက်ဆိုတော့ တွက်သာကြည့်လိုက်ပါတော့။ မန်နေဂျာကတော့သူဖြေရှင်းပေးမယ်တဲ့..ဒါပေမယ့် ပေးရမယ့် ပိုက်ဆံက ကိုယ့်လခထဲက ဖြတ်မှာလေ။ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာတော့ သိတယ်၊ ဒီလောက်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး။ တော်သေးတယ်လို့ ပြောရမယ် companyကို တရားမဆွဲတာ။ ဒီလို ကော်ပီကူးလို့ ကျောင်းတုန်းက တခါဖြစ်ဖူးတယ်၊ သူငယ်ချင်း တယောက်လုပ်ထားပြီးသား Projectကို သူမလေးတို့အဖွဲ့ က ကော်ပီကူးသလိုဖြစ်သွားတယ်။ ဒါပေမယ့် သူ့Project ရဲ့Layout ကိုပဲယူတာပါ၊ ဆရာကသိသွားတော့ အားလုံးကို ခရေစေ့တွင်းကျလိုက်ရှာတော့တာပဲ။ ဆရာဆိုတာ ဒေါသထွက်လိုက်တာအရမ်းပဲ၊ ပိုဆိုးတာက ဆရာက သူမလေးတို့ အဖွဲ့ ကို အရမ်းချစ်တာ။ သူချစ်တဲ့ကလေးတွေက သူ့ကိုအဲ့လိုလုပ်တာဆိုတော့ ပိုစိတ်တိုတာပေါ့။ Projectတခုလုံးကို၂ရက်အတွင်း အစအဆုံးပြန်လုပ်ခိုင်းတယ်။ မဟုတ်ရင် အကျတဲ့၊ အကျမခံနိုင်တော့ ၂ရက်ဆိုလည်း၂ရက်ပေါ့ဆိုပြီး ပြီးသလောက် မြန်မြန်လုပ်ရတာ။ သူများနဲ့ဆင်တူယိုးမှားဖြစ်မှာလည်းဆိုးရသေးတယ်။ အဲ့ဒီကတဲက လန့်နေတာ အခုတော့ ပိုဆိုးသွားပြီ။ အကိုကတော့ ပြောတယ် ကျောင်းမှာမို့ ဒီလောက်နဲ့ရတာ၊ အလုပ်ထဲမှာဆို ပိုဆိုးမယ်တဲ့။ ပြောချင်တာတော့ ရုံးမှာ ဖြစ်ခဲ့တာကိုပါ။ ဒါပေမယ့် လေရှည်သွားပြီ၊ ဟိဟိ။ စိတ်ထဲရှိတာရေးလိုက်တာမို့ ဖတ်ရတာအဆင်ပြေမလားတော့မသိဘူး။ အဆင်မပြေခဲ့ရင်တောင်းပန်ပါတယ်ရှင်။

3 comments:

Anonymous said... @ 1/22/09, 4:22 PM

အင်း copyright ကတော့ မလုပ်တာ အကောင်းဆုံးပဲ ...သူ့ရင်ဘတ်နဲ့ ကိုယ့်နာမည်နဲ့ ဘာလုပ်မှာလဲ ...
ကိုယ်ကိုယ်တိုင် ဖန်တီးတာလေးတွေပဲ တန်ဖိုးရှိပါတယ် .. အခုလို တင်ပေးတာ ကျေးဇူးနော် ညီမလေး :)

ကိုစွမ်း said... @ 1/26/09, 1:50 AM

အော် .. အဲလိုတွေလည်း ရှိတာပဲလား သိဘူးဗျို့ :P

ဒေါင်းမင်း said... @ 1/30/09, 2:54 AM

ဟီးအဲလိုလဲရှိတာပဲလား..အခုလိုပြောပြတာသိရတာပေါ့
မြန်မာပြည်မှာဆိုဒူမှတရားစွဲမှာဟုတ်ဘူးသေချာတယ်

Post a Comment

 

မြန်မာစံတော်ချိန်

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။