သူမလေးရဲ့ခိုနားရာ

မာလာဟင်း

Published by သူမလေး under on 4:45 AM
မင်္ဂလာပါရှင်။ အကိုမိုးသောက်က ဟင်းချက်ရင်ကျွေးပါအုံးပြောလို့ သူမလေး ချက်စားဖြစ်တဲ့ မာလာဟင်းလေးကို အကိုနှင့်တကွမောင်နှမအားလုံး စားနိုင်အောင်တင်ပေးပါရစေနော်။မာလာဟင်းချက်မယ်ဆိုရင် ထည့်ရမည့်ပစ္စည်းအမယ်တော်တော်များပါတယ်။ သူမလေးကတော့ မေမေထည့်ပေးလိုက်တဲ့ ReadyMadeမာလာဟင်းထုပ်နဲ့ဆိုတော့ အဆင်ပြေပါတယ်။ မဟုတ်ရင် ထည့်ရမှာတွေကများတော့ တယောက်တည်းဆိုလုပ်မစားဖြစ်ဘူး။ ပျင်းတာလည်းပါတာပေါ့။ ကဲ စချက်မယ်...အရင်ဆုံး မှိုခြောက်ပန်းခြောက်တွေရယ် မာလာခေါက်ဆွဲခြောက်တွေရယ်ကို ရေနဲ့ (၁)နာရီကြာစိမ်ထားရပါမယ်။ ပြီးတော့ ရေနွေးပွက်ပွက်ဆူမှာ ကိုယ်စားလိုတည့် အသီးရွက်ကို(၁၀)မိနစ်ကြာထည့်ပြုတ်ရပါမယ်။ သူမလေးတော့ ကြာစွယ်ရယ်၊ မုန်ညှင်းဖြူရယ်၊ ဂေါ်ဖီရယ်၊ အာလူးရယ်ပဲထည့်ပါတယ်။ရေစိမ်ထားတဲ့ မှိုခြောက်ပန်းခြောက်တွေကိုလည်းပြုတ်ပေးရပါမယ်။ ပြီးပြီဆိုရင် မာလာနှစ်နဲ့ ရောနယ်ပြီးစားသုံးလို့ရပါပြီရှင်။ နယ်တဲ့နေရာမှာ ဟင်းပူနေတဲ့အချိန်မှာနယ်ရင် ပိုကောင်းပါတယ်။ ဟင်းအားလုံးနှံ့စေချင်တဲ့အတွက်ဖြစ်ပါတယ်။ အဟဲ အဲ့ဒါက အညွန်းထဲကပါတာပါ။ ကဲစားလို့ရပါပြီရှင်။



ဒါကတော့ မေမေထည့်ပေးလိုက်တဲ့ ReadyMadeမာလာဟင်းထုပ်ပါ။ အထဲမှာ အစာပလာအစုံပါပါတယ်။ ကိုယ့်ဟာကိုချက်စားမယ်ဆို လိုတာတွေရှိနေအုံးမယ် အခုတော့ အဆင်ကိုချောလို့။ ချက်ရမယ့်အညွန်းလည်းပါတော့ သူမလေး အတွက်အကိုက်ပါပဲ။ ကျေးဇူးပါမေမေ။



3 comments:

Anonymous said... @ 1/11/09, 11:26 AM

ဒန်ပေါက်မစားရတာကြာပြီ.....
တစ်ပွဲထဲဆိုတော့ မ၀ဘူးဗျ...

Anonymous said... @ 1/12/09, 5:28 AM

အကိုနွေသူရ...၁ပွဲထဲမ၀ရင် နောက်ထပ်ထပ်မှာပေးမယ်နော်။ ဟဲဟဲ...အမြဲလာလည်တဲ့ ဧည့်သည်ကြီးမို့ အထူးရှယ်မှာပေးပါ့မယ်။ ဒန်ပေါက်ပြောတာနော်။ :P

Anonymous said... @ 1/19/09, 1:22 PM

ဟား မာလာဟင်း ချက်ပြီးတာကို လာမပြောဘူး
များဘီ :P

Post a Comment

 

မြန်မာစံတော်ချိန်

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။