သူမလေးရဲ့ခိုနားရာ

သူမလေးရဲ့ ပထမဦးဆုံး ကြက်သားဗူးသီးချက်....

Published by သူမလေး under on 11:40 PM
မင်္ဂလာပါရှင်...သူမလေးအပျင်းကြီးနေတာနဲ့ဘာစာမှလည်းမရေးဖြစ်သလို ဘာပို့စ်မှလည်းမတင်ဖြစ်တာကြာပေါ့။ အရင်တပတ်ရုံးပိတ်တုန်းကလည်း ဟိုလှည့်ဒီလှည့်နဲ့ဘာမှကောင်းကောင်းမလုပ်ဖြစ်ဘူး။ ပိတ်တဲ့၎ရက်လုံး အကျိုးရှိရှိအိပ်နေတာ။ ဟီဟီ။ အခုတပတ်ပြန်ပိတ်ပြန်ပေါ့။ စီဘောစ်မှာလည်းလာကျိန်းတဲ့လူကရှိနေလေတော့ ဟဲဟဲ သူမလေးချက်စားဖြစ်တဲ့ ကြက်သားနဲ့ဗူးသီးဟင်းလေးကို ဝေငှပါမယ်ရှင်။ သူမလေးဟင်းချက်ရင် အမြဲ ဟင်းကြော်လုပ်စားတာများပါတယ်။ မချက်တက်တာလည်းပါတာပေါ့။ ဒီနေ့တော့ NTUCလည်းမသွားချင်ဘူး၊ Giantလည်းမသွားချင်တာနဲ့ အိမ်နားကဈေးမှာပဲဝယ်ဖြစ်တယ်။ ဈေးထဲမှာ အသီးရွက်တော်တော်စုံတယ်၊ ချဉ်ပေါင်ရွက်တောင်ရသေး။ မိုက်တာနော်...အဲ့ဒါနဲ့ သူမလေးလည်းဗူးသီးရယ်၊ သရက်သီးစိမ်းရယ် ဟိုဟာနည်းနည်းဒီဟာနည်းနည်းစီလျှောက်ဝယ်လာလိုက်တယ်။ အိမ်ရောက်တော့ သူမလေးဟင်းချက်ခါနီးရင် အမြဲဝင်ကြည့်ဖြစ်တဲ့ မမလုလု ဘလော့ထဲဝင်ပြီး ကြက်သားနဲ့ဗူးသီးချက်ကိုလိုက်ရှာရပါတယ်။ အဟဲ အခုသူမလေးချက်ထားတဲ့ ကြက်သားဗူးသီးဟင်းကတော့မမလုလုချက်တဲ့နည်းအတိုင်းပါပဲရှင်။ စားသွားကျပါအုံးနော်။


ဒါကတော့သရက်သီးသုပ်ပါရှင်။ သရက်သီးသုပ်လေးလည်းစားသွားပါအုံးနော်။


ဟင်းတွေပဲကျွေးနေတယ်ထင်မှာဆိုးလို့ ထမင်းပါတင်ပေးထားမယ်နော်။

3 comments:

ဒေါင်းမင်း said... @ 1/31/09, 12:37 AM

သူမလေးရေ..အိပ်ယာနိုးနိုချင်း..ကြက်သားဘူးသီးချက်
သရက်သီးသုတ်ကို..အားရပါးရစားသွားတယ်
နော်......ကောင်းမှကောင်း

မိုးသောက်(ရှမ်းလေး) said... @ 2/2/09, 10:23 AM

အင်း....
မြန်မာနိုင်ငံက အစားအစာတွေကို လွမ်းလိုက်တာဗျာ...

Anonymous said... @ 2/16/09, 7:00 PM

သယ်ရင်းရေ...
သရေကျအောင်လည်း သုပ်တတ်ပါပေ့...
နောက်လည်း လာအားပေးဦးမယ်နော်။
ဒါနဲ့ စကားမစပ်
ပထမပုံလေးရဲ့ အောက်က စာသားလေးမှာ “သ”တစ်လုံးကျန်ခဲ့တယ်။ ရက်သီးသုပ်ဆိုတော့ အစားအသောက်အသစ်လား မှတ်နေတာ... ခိခိခိ

Post a Comment

 

မြန်မာစံတော်ချိန်

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။