သူမလေးရဲ့ခိုနားရာ

HAPPY FRIDAY!

Published by သူမလေး under on 11:15 PM



ဝေး...သောကြာနေ့ရောက်ပြီကွ။ဟေးဟေးမနက်ဖြန်စောစောထစရာမလိုတော့ဘူး။ရုံး၂ရက်တောင်ပိတ်မှာဆိုတော့ အပီနားလိုက်မယ်။ သောကြာနေ့မြန်မြန်ရောက်ပါစေလို့ ဆုတောင်းနေတာ၊ အခုမှပဲရောက်တော့တယ်..ဟီဟီ။ အရင်ကျောင်းတက်တုန်းကကျောင်းကတော့ တနေကုန်ရှိတယ်။ ဒါပေမယ့်အတန်းချိန်က နေ့လည်ပိုင်းမှရှိတာဆိုတော့ မနက်ပိုင်း အချိန်တွေက လစ်လိုက်၊ ပျက်လိုက်နဲ့ ဆိုတော့ မသိသာဘူး။ အခုအလုပ်ဝင်ရတော့ မနက်အစောကြီးမထချင်ထချင်နဲ့ထနေရတယ်။ အလုပ်က ၁၀နာရီမှစပေမယ့် သူမလေးနေတဲ့နေရာနဲ့ကဝေးတော့ မနက်၇နာရီ၄၅ထဲကထပြီးပြင်ရတယ်။ ဆိုးလိုက်တဲ့ ဘ၀၊:D နောက်လဆိုရင်တော့ အလုပ်နဲ့နီးတဲ့နေရာပြောင်းဖြစ်မယ်ထင်တာပဲ။ ညနေပိုင်း အလုပ်ပြီးချိန် အကို၊အမတွေနဲ့တွေ့ဖို့ချိန်းထားတယ်။ အားလုံးက အလုပ်ဝင်နေပြီဆိုတော့ ဒီလိုသောကြာနေ့အလုပ်ပြီးချိန်မှပဲတွေ့ဖြစ်တော့တယ်။ စနေ၊တနင်္ဂနွေလိုနေ့မျိုးမှာ ဘယ်မှမထွက်ချင်ဘူး။ ၁ပတ်လုံးဝတ်ထားတဲ့ အ၀တ်တွေလျှော်စရာရှိတယ်၊ ဟင်းကောင်းကောင်းလေးချက်စားမယ်၊ :P ၁ပတ်စာဈေးသွားဝယ်ရမယ်၊ ဒေါင်းလုပ်ချထားတဲ့ ကာတွန်းကားတွေကြည့်ရအုံးမယ်၊ အိမ်မှာကောင်းကောင်းနားလိုက်မယ်။ :D... မနက်ဖြန် စနေနေ့က “ပြာသိုလပြည့်နေ့၊ အမေများနေ့ပါ“။ မေ့ ကိုဖုန်းထဲကပဲကန်တော့ရတော့မယ်။ သူမလေး “မေ“ နှင့် တကွကမ္ဘာပေါ်မှာ ရှိတဲ့ အမေများအားလုံး ကျန်မာ၊ချမ်းသာရှိပါစေ၊ သူတို့ချစ်တဲ့မိသားစုလေးနဲ့ သက်ဆုံးတိုင်ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ၊ ကောင်းမှုကုသိုလ်များဆထက်တပိုးပြုလုပ်နိုင်ပါစေလို သူမလေး ဆုတောင်းပေးလိုက်ပါတယ်ရှင်။

2 comments:

Anonymous said... @ 1/9/09, 4:59 PM

ဒေါင်းလုပ် ချထားတဲ့ ကားကလည်း ကာတွန်းကားတဲ့ ..
အမေများနေ့မှာ အစ်ကိုတွေကိုပါ ကန်တော့ရင် ကုသိုလ် ပိုရတယ်လို့ ကြားဖူးတယ် အဟဲ ...
ဟင်းချက်ပြီးရင် နည်းနည်း ၀ဲလိုက်ဦးနော့ ဒီဘက်ကို :P

Anonymous said... @ 1/9/09, 5:45 PM

ဒီအကိုတယောက်ကတော့ ပေါက်တက်ကရပြောပြီ။ အမေများနေ့နဲ့ အကိုတွေနဲ့ဘာဆိုင်လို့လည်းတဲ့....ဟွန်း။ ကန်တော့ဆိုလည်းကန်တော့ပါတယ်အကိုရယ်...တကြိမ်၊နှစ်ကြိမ်၊၃ကြိမ။ဟိဟိ..ကဲအကို ဆုများများပေး။

Post a Comment

 

မြန်မာစံတော်ချိန်

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။