သူမလေးရဲ့ခိုနားရာ

သူမလေး အတွက် သတိပေးစကားများ...

Published by သူမလေး under on 11:33 PM

ဒီနေ့အလုပ်ထဲမှာဖတ်မိတဲ့စာလေးတွေပါ။သူမလေးစိတ်နဲ့တိုက်ဆိုင်နေတာလေးတွေပါနေတဲ့
အတွက် ကိုယ့်ကိုကိုယ် သတိပေးတဲ့ အနေနဲ့ ရေးဖြစ်သွားတာပါ။


  • ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှနှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲ့ဒီလိုပြိုင်လိုက်တာဟာကိုယ့်ကိုကိုယ်စော်ကားလိုက်တာပါပဲ။
  • သယ်သူမှသော့တံမရှိတဲ့သော့ခလောက်ကို မဖန်တီးပါဘူး။ အဲ့ဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ပြဿနာကိုမပေးပါဘူး။
  • သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀ကသင့်ကိုပြုံးပြီးကြည့်တယ်။ သင်သူများတွေကိုပျော်ရွှင်အောင်လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကိုအလေးပြုတယ်။
  • အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
  • လွယ်တာက သူများရဲ့  အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်းသိမြင်ဖို့ပါ။
  • သယ်သူမှ အတိတ်ကိုပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့လူတိုင်းလုပ်လို့ရပါတယ်။
  • ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာမလိုပါဘူး။ ဖြေရှင်းလို့မရဘူးဆိုရင်လည်းစိတ်ပူနေလို့ ဘာများထူးလာမှာ မို့လို့လဲ။
  • အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုရပြီဆိုရင် သင့်မျက်လူံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။မျက်ရည်တွေက သင့်ရှေ့ကပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။
  • မျက်နှာကိုပြုပြင်လိုက်တာဟာ ဘာကိုမှပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကိုရင်ဆိုင်လိုက်တာကတော့ အရာရာကိုပြောင်းလဲသွားစေနိုင်ပါတယ်။
  • သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင်ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
  • အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့အဲ့ဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကိုအောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် “အတွေ့ အကြုံ“ဆိုတာ ဖြစ်လာပါတယ်။
  • ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာတည်ငြိမ်မှုရှိပါ။
  • အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန်နန်းဆွဲခံထားရတဲ့ကြေးတွေဟာလည်း ၀ိုင်ယာကြိုးတွေဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ကျောက်တုံးတွေဟာလည်းရုပ်ထုတွေဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှု ခံစားမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။

2 comments:

thihanyein said... @ 1/6/09, 2:43 AM

ကောင်းမွန်တဲ့ပို့စ်လေးကိုဖတ်ရတဲ့အတွက်
ကျေးဇူးတင်ပါတယ်ကွယ် ...ဘ၀လမ်းညွန်တွေပေါ့

Anonymous said... @ 1/7/09, 12:11 PM

အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။

မှန်တာပေါ့ ညီမလေးရေ .. အားလုံးဟာ မှတ်သားစရာတွေချည်းပါပဲ .. ကျေးဇူးဗျာ ..
ကြိုးစားနော် :)

Post a Comment

 

မြန်မာစံတော်ချိန်

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။