သူမလေးရဲ့ခိုနားရာ

သူမလေးနဲ့ မိတ်ဆွေစစ်

Published by သူမလေး under on 6:17 AM
အမတစ်ယောက်ပို့ပေးတဲ့Forward mailလေးကို ကြိုက်လို့ ဗဟုသုတအနေနဲ့ သိမ်းထားချင်လို့ပါ။

မိတ်ဆွေစစ်ဆိုတာ...

(၁)ပေးနိုင်ခဲတဲ့ပစ္စည်း ကို ပေးတယ်။
(၂)ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ်။
(၃)သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ်။
(၄)သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ်။
(၅)မိမိလျှို့ ဝှက်ချက်ကို အခြားသူအားမပြောဘဲ လျှို့ ဝှက်ထားတယ်။
(၆)ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး။
(၇)ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး။

မိတ်ဆွေအတုအယောင် လေးယောက်...

(၁)မိမိထံမှပစ္စည်းငွေကြေးကို ယူပဲ ယူတက်သူ၊ ပြန်မပေးတက်သူ။
(၂)လက်တွေ့မပါ စကားနဲ့ပဲ ပေးတက်သူ။
(၃)မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီပြောတက်သူ။
(၄)ဘ၀ပျက်စီးကြောင်းတွင် အပေါင်းသင်းဖြစ်သူ။

(၁)ယူပဲယူတက်တဲ့ မိတ်ဆွေရဲ့သဘောသဘာဝမှာ..
မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ်။
သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ်။
သူ့ကိုယ်ကျိုးအတွက်ပဲပေါင်းသင်းတယ်။

(၂)စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ..
လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ်။
မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ်။
အချီးအနှီးဖြစ်တဲ့လောကွတ်စကားနဲ့ ချီးမြှောက်တယ်။
ဖြစ်ဆဲကစ္စတွင် ပျက်ဆီးခြင်းကိုပြတယ်။

(၃)အကြိုက်ကိုလိုက်ရ်ျပြောတတ်တဲ့မိတ်ဆွေသဘာဝ..
မကောင်းမှုလုပ်တာကိုလည်း ခွင့်ပြုတယ်။
ကောင်းမှုလုပ်တာကိုလည်း ခွင့်ပြုတယ်။
မိမိရှေ့ တွင် မိမိကို ချီးမွမ်းပြောဆိုတယ်။
မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကိုပြောတယ်။

(၄)ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူမိတ်ဆွေ..
သေရည်အရက်သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။
အချိန်အခါမဲ့ လည်ပတ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။
ပွဲလမ်းသဘင်ကြည့်ရှုတဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။
လောင်းကစားလုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။

သူမလေးလည်းနှစ်သစ်မှာမိတ်ဆွေအစစ်မှန်နဲ့တွေ့ပြီးမိတ်ဆွေအတုယောင်နဲ့ကင်းဝေးချင်တယ်။အားလုံးအားလုံး
လည်း မိတ်ဆွေအစစ်မှန်နဲ့ပဲပေါင်းသင်းနိုင်ပါစေလို့ နှစ်သစ်ဆုတောင်းပါးလိုက်ပါတယ်ရှင်။

Say Hello to 2009

Published by သူမလေး under on 9:07 PM

2008 is going to finish.

Now, we need to face 2009

There may be risks involved.

We may need to face roadblocks.

So stay alert.

Share time with friends.

Jump over obstacles.

With care.

And caution.
Face challenges.

Remember to laugh.

Cooperate!

Discover!

Make new friends.

Above all....be ready for adventure.

Stick together!

And you will be able to go far.

Very far....!

Well, not quite that far....!


Always take time to smell the flowers!

Don't forget to relax and enjoy!

And don't forget those, who likes u very much!


Just 12 more days to Go Advance New Year-2009 wishes for all!

သူမလေးရဲ့ January ၂ရက်

Published by သူမလေး under on 10:13 PM
2nd January မင်းဟာငါ့အတွက် စတင်ခြင်းပေါ့

ငါ့အတွက် ကံကောင်းခြင်းသာယူဆောင်လာပါ Januaryရယ်

နှစ်သစ်ရဲ့ အစမှာ ငါလည်းမင်းနဲ့အတူအစပြုရတော့မှာပေါ့

ငါတို့ နှစ်ယောက်ပေါင်းပြီးလောကကြီးကိုရင်ဆိုင်လိုက်ကျတာပေါ့ကွာ

အခက်ခဲဆိုတာငါတို့မှာမရှိနေစေရဘူး

ငါတို့ကိုမှီတွယ်နေတဲ့ လူသားတွေကို ပျော်ရွှင်ချင်းတွေ ဝေငှလိုက်ပါဆို့

ချစ်သော Januaryရယ်....

တောင်တန်းပေါ်က တိမ်တိုက်များ...

Published by သူမလေး under on 11:00 PM





ဟိဟိ ခပ်တည်တည်နဲ့ကိုယ်ရောက်ဖူးသလိုလိုဖောရှောလုပ်ပြီးတင်လိုက်ပါပြီရှင်။ ဒီပုံလေးတွေကတော့ အမ်းတောင်ကြားလမ်းမှာရိုက်ထားတာပါ။ တောင်၂ခုကို မြေတွေဖို့ပြီး လမ်းဖောက်ထားတာတဲ့။ အကိုကြီးပြောပြတာပါ၊ ဟိဟိ။

နဂါးပွက်အိုင်...

Published by သူမလေး under on 3:44 AM





နဂါးပွတ်အိုင်တဲ့...ကြားတော့ ကြားဖူးတယ် တခါမှတော့မရောက်ဖူးပါဘူး မင်းဘူးနားမှာရှိတယ်ဆိုတာတော့သိတယ်။ ဒီနေ့ သူမလေး အကိုတစ်ယောက် အဲ့ဒီက ပြန်လာလို့ သူမလေးမြင်ဖူးအောင် ပို့ပေးလိုက်တဲ့ ဓါတ်ပုံလေးတွေပါ။ ကြည့်ရတာ ထူးဆန်းပြီး ကြောက်စရာကောင်းနေသလို ခံစားရတယ်။

သူမလေး နဲ့ ဟာသများ..

Published by သူမလေး under on 12:19 AM
Planetထဲက ဖတ်မိတဲ့ဟာသလေးတွေပါ။ သူမလေး သဘောကျလို့ သိမ်းထားချင်ယုံသက်သက်ပါ။

ကံကောင်းတဲ့ မောင်....

လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။ သတင်းကြားသဖြင့် ဆေးရုံသို့ လိုက်လာသော ၄င်း၏ဇနီးက ၀မ်းသာအားရပြောလိုက်ပုံက...

“မောင်ရယ်၊ ကံကောင်းလိုက်တာနော်။ မနေ့ကပဲ မောင် မတော်တဆမှုအတွက် အာမခံ လုပ်ထားလိုက်တယ်။ ဟော … ဒီနေ့ပဲ ကားတိုက်ခံရပြီ”


ကြောက်သွားပြီ.....


သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြစဉ်၊ တစ်ယောက်ကပြောတယ်

“တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်”

အံ့သြသွားသော အခြားသူငယ်ချင်းက အကြောင်းရင်းကိုမေးရာ ပထမတစ်ယောက်က ပြန်ဖြေလိုက်တယ်

“တလောကကွာ၊ ငါအပြင်မှာ သောက်တာ တော်တော်များသွားတယ်။ အဲဒါ အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက နှစ်ယောက်ဖြစ်နေတယ်လို့ ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။ နောက်တစ်ခါ အဲဒီလောက် ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ထပ်မဖြစ်ချင်တော့ဘူးကွာ”

သွားမှဖြစ်မယ်....


ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက ဖုန်းလှမ်းဆက်တယ်

“ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ တစ်အိမ်လိုနေလို့”

ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ ဖုန်းဆက်ကြောင်း ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော ယောက်ျားကိုကြည့်ရင်း ဇနီးဖြစ်သူကမေးတယ်

“ဟိုမှာ တော်တော်လေး အရေးကြီးနေလို့လား မောင်”

ဆရာဝန်က ခပ်တည်တည်ပြန်ဖြေလိုက်ပုံက

“အရေးကြီးတာပေါ့။ ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ”


နေလိုလူ...

အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို မိန်းကလေးများ ၀ိုင်းမေးကြတယ်

“ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ”

မိန်းကလေးကဖြေသည်။

“ငါ့ယောက်ျားက နေလို ယောက်ျားဟ”

သူငယ်ချင်းများက ၀ိုင်းပြောသည်။

“တယ်လဲ ကောင်းတဲ့ ဥပမာပါလား။ နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ် မြင့်မြတ်တယ်လို့ ပြောချင်တာပေါ့”

မိန်းကလေးက ရှင်းပြသည်။

“ဟုတ်ပါဘူးဟာ။ နေဆိုတာ မနက်ဖက်ပဲရှိပြီး ညဘက်ဆိုရင် ပျောက်သွားတယ်မဟုတ်လား”

“တို့အားလုံးရဲ့ အနာဂတ်“

Published by သူမလေး under on 5:31 AM
“အိပ်မက်လေးတခု အစပြုလာတော့
ထပ်ခါစဉ်းစားပျော်လိုက်ရတာ
တကယ့်လက်တွေ့မှာ အမှန်ဖြစ်လာဖို့
ငါတို့ အားလုံးကြိုးစားရအုံးမှာပေါ့ သူငယ်ချင်းတို့ရယ်“

ဘာရယ်မဟုတ်ဘူး မနက်က အလုပ်တခုအကြောင်းစဉ်းစားမိပြီး ရေးထားတာပါ။ ဘာဆက်ရေးရမှန်းမသိတော့လို့ တိုတိုလေးဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် အဓါပ္ပါယ်လေးတော့ရှိနေတာပါပဲ။

I can fly!

Published by သူမလေး under on 10:53 PM
ဒီနေ့ သူမလေး ပျော်နေတယ်၊ အလုပ်ရသွားပြီ မထင်ထားဘူး EP လျှောက်ပေးလိမ့်မယ်လို့၊ ကျေးဇူးပါ။ ဒီအလုပ်က သူမလေး ဘ၀မှာ ပထမဦးဆုံး အလုပ်ပါ။ အမှတ်တရပေါ့။ ပိုပြီးအမှတ်တရဖြစ်သွားအောင် သူမလေး ဘ၀ရဲ့ ပထမဦးဆုံးလေးတွေကိုဒီဘလော့လေးမှာ မှတ်ထားမယ်။ ၂၇.၄.၂၀၀၇ ဖေဖေ၊မေမေ၊မောင်လေး၊ညီမလေးတွေကို ခွဲပြီးဒီကိုလာတဲ့နေ့လေးပေါ့။သူမလေးငိုခဲ့ရတဲ့နေ့၊ သူမလေးတယောက်တည်း ရပ်တည်ခဲ့ရတဲ့နေ့ဆိုလည်းမမှားဘူး။ ၁၇.၈.၂၀၀၇ သူမလေး ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်လုပ်ဖြစ်တဲ့ အလုပ်လေးပါ။ ၁.၇.၂၀၀၈ ပထမဦးဆုံး ထမင်းဟင်းစချက်စားတဲ့နေ့။ ၂၃.၉.၂၀၀၈ ပထမဦးဆုံး PartTimeလုပ်ဖြစ်တယ်၊ ပထမဦးဆုံး သူမလေး လုပ်အားခ ရလိုက်တဲ့နေ့လေးပါ။ ၂.၁၁.၂၀၀၈ ပထမဦးဆုံး မေမေတို့ မပါပဲ သူမလေး ဘွဲ့ယူခဲ့ရတယ်၊ :( ။နောက်ဆုံး ဒီနေ့လေး ၁၀.၁၂.၂၀၀၈။

Master Love Song အခွေထဲက သူမလေးကြိုက်တဲ့ သီချင်းလေး ၂ပုဒ်ပါ။

Published by သူမလေး under on 4:06 AM







ကို J-Meရဲ့ သီချင်းတွေပါ။

Published by သူမလေး under on 1:03 AM









ဒီသီချင်းလေးတွေနားထောင်တိုင်း သူငယ်ချင်းတွေနဲ့ မင်းကွန်း သွားလည်တုန်းက အချိန်တွေကို ပြန်သတိရမိတယ်။ လွမ်းတယ် သူငယ်ချင်းတို့ရယ်။

သူမလေး အကြိုက်ဆုံးသီချင်းတပုဒ်ပါ။

Published by သူမလေး under on 12:29 PM
















မင်္ဂလာပါရှင်

Published by သူမလေး under on 10:59 PM
သူမလေး ဘလော့လေးမှကြိုဆိုပါတယ်ရှင်။
 

မြန်မာစံတော်ချိန်

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။