သူမလေးရဲ့ခိုနားရာ

My Star Box

Published by သူမလေး under on 11:11 PM
"မိုးပေါ်မှာကြယ်တလုံး တိမ်ဖုံးပါလို့ လမသာ၊
သာတဲ့အခါသာပါလိမ့် နတ်ဒေ၀တာသူဖန်ဆင်း ဖိုးရွှေလမင်း"




ကျွန်မချစ်တဲ့ကြယ်လေးတွေပါ။

ရွှေတြိဂံ

Published by သူမလေး under on 10:50 PM

မင်္ဂလာပါရှင်။ သူမလေးလည်းအခုတလော ဒါရိုက်တာတပိုင်းဖြစ်နေတယ်။ ဟဲဟဲ စကားလုံးကသိပ်များကြီးသွားလားမသိဘူးနော်။ အခုလည်းနောက်ထပ်ကြော်ငြာတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ ဒီတခါကြော်ငြာကတော့ အစားအသောက်အကြောင်းပါ။ သိပြီးသားလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့အဲ့ဒီဆိုင်ဖွင့်တာ ၃၊၄ရက်တောင်ရှိပေါ့။ သူမလေးလည်းမအားတာနဲ့ ချက်ချင်းမတင်ဖြစ်တာ။ သူမလေးနဲ့က ဘာတော်လည်းဆိုတော့ အဟဲ မပြောပြတော့ဘူး၊ တော်ကြာဆိုင်မှာအလကားသွားစားနေမှာဆိုးလို့။ ဟဟဟ စတာပါ၊ ကိုယ့်အဒေါ်တွေစုဖွင့်ထားတဲ့ဆိုင်ဆိုပါတော့။

ဆိုင်လေးရဲ့ နာမည်ကတော့GoldenTriangle(ရွှေတြိဂံ)တဲ့။ ရှမ်းအစားသောက်နဲ့ ထိုင်းအစားစာတွေကိုအဓိကရောင်းပါတယ်။ ဘယ်မှာရှိလည်းဆိုတော့ မြန်မာတို့စုဝေးရာပန်နီစူးလားပလာဇာရဲ့မြေညီထပ်၊အိုရီရမ်တယ်ဟောက်စ်ရဲ့ဘေးမှာရှိပါတယ်။ နောက်ထပ်သိချင်သေးတယ်ဆိုရင်တောhttp://www.goldentrianglefood.com/မှာကြည့်နိုင်ပါတယ်။

အားလုံးပျော်ရွှင်ပါစေရှင်။

My Stationary

Published by သူမလေး under on 8:40 PM
မင်္ဂလာပါရှင်။ ကျွန်မလည်းအလုပ်တွေရှုတ်နေတာနဲ့ဘာစာမှမရေးဖြစ်ဘူး။ ဒီအပတ်အလုပ်မှာလည်းတော်တော်ပင်ပန်းတယ်၊အလုပ်ထဲက သူငယ်ချင်း၂ယောက်ကခွင့်ယူထားတော့ သူတို့အလုပ်တွေပါဝိုင်းကူလုပ်ပေးနေရတယ်။ ကိုယ့်လုပ်နေကျအပိုင်းမဟုတ်တော့ အမှားအရွင်းမရှိနိုင်အောင်အတက်နိုင်ဆုံးကြိုးစားလုပ်ရတော့ပိုပင်ပန်းတယ်။ clientတွေရဲ့dataတွေလုပ်ရတဲ့အချိန်ဆို စိတ်ပိုပင်ပန်းတယ်။ ကိုယ်ကအရမ်းရှန်းတက်တော့ မှားမှာဆိုးပြီးထပ်ခါထပ်ခါစစ်နေတာမပြီးနိုင်တော့ဘူး။ နောက်တပတ်ထဲတော့ခွင့်တရက်ယူထားတယ် မဟုတ်ရင်ဒေါင်းသွားနိုင်တယ်။

ဟိုနေ့က နားချိန်မှာစိတ်ကူးပေါက်ပေါက်နဲ့ ကိုယ့်ရဲ့အလုပ်စားပွဲပေါ်က ပစ္စည်းမွစိမွစိလေးတွေကိုဓါတ်ပုံရိုက်ဖြစ်တယ်။ ဒါလေးတွေကတော့correction pen၊ခဲတံ၊ခဲဖျက်နဲ့ပေတံလေးတွေပါ။ မြန်မာပြည်ကသယ်လာတဲ့ပစ္စည်းလေးတွေပေါ့ ကျောင်းတုန်းထဲကသုံးလာတာ အခုဆိုသူတို့လည်းအသက်၂နှစ်ရှိပေါ့ အဟဲ...။ အဲခဲတံကတော့ဟုတ်ဘူး ဒီက၀ယ်လိုက်တာ။ မြန်မာပြည်က၀ယ်လာတုန်းက အစိမ်းရောင်လေး ပိန်ပိန်ပါးပါးလေးနဲ့ချစ်စရာလေး။ အဲ့ဒါကလေး ကျွန်မပဲအထားမှားသလား၊ ကလေးတွေပဲယူဆော့သလားမပြောတက်ဘူးပျောက်သွားတာ။ အဲ့ဒါလေးပျောက်သွားတုန်းကဆို ကျွန်မသိပ်နှမျောမိတယ်။ ၁လလောက်အသစ်ပြန်မ၀ယ်ဖြစ်သေးပဲ အဲဒီခဲတံလေးများပြန်တွေ့လေအုံးမလားဆိုပြီး လိုက်ရှာမိသေးတယ်။ အဟီ...

ဒါလေးကလည်းကျောင်းတက်ထဲကသုံးလာတဲ့ပစ္စည်းတခုပါပဲ။ အခုနကပုံမှာမေ့ပြီးမထည့်မိလို့ သူ့ကို သက်သက် မင်းသားလုပ်ခိုင်းလိုက်တယ်။ ဟီ....သူ့မှာတပ်ပေးထားတဲ့keychangeလေးကိုတွေ့လား။ သူမလေးရဲ့မန်နေဂျာနဲ့စီနီယာကဆိုအဲ့ဒါလေးတွေ့တိုင်းပြောတယ်။ သူမလေးအစားပုတ်တာသိတာတယ်တဲ့ ဇွန်းနဲ့ခရင်းကိုအမြဲဆောင်ထားတာတဲ့။ဟဟဟ...ပြီးတော့ သူမလေးက stickerလေးတွေဆိုလည်းသိပ်သဘောကျတာ ကြည့်သူ့မှာလည်းstickerရှိတယ်ဟုတ်။ အပေါ်က ပေတံလေးမှာလည်းstickerလေးကပ်ပေးထားသေးတယ်။ ဟီ...

ဒါကတော့သူမလေးရဲ့အလုပ်စားပွဲဖြစ်ပါတယ်။ ဘာမှတော့သိပ်မရှိဘူး စားပွဲအပြည့်မရိုက်တာ ဘေးမှာစာရွက်တွေရှုတ်ပွနေတာရှိတော့တော်ကြာ လန့်ပြေးသွားမှာဆိုးလို့ ကွက်ပြီးတော့ပဲတင်လိုက်တာနော်။ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။

အခါလွန်သင်္ကြန်

Published by သူမလေး under on 7:13 PM
မင်္ဂလာပါရှင်။ သူမလေး လည်းမအားတာကတကြောင်း၊ ပျင်းနေတာကတကြောင်း အကြောင်းကြောင်းကြောင့် စာလည်းမရေးဖြစ်သလို ဘယ်ဆီမှလည်းမလည်ဖြစ်တာ မွေးနေ့ပြီးထဲကပဲ။ အခုလည်း စာရေးတာမဟုတ်ပါဘူး၊ ကြော်ငြာဝင်တာပါ။ ဟီ ကိုယ့်ကိုဘယ်သူမှမင်းသမီးတင်ပြီး ကြော်ငြာရိုက်ဖို့လာမငှားတော့ ကိုယ်ကပဲကြော်ငြာပေးရတယ်ဆိုပါတော့။ ကြော်ငြာခကတော့ ဟော့ပေါ့လိုက်ကျွေးမယ်ဆိုလားပဲ။ ဟီဟီ မိုးကုတ်သားရေ ငါတော့ကြော်ငြာပေးလိုက်ပြီနော်။ လိုက်ကျွေးဖို့သာပြင်ပေတော့။ အဟက်...အလကားစတာပါ။

စကားရှည်နေတာနဲ့လိုရင်းကိုမရောက်တော့ဘူး။ ကြော်ငြာချင်တာကတော့ ကျွန်မတို့ကျောင်းတော်ကြီးရဲ့ မဟာသင်္ကြန်ပွဲဖြစ်ပါတယ်ရှင်။ အကြောင်းအမျိုးမျိုးကြောင့်သင်္ကြန်နောက်ကျပြီးမှလုပ်ရတယ်ဆိုပေမယ့် ပျော်စရာကောင်းတဲ့ ပွဲတော်ကြီးဖြစ်လာမယ်ဆိုတာ ကျိန်းသေပါတယ်။ ဘာတွေပါမလည်းဆိုတာတော့ကျွန်မမပြောတော့ဘူးနော်။ အောက်ကပိုစတာထဲမှာကြည့်ကြည့်လိုက်ပါတော့။ အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ပါစေရှင်။

My B'Day

Published by သူမလေး under on 12:41 PM


မင်္ဂလာပါရှင်။ ဒီနေ့ ၁၄.၅.၂၀၀၉ရက်နေ့ဟာ သူမလေးရဲ့ ၂၂နှစ်မြှောက်မွေးနေ့ပေါ့။ တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့၊မွေးရက် တထပ်တည်းကျတဲ့နှစ်လည်းဖြစ်နေတယ်။ ဒီနေ့လေးကို ရင်ခုန်စွာနဲ့စောင့်နေခဲ့ရတယ်ဆိုရင် ယုံနိုင်မလား။


ပထမဦးစွာ သူမလေးကို လူ့လောကထဲရောက်အောင် အသက်နဲ့ရင်းပြီးမွေးထုတ်ပေးခဲ့တဲ့ ချစ်သောမေမေ့ကို သမီးမမေ့မလျှော့ကန်တော့ပါတယ်။ မေမေနှင့်ထပ်တူထပ်မျှ သမီးဒီလောကထဲရောက်လာချိန်မှာ တင့်တောင်းတင့်တယ်နေနိုင်အောင် လုပ်ကိုင်၊ ရှာဖွေကျွေးမွေးခဲ့တဲ့ ဖေဖေ့ ကိုလည်း ကန်တော့ပါတယ်။ ဒီ၂၂နှစ်အတွင်း သမီး ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ပြစ်မှားမိခဲ့တာရှိရင် ခွင့်လွှတ်ပေးပါလို့ သမီးဒီစာလေးနဲ့ ကန်တော့ တောင်းပန်ပါရစေ။ သမီးဆိုတာဖြစ်လာဖို့ အတွက်ဖေဖေနဲ့မေမေ့ကို ဆုံခွင့်ပေးတဲ့ ကျေးဇူးတင်ထိုက်သူအားလုံး၊ ဖိုးဖိုး ဖွားဖွား အားလုံးကို သမီးကန်တော့ပါတယ်။ နောက် လေးလေး၊ အန်တီ၊ ကိုကို၊မမအားလုံးကိုလည်း သမီး
ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ပြစ်မှားမိခဲ့တာရှိရင် ခွင့်လွှတ်ပေးပါလို့ ကန်တော့တောင်းပန်ပါတယ်ရှင်။ မောင်လေးနဲ့ညီမလေး တွေကိုလည်း မမကျေးဇူးတင်ပါတယ်။ မမရဲ့၂၂နှစ်တာတလျှောက်လုံးမှာ မမနဲ့အတူ ဖေဖေ၊မေမေတို့ကို စိတ်အချမ်းသာဆုံးဖြစ်အောင် ကျိုးစားပေးခဲ့တဲ့အတွက် မမ ကျေးဇူးအရမ်းတင်ပါတယ်။


ဖေဖေနဲ့မေမေ့ကိုလည်း သမီးကျေးဇူးအရမ်းတင်ပါတယ်။ ဘာလို့လည်းဆိုတော့ သမီးရဲ့မွေးနေ့ကို မမေ့မလျှော့ တကူးတက လုပ်ပေးတဲ့အတွက်ပေါ့။ အကို၊ အမ သူငယ်ချင်းအားလုံးနှင့်တကွ ဦးလေး၊ အန်တီလေးတို့ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ ဒီ့ထက်ဆက်ပြီးလည်းဘာရေးရမှန်းမသိတော့ဘူး။ သေခြာတာကတော့ ကျွန်မစိတ်ပျော်နေတယ်။ စိတ်ကြည်နူးနေတယ်ဆိုတာအမှန်ပါပဲ။ အခုပိုစ်လေးကို ညထဲကရေးမလို့ပဲ ဒါပေမယ့် အရမ်းအိပ်ချင်နေတာ့ မရေးဖြစ်လိုက်ဘူး။ ၁၂နာရီထိုးတော့ ကျွန်မအတွက်Wishလုပ်တဲ့ Messageတွေတခုပြီးတခုရောက်လာတာတောင် ကျွန်မမျက်လုံးဖွင့်ပြီးကောင်းကောင်းမကြည့်နိုင်တော့ဘူး။ စာတော့ပြန်ဖြစ်တယ်ထင်တာပဲ။ ကျွန်မရဲ့မွေးနေ့ကို မမေ့မလျှော့ Wishလှမ်းလုပ်ပေးတဲ့ ရုံးကစီနီယာမမနဲ့ သူငယ်ချင်းအကိုအမတွေကိုလည်းကျေးဇူးတင်ပါတယ်။


ဒီနေ့ မနက်မြန်မာနိုင်ငံက ၁၀နာရီကျရင် ဖေဖေနဲ့မေမေက ကျွန်မတို့နားက စာသင်ကျောင်းမှာစာသင်နေတဲ့ ကလေးတွေကို ကျွန်မမွေးနေ့အထိန်းအမှတ်အနေနဲ့ ထမင်းကျွေးဖြစ်မယ်။ နွေရာသီကြီး စာသင်တဲ့ကလေးတွေရှိလားဆို ရှိပါတယ်။ နယ်လှည့်သာသနာပြုဘုန်းဘုန်းက နွေရာသီယဉ်ကျေးမှုရက်တိုသင်တန်းလာဖွင့်တဲ့အတွက် ကျောင်းမှာကလေးတွေအများကြီး တက်နေတာရှိပါတယ်။ ဘုန်းဘုန်းကိုလည်းအာရှုဏ်ဆွမ်း၊ နေ့ဆွမ်းကပ်ရင်း ကလေးတွေကိုထမင်းကျွေးတာပါ။ အယောက်၇၀၀လောက်ရှိမယ်ပြောတယ်။ ဟိုနေ့ကဖေဖေ့မွေးနေ့တုန်းကတော့ ရွှေရင်အေး၊ မုန့်လက်ဆောင်းနဲ့ အာလူးပူတင်းကျွေးတယ်တဲ့။ ဒီနေ့ သူမလေးမွေးနေ့မှာတော့ ရက်ထပ်နှစ်နဲ့လည်းဆုံလို့ တကူးတက ထမင်းကျွေးဖြစ်တာတဲ့။ ဒီနေ့ကတိုက်တိုက်ဆိုင်ဆိုင် သင်တန်းရဲ့နောက်ဆုံးနေ့ ဆုပေးတဲ့နေ့လည်းဖြစ်တယ်တဲ့။ ဖေဖေ၊ မေမေ ကိုကျေးဇူးအရမ်းတင်ပါတယ်။ ညီမလေးတွေကတော့ဘာလုပ်ပေးမယ်မပြောတက်ဘူး။ မနေ့ညကဖုန်းခေါ်ကြည့်တာမရဘူး။ ဒီမနက်မှထပ်ခေါ်ကြည့်ရမယ်၊ ဒီညနေရုံးဆင်းရင် ဦးလေးနဲ့ အန်တီလေးတို့ကိုညစာလိုက်ကျွေးဖြစ်မယ်။ စိတ်ဝင်စားရင် လက်တို့လိုက်နော်။ :P
အကိုတွေအမတွေကိုက ၁၀ရက်နေ့ကကျွေးပြီးပြီ။ အဲ့နေ့ကဘုန်းကြီးကျောင်းလည်းသွားဖြစ်တယ်။ အကိုနဲ့မမတယောက်က islamicတွေဖြစ်နေတော့ Halalဆိုင်ကိုရှာထားရတာ အရင် တလလောက်တည်းကပဲ။ ကိုယ်ကလည်းကုလားစာတွေမစားတက်ဘူး။ မမကလည်း ပူပူစပ်စပ်လေးစားချင်တယ်ဆိုလို့ Soul Gardenမှာပဲစားဖြစ်လိုက်တယ်။ အကို၊မမတို့ကိုလည်းကျေးဇူးပါနော်။ အချိန်မရတော့လို့ အကိုမမတို့ပေးတဲ့လက်ဆောင်တွေကို မကြွားတော့ဘူးနော်။ ချစ်ချစ်ကလည်းလက်ဆောင်ပို့ပေးထားသေးတယ်။ ဟီ နောက် မေမေနဲ့ညီမလေးတွေကလည်းပို့ပေးထားသေးတယ်၊ ဒါပေမယ့်ဒီလကုန်လောက်မှရောက်မယ်ထင်တယ်။ အကိုတယောက်ကလည်းလှမ်းပို့ပေးထားသေးတယ် အဲ့ဒါလည်း မရောက်လာသေးဘူး။ :(


ဒါကတော့ အကို၊အမတွေဆုတောင်းပေးတဲ့ မွေးနေ့ဆုတောင်းလေးပါ။

May (our little sis), Happy birthday in advance and thank you so much for your AUSPICIOUS dinner.


WE ALL WISH WITH LOTS OF GOOD LUCK & BEST WISHES TO YOUR LONG ENJOYFUL AND SUCCESSFUL LIFE.



ဒါကတော့ ကျောင်းတုန်းကသူငယ်ချင်းတယောက်ပေါ့၊ နိုင်ငံမတူပေမယ့် အခုချိန်ထိညီမတွေကိုခင်နေခဲ့တာလေ... Thz Q Ashi....

Happy Happy B'day dear... May all ur sweet dreams come true...
Wishing u a brilliant year ahead :)
tc always..

With lots of luv n hugs....





ဘုန်းကြီးကျောင်းကပုံတွေပါ၊ အခုတော့ပြန်အိပ်လိုက်အုံမယ်နော်။ မနက်ကျမှမုန့်ထပ်ကျွေးမယ်၊ ၄နာရီခွဲနေပြီ။ မဟုတ်ရင်မနက်ဒေါင်းနေမယ်၊ ဟီ။

အားလုံးပဲပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေရှင်။

* Friends Star *

Published by သူမလေး under on 10:13 PM




* Friends Star *ဟိုနေ့ကသူငယ်ချင်းတွေနဲ့လက်ကမြင်းပြီးလျှောက်လုပ်ထားတာပါ။သူများလုပ်တဲ့စတိုင်ကိုသဘောကျလို့ လိုက်လုပ်ကြည့်တာ။ ဘယ်ဟာသူမလေးဖြစ်မယ်လို့ထင်လည်း။ ခန့်မှန်းကြည့်နော်၊ မှန်တဲ့သူ မနက်ဖြန်မွေးနေ့မှာ အ၀ကျွေးမယ်။

စိတ်ညစ်လိုက်တာဗျာ

Published by သူမလေး under on 7:45 AM

စဉ်းစားလေစိတ်ညစ်လေ။ ဟုတ်တယ်....ဘာလို့လည်းဆိုတော့ကိုယ့်အိတ်ထဲကပိုက်ဆံသူများအိတ်ထဲအလကား ထည့်ပေးလိုက်ရတော့မှာမို့ပါ။ ၂၈ရက်နေ့သူမလေးPRတင်ဖြစ်မယ်။ အဲ့ဒါနဲ့ဘာဆိုင်တုန်းဆိုတော့ဆိုင်ပါတယ်။ ကိုယ့်Passportကသက်တမ်း၇လပဲကျန်တော့တယ်။ အဲ့ဒီတော့ သက်တမ်းတိုးဖို့လိုအပ်တယ်ဆိုပါတော့ အဲ့ဒါကိုစဉ်းစားပြီး ခေါင်းကဆင်ခေါင်းလောက်ကြီးသွားတယ်။ Passportသက်တမ်းတိုးရင် သူတို့သက်မှတ်ထားတဲ့ကြေးက ၃၀၀၊ အဲ့ဒါပြီး ကိုယ်ကိုင်တဲ့Passကိုသူတို့သက်မှတ်ကြေးက အရင်က ၁၁၀တဲ့အခုတော့ ၁၃၀ဖြစ်သွားပြီပြောတာပဲ။ ငိုပြရင်တော့နည်းနည်းလျှော့နိုင်တယ်ပြောတာပဲ။ ဒါပေမယ့် ကိုယ်မှအဲ့လိုမလုပ်တက်တာ။ သူတို့ကိုလည်းအဲ့လိုမလုပ်ချင်ဘူး...အဲ့ဒီတော့ကိုယ်က တလုံးတည်း ၈၀၀လောက် ထွက်မှာ။ အဲ့ဒါကိုစဉ်းစားပြီး ကိုယ့်မှာငိုချင်လိုက်တာ။ အကို၊အမတွေနဲ့အဲ့ဒီအကြောင်းပြောနေထဲကငိုချင်နေတာ၊ သူတို့နဲ့လမ်းခွဲပြီးကိုယ်တစ်ယောက်တည်းပြန်လာတော့ မျက်ရည်စမ်းစမ်းဖြစ်နေပြီ၊ ရထားပေါ်မှာမို့မငိုမိအောင် အတင်းနှာခေါင်းကိုပိတ်ထားရတယ်။ ဒါတောင် တခါတခါမျက်ရည်ကကျကျလာတယ်။ ရထားပေါ်ကဆင်းလည်းဆင်းရော မေမေတို့ဆီကိုတခါတည်းဖုန်းဆက်ပြီးငိုတော့တာပဲ။ ကိုယ့်ကြောင့်မေမေနဲ့ဖေဖေစိတ်မကောင်းဖြစ်သွားမယ်ဆိုတာတော့စဉ်းစားမိပါတယ်။ ဒါပေမယ့် ဘယ်လိုမှမနေနိုင်တော့ဘူး၊ မေမေဖုန်းကိုင်တာနဲ့တခါတည်းတန်းငိုတော့တာပဲ။ မေမေနဲ့ဖေဖေကတော့ ကိုယ်စိတ်သက်သာရာရောက်အောင်ချော့မော့ပြောရှာတယ်။ ဘုရား၊တရားမမေ့ဖို့ မေတ္တာသုတ်များများရွတ်ဖို့နဲ့ သူများတွေအပေါ်မှာမေတ္တာထားဖို့၊ စိတ်ညစ်စရာတွေမတွေးဖို့ မှာရှာတယ်။ အငိုမျက်နှာနဲ့ပြန်လာတာမို့ အဒေါ်တွေတောင်စိတ်ပူနေကြတာ။ အားလုံးစိတ်ပူအောင်လုပ်မိတဲ့အတွက် သမီးတောင်းပန်ပါတယ်ရှင်။ ဒါပေမယ့် သူမလေးအဲ့ဒီနေရာကိုမသွားချင်ဘူး.........အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးစိတ်ညစ်တယ်။


*********သူမလေး စိတ်ခံစားမှုသက်သက်ကိုပဲရေးထားတာဖြစ်ပါတယ်။ ဘယ်သူ့သယ်သူကိုမှ စော်ကားလိုစိတ်မရှိပါဘူးရှင်။************

HappyBirthdayပါဖေဖေ

Published by သူမလေး under on 7:41 PM
HappyBirthdayပါဖေဖေ၊ မွေးနေ့မှာပျော်ရွှင်ပါစေ။ ဖေဖေချစ်တဲ့မိသားစုလေးနှင့်ပျော်ပျော်ရွှင်ရွှင်သက်ဆုံးတိုင်နေနိုင်ပါစေ။ သာသနာ့အကျိုးလည်းဆထက်ထမ်းပိုးသယ်ပိုးနိုင်ပါစေ။ သမီးတို့ကိုလည်းပိုချစ်နိုင်ပါစေ၊ မုန့်ဖိုးတွေလည်းများများပေးနိုင်ပါစေ။

အရင်နှစ်က ဖေဖေ့မွေးနေ့မှာ သမီးတစ်ယောက်တည်းမရှိနေပေမယ့်၊ အခုနှစ်ဖေဖေ့မွေးနေ့မှာတော့ ဖေဖေချစ်တဲ့ဖေဖေ့သမီးတွေတယောက်မှဖေဖေ့အနားမှမရှိနေနိုင်ဘူးနော်။ အဲ့ဒီအတွက်တောင်းပန်ပါတယ်ဖေဖေ။ သမီးတို့မရှိနေပေမယ့်လည်း သမီးတို့ချစ်တဲ့မေမေနဲ့မောင်လေးက ဖေဖေ့နံဘေးမှာရှိနေတဲ့အတွက်ဖေဖေကျေနပ်လိမ့်မယ်ထင်ပါတယ်။

ဖေဖေရေ အရာအားလုံးအတွက်ကျေးဇူးပါနော်။ မေမေလို့ အသက်နဲ့ရင်းပြီး သမီးတို့ကိုမမွေးရပေမယ့်၊ သမီးတို့ ဘ၀တိုးတက်စေဖို့အတွက်အသက်နဲ့ရင်းပြီး လုပ်ကိုင်ရှာဖွေပေးခဲ့တဲ့ဖေ့ဖေ့ကျေးဇူးကို သမီးတို့မောင်နှမတွေဒီတသက်မမေ့နိုင်ပါဘူး။ ဖေဖေ့အသက်၁နှစ်ကြီးသွားတာဟာ သမီးတို့အတွက်တော့ ဖေဖေအပေါ်၁နှစ်အကြွေးထပ်တင်သွားသလိုပါပဲ။ မိဘနဲ့သမီးကြားမှာ အကြွေးဆိုတာ မရှိဘူးဆိုပေမယ့် သမီးတို့အတွက်တော့ရှိတယ်ဖေဖေ။ သမီးတို့ဒီလိုဘ၀မျိုးနေနိုင်အောင်ပြုစုပေးခဲ့တဲ့အတွက်လည်း ပြောမပြနိုင်အောင်ကျေးဇူးတင်ပါတယ်။ ဖေဖေနဲ့မေမေ့ရဲ့သားသမီးဖြစ်ရတာ သမီးတို့ဂုဏ်ယူပါတယ်ဖေဖေ။ ပြီးတော့ ဖေဖေနဲ့မွေးလတူအောင်မွေးပေးခဲ့တဲ့မေမေ့ကိုလည်းကျေးဇူးပါလို့။။။။

ဖေကြီးနဲ့မေကြီး ကျန်းမာချမ်းသာပါစေ။


တခါက ဗေဒင်ဆရာနှင့်

Published by သူမလေး under on 12:59 AM


မင်္ဂလာပါရှင်၊ ခေါင်းစဉ်မှာရေးထားသလိုပဲ တခါက ဗေဒင်မေးခဲ့စဉ်ကအဖြစ်အပျက်လေးကိုသတိယလို့ ရေးဖြစ်တာပါ။ သူမလေး ဗေဒင်ကိုတကူးတကသွားမေးရလောက်အောင်ဝါသနာမပါပါဘူး၊ စာစောင်တွေ၊Magazineတွေထဲတွေ့မှသာ ဟိုကြည့်ဒီကြည့် ကြည့်ဖြစ်တယ်။ ကိုယ့်ဟာကိုဆို ဗေဒင်ဆရာဆီရောက်ဖို့ဆိုတာဝေးပါတယ်။

အိမ်မှာတော့ မေမေနဲ့ညီမလေးက ဗေဒင်မေးရတာသိပ်ဝါသနာပါတယ်။ ဘာလေးဖြစ်ဖြစ် ဗေဒင်ဆရာဆီသွားလိုက်ရမှ။ မောင်တ၀မ်းကွဲလေးနာမည်ပေးတာတောင်ဟိုမေးဒီမေးနဲ့ ကလေးက ၁နှစ်ကျော်လောက်မှ နာမည်အရင်းရှိတော့တယ်။ နောက်သူမလေး သူငယ်ချင်းတယောက်ရှိတယ်။ အဲ့တစ်ယောက်လည်း တူတူပဲ ဘယ်နား ကဗေဒင်ဆရာကောင်းတယ်ဆို ကျောင်းဖျက်ပြီးတော့ကို သွားမေးတာ...ဟိုးမတ္တရာထိရောက်တယ်။ ကိုယ်ကတော့လိုက်ပါဘူး။


ဒီအရွယ်ထိမှတ်မှတ်ရရ ဗေဒင်ဆရာဆီရောက်ဖူးတာ 3ခါပဲရှိတယ်။ တခါက မေမေနဲ့ နောက်တခေါက်က အခုနက သူငယ်ချင်းရယ်၊ ညီမလေးရယ်နဲ့ပါ။နောက်ဆုံးတခေါက် ညီမလေးနဲ့ပဲ ဆရာစံဇာနည်ဘိုဆီမှာပါ။ ဘယ်တုန်းကလည်းဆိုတော့ ကိုယ်ဒီကိုလာခါနီးကပေါ့။ ကိုယ်သွားရတော့မယ်ဆိုတော့ မေမေက အဆိုးအကောင်းမေးရအောင်ဆိုပြီးအဘမင်းသိင်္ခခြံခေါ်သွားတယ်။(နာမည်မပေါင်းတက်လို့ မှားရင်ခွင့်လွှတ်ပါ။)ကိုယ်ကလည်းမသွားချင်ဘူး အမျိုးမျိုးဂျီကျတာ မရဘူး။ မနက်စောစောထပြီး သွားရတယ်၊ တန်းစီနေရမှာဆိုးလို့တဲ့။ ကိုယ်ပဲကံကောင်းတာလားမသိဘူး ဟိုရောက်တော့ ပိတ်ရက်နဲ့ကြုံနေတယ်။
နောက်သူငယ်ချင်းတွေနဲ့အခေါက်ကတော့ ကိုယ့်အတွက်မှတ်မှတ်ရရပါပဲ။ အခုချိန်ထိတွေးမိရင် ရီချင်တယ်..တကယ်။ ဖြစ်ပုံက ညီမလေးနဲ့ သူငယ်ချင်းက သူတို့အလုပ်အတွက်ဗေဒင်သွားမေးမှာကို ကိုယ့်ပါအဖော်ခေါ်တယ်။ ကိုယ်က မလိုက်ချင်ဘူး သူတို့ မေးတာမြန်းတာဘာညာနဲ့မကြာဘူးဆို အနည်းဆုံး 1နာရီလောက်ကြာမှာလေ။ အစကကိုယ်လည်းငြင်းသေးတယ်၊ နောက်တော့သူတို့က အဲ့ဒီကပြီးရင် ရွှေတောင်တန်းမှာကြေးအိုးလိုက်တိုက်မယ်၊ Black Canyonမှာလည်း ကော်ဖီလိုက်တိုက်မယ်ဆိုလို့ ကိုယ်လည်း အစားငမ်းပြီးလိုက်သွားတာပေါ့။

ဟိုရောက်တော့ ကိုယ့်ပါ ဟောခန်းထဲခေါ်သွားတယ်၊ အပြင်မှာလည်း လူတွေများနေတော့လိုက်သွားလိုက်တယ်။ သူတို့ဟာသူတို့မေးစရာရှိတာမေး၊ဘာညာလုပ်ပေါ့။ ဟောလည်းပြီးရော ဗေဒင်ဆရာက သမီးရောမေးဦးမလားတဲ့...ကိုယ့်လာမေးတယ်၊ ကိုယ်ကဟင့်အင်း လို့ဖြေကာရှိသေး ညီမလေးနဲ့သူငယ်ချင်းက ဆရာရယ်တခါတည်းကြည့်ပေးလိုက်ပါတဲ့ဆိုပြီး အတွန့်တက်လိုက်တာ ...အဲ့မှာစတွေ့တော့တာပဲ။
ကိုယ်ကလည်းအားနာတက်တော့ ၊ဗေဒင်ဆရာ့ရှေ့ မှာလည်းဖြစ်နေတော့ငြင်းမနေတော့ဘူးပေါ့။ ပြီးပြီးရောဆိုပြီးနားထောင်နေလိုက်တာ...သူကဟောသွားတာပေါ့နော်...ရှေ့ ကဟာတွေတခုမှကိုယ်နဲ့မတိုက်ဆိုင်တော့ပြုံးပြုံးလေးနားထောင်နေတာပေါ့။ နောက်ဆုံးကျတော့ သူက သမီးဒီရက်အတောအတွင်း ဘယ်ခြေ၊ဘယ်လက်ထိခိုက်ကိန်းရှိတယ်သတိထားနေပါတဲ့။ ကိုယ်လည်း ဟုတ်ကဲ့ပေါ့။ ဟီဟီ...
သူဟောလိုက်တာကိုယ်နဲ့မတိုက်ဆိုင်ဘူးပဲထင်နေတာ...နောက်၂ရက်လောက်နေတော့အခန်းထဲမှာ ကိုယ်တယောက်တည်းဂိမ်းဆော့နေတုန်းညီမလေးဝင်လာတယ်။ မေမေဆူလိုက်လို့တဲ့ အိပ်ယာပေါ်တက်ပြီးငိုပါလေရော။ အစကတော့ကိုယ်လည်း ဒီအတိုင်းနေနေသေးတယ်၊ မချော့သေးဘူးပေါ့။ နောက်တော့ ငိုတာ တော်တော်နဲ့မပြီးဘူး၊ ကိုယ်လည်းသနားလာတာနဲ့ချော့မယ်လေဆို ခုတင်ပေါ်အကူး....အပျင်းကြီးပြီ အောက်မဆင်းပဲဒီအတိုင်း ခုန်ပေါ်ကနေလှမ်းကျော်လိုက်တာ ဖြစ်ချင်တော့ခုန်ကလည်ပြီး ခြေထောက်က မွေ့ယာအစွန်းပဲနင်းမိပြီး အောက်ကို ပြုတ်ကျပါလေရော။
ကျတာကလည်းဘယ်ခြေ၊ဘယ်လက်နဲ့မုဆိုးထိုင်သလိုမျိုးကိုပြုတ်ကျတာ။ ကိုယ်လည်းငိုပါလေရောလား၊ ငိုတာမှဗေဒင်ဆရာကိုတတပြီးကိုငိုတာ။ ခိုက်မိတာမှမှန်အောင်ဟောရပါ့မလားဆိုပြီး...ဟီဟီ။ ညီမလေးလည်း ဆက်မငိုနိုင်တော့ဘူး။သွားချော့မယ့်လူကအချော့ခံနေရတယ်။ ညီမလေးမှာကိုယ့်လည်းချော့၊ ရီလည်းရီချင်နဲ့။ဟဟဟ။ အိမ်ကလူကြီးတွေလည်းအကုန်အခန်းထဲရောက်လာကုန်ကျတာ။ ကိုယ့်အသံပြဲကြီးကြားပြီးဘာများဖြစ်သွားသလည်းပေါ့။ အဲ့လိုပါ။....
နောက်ဆုံးဆရာစံဇာနည်ဘိုဆီမှာဗေဒင်သွားမေးတဲ့အခေါက်ကတော့ နောက်ဆုံးအခေါက်ပေါ့။ အဲ့တုန်းက ကိုယ်ကဒီကကျောင်းပြီးလို့တလပြန်တဲ့အချိန်။ ပြန်လာခါနီးပေါ့.... ဆရာက ကိုယ့်လက်ခဏာကော်ပီကိုကြည့်ပြီးဟောနေတယ်။ ဘာပေါ့၊ညာပေါ့ဆိုပြီး...အဲတ၀က်လောက်ရောက်တော့ကိုယ်မနေနိုင်တော့ဘူး။ ဟီ....ညက အစားစုံသွားတယ်။ ဆက်မထိုင်နိုင်တော့ဘူး... ညီမလေးကို သမီးပဲပြီးအောင်နားထောင်ခဲ့လိုက်တော့နော်ဆိုပြီး အသာလေး လစ်ထွက်ခဲ့တယ်။ အပြင်ရောက်မှလောကကြီးကကိုယ့်အတွက်သာယာတော့တယ်...ဟီဟီ။
အခုလည်း ညီမလေးက သူ့ရဲ့ဆရာမဒီကိုအလည်ရောက်နေတယ်တဲ့။ မမဖုန်းနံပါတ်ပေးလိုက်တယ်တဲ့ဆက်သွယ်လာရင်ကူညီလိုက်ပါတဲ့။ မေမေကလည်း မေးချင်တာရှိရင်မေးလိုက်တဲ့၊ ဟီ...ကိုယ်လည်းဟဲဟဲပေါ့။ ခုချိန်ထိတော့မဆက်သွယ်လာသေးဘူး။ ကိုယ့်ကိုလည်းသူ့ဖုန်းနံပါတ်ပေးထားတယ်။ အသာလေးမသိယောင်ဆောင်နေတာ။ ....ဒါပါပဲ...ကိုယ့်ဗေဒင်ဇာတ်လမ်းလေးကတော့

***ဗေဒင်ပညာနှင့် ဗေဒင်ဆရာအားစော်ကားလိုစိတ်လုံးလုံးမရှိပါ၊ ကျွန်မရဲ့ရီစရာတိုက်ဆိုင်မှုလေးများအား ရေးသားခြင်းသာဖြစ်ပါသည်။******
အားလုံးပျော်ရွှင်နိုင်ကြပါစေရှင်။

ငါ့ဒုက္ခ

Published by သူမလေး under on 11:18 PM
ဒီနေ့မှ Airconကပျက်တယ်....

ဒီနေ့မှ ငါက အင်္ကျီနှစ်ထပ်ဝတ်လာမိတယ်...

ဒီနေ့မှ စားတဲ့နေ့လည်စာက အတော်ပူလောင်တဲ့ခေါက်ဆွဲကိုစားမိတယ်...

ဒီနေ့မှ အကိုကလာပြီးကဂျီကဂျောင်များတယ်....

ဒီနေ့မှ....

ဒီနေ့မှ....

ဒီနေ့မှ...ဘာမှမကောင်းပါလား.... ပေါင်းဖိုထဲရောက်နေသလိုခံစားရတယ်။

နံနက်စာ....

Published by သူမလေး under on 8:40 PM
အိမ်မှာနေတုန်းကတော့ ကိုယ့်အတွက်ပုံမှန်မနက်စာဟာ ထမင်းပူဆီဆမ်းနဲ့ အကြော်ပူပူလေးပေါ့။တခါတလေ တော့လည်း ကောက်ညှင်းပေါင်းနဲ့အကြော်ပေါ့။ ကော်ဖီတခွက်ကတော့မပါမဖြစ် အဓိကခေါင်းဆောင်မင်းသား ပေါ့။ မုန့်တီ၊မုန့်ဟင်းခါး က သိပ်မကြိုက်တော့ ၁၀ခါ့တခါပဲစားဖြစ်တာများတယ်။အိမ်မှာအလုပ်သမားတွေကများတော့ မေမေကဟိုးအရင်ထဲက အကျင့်လုပ်ပေးထားတာ၊ မနက်ဆို ထမင်းဆီဆမ်းနဲ့အကြော်နဲ့မစားမနေရ။ဖေဖေကလွဲလို့ပေါ့။ ဒီရောက်တော့ အကျင့်ကပျက်ပြီ၊ တယောက်တည်းနေတာဆိုတော့ မနက်စာကို ဖြစ်သလိုစားတာများတယ်။ တခါတလေ ကော်ဖီတခွက်၊ ကုတ်ခ်တဘူးထဲနဲ့မနက်စာပြီးချင်ပြီးသွားရော။ကျောင်းတက်တုန်းကလည်းကျောင်း တက်တုန်းကမို့ မနက်ဆို ကျောင်းချိန်မှီအောင်အပြေးသွားရတယ်။ အလုပ်ထဲဝင်တော့လည်း ကိုယ်ကအအိပ် မက်တော့ စားချိန်ထက် အိပ်ချိန်ကိုပိုယူပြီး အလုပ်ထဲရောက်မှ ကော်ဖီတခွက်ဖျော်သောက်လိုက်တယ်။ပေါင်မုန့် တချပ်တလေတော့ပါတဲ့အခါပါတယ်၊ မပါတဲ့အခါကများပါတယ်။ မမတွေကဆို သိပ်ပြောတယ်၊မနက်စာကိုပုံမှန် မစားလို့။ တခါက ကိုယ်နေမကောင်းဖြစ်တုန်းကပေါ့၊ မမတွေအကိုတွေက ဂရုတစိုက်နဲ့ သမီးလေးမနက်စာဘာ စားခဲ့လည်း၊ ဘာစားချင်လည်းနဲ့မေးကြတယ်။ ကိုယ်ကစားခဲ့ပြီမမ ၊ သမီး ကော်ဖီတခွက်၊နွားနို့တခွက်သောက်ခဲ့ တယ်လည်းဆိုရော.... မမတွေအကိုတွေဝိုင်းသမကြတယ်။ ဖျားနေတဲ့ကြားကကိုထုခံရတာ။အဲ့ဒါမနက်စာလား လို့လည်းမေးသေးတယ်။ ဟီမနေ့ကမနက်တော့ နေ့တ၀က်ရုံးဆင်းရတယ်လေ။အဲ့ဒီတော့ကောက်ညှင်းထုပ်စားချင်တာနဲ့သောကြာနေ့ညက အိမ်နားကMallမှာတွေ့တာနဲ့ဝယ်လာခဲ့တယ်။ မနက်အိပ်ယာနိုးတော့ သူကိုအပူပေးပြီးရုံးမှာစားဖို့ယူလာခဲ့တယ်။ အဟင့်...နည်းနည်းပဲစားပြီးဆက်မစားနိုင်တော့လို့ လွှင့်ပစ်လိုက်ရတယ်။ ဘာတွေထည့်ထားမှန်မသိဘူး၊ အမွှေးနံ့တွေရောဘာတွေရောစုံနေတာပဲ။ ဒါနဲ့ကိုယ်လည်းနေ့လည်အတွက်ချန်ထားတဲ့ ကိတ်မုန့်လေးနဲ့ပဲနှစ်ပါး သွားလိုက်ရတယ်။ လေတယ်...အိမ်မှာတုန်းကလို ထမင်းဆီဆမ်းနဲ့အကြော်နဲ့စားချင်လိုက်တာ။ ဟိုတရက်ကကိုယ်အလုပ်မသွားခင်အိမ်ကိုဖုန်း ဆက်ချင်စိတ်ပေါ်လာတာနဲ့ဖုန်းဆက်ဖြစ်တယ်။ မေမေတို့နဲ့ပြောပြီးမောင်လေးလည်းရှိနေတာနဲ့မောင်လေးနဲ့ပါ ပြောဖြစ်တယ်။ သားသားဘာလုပ်နေလည်းမေးတော့ ထမင်းစားနေတာတဲ့ ဆိုတာနဲ့ကိုယ်လည်းမမလည်းစား ချင်လိုက်တာလို့ ထမင်းဆီဆမ်းနဲ့အကြော်လေး ဆိုတော့ မေမေက ဖိုးလမင်းကနေတဆင့်ပို့ပေးမယ်လို့ပြော လိုက်တဲ့။။။ဟဟဟမေမေကပြောတယ်သမီးကမှ ထမင်းဆီဆမ်းနဲ့အကြော်နဲ့ပဲစားချင်တာတဲ့။

ဖိုးသင်္ကြန်ကတော့ တရေးနိုး ဗိုက်ဆာရင်ထထအော်တယ်တဲ့ “ဖိုးလမင်းကြီးရယ် သားသားက ထမင်းဆီဆမ်းနဲ့ ၀က်သားကြော်လေးစားချင်လို့ပါတဲ့...“ ဟဟဟ..ဖိုးသင်္ကြန်ဆိုတာကိုယ့်မောင်လေးတ၀မ်းကွဲ အခုမှ ၃နှစ်ပဲရှိသေးတဲ့ကလေး။ကလေးတွေများ ကြည့်အုံးအဲ့လိုလည်တာ။ အခုတော့သူ့ကိုပြောင်းအော်ခိုင်းရတော့မလို ဖြစ်နေပြီ။ ၀က်တုတ်ကွေးကတော်တော်သောင်းကျန်းနေပြီမဟုတ်လား။။။ ဟဟဟ....

ဒီနေ့မနက်တော့ အန်တီလေးလုပ်ပေးတဲ့ ကြက်ဥကြော်နဲ့ပလာတာရယ်၊ ကော်ဖီတခွက်ရယ်နဲ့ ဟန်ကိုကျလို့.... မနေ့ ရုံးဆင်းတော့ ကန်းခြေမှာသွား စက်ဘီးစီးထားတာ အခု ကိုက်ခဲနေလို့ နားလိုက်ပါအုံးမယ်....အားလုံးပျော်ရွှင်ကြပါစေရှင်။

ချစ်သောကမ္ဘာမြေ

Published by သူမလေး under on 6:42 AM

ကံကြမ္မာဆိုးထိုးနှက်မှုကြောင့် ငါ့တို့ကမ္ဘာပျက်သုန်းခဲ့ရတယ်၊

လှိုင်းကြီး လေကြီး မိုးကြီးအောက်မှာ ပျောက်ဆုံးခဲ့တဲ့ ငါတို့ မိသားစုတွေ

ဘယ်ဆီ၊ ဘယ်ဝယ် လိုက်လို့ရှာရမလည်း.....?

သားက အမေပျောက်၊ အမေကသားတွေပျောက်....

ဘာမှမရှိတော့တဲ့ ဗလာရင်ခွင်ထဲမှာ အရာအားလုံးဟင်းလင်းဖြစ်သွားရတာက ငါတို့အားလုံးပါပဲ....

ဘယ်တော့မှမမေ့နိုင်တဲ့ နေ့ရက်လေးကို မျက်ရည်ဆက်လက်နဲ့ ပွေ့ ပိုက်နေရတာပါ

ဖြစ်နိုင်ရင်လေ ငါ့မှာသာ တန်ခိုးရှိခဲ့ရင်ပေါ့

မှောင်မိုက်တဲ့ အတိတ်ဆိုးကြီးကို ခ၀ါချပေးချင်လိုက်တာ။

ပြုံးနေတဲ့ အမေ့မျက်နှာ၊ ၀မ်းသာနေတဲ့ သားမျက်နှာတွေကို

အားလုံးသော လူသားတွေအပေါ်မှာ ဖန်ဆင်းပေးချင်လိုက်တာ...

ပြက္ခဒိန်ပေါ်ကအဲ့နေ့ အဲ့ရက် အဲ့အချိန်တွေကို

လွှင့်ပစ်လို့ရရင် ဟိုးအဝေးဆုံး ကမ္ဘာအပြင်ဖက်ကို လွှင့်ပစ်လိုက်ချင်တာပေါ့။

ဒီလိုအဖြစ်ဆိုးမျိုး နောက်နောင်မဖြစ်ရစေဖို့

ဆုတောင်းမေတ္ထာပို့နေရုံမှ အပ ကိုယ့်မှာ ဘာများတက်နိုင်အုံးမှာလည်းကွယ်။



"...........ကျွန်မ ဥာဏ်မှီသလောက်ရေးကြည့်တာပါ၊ကိုယ်ဘာမှမတက်နိုင်မလုပ်ပေးနိုင်ပေမယ့် တက်နိုင်သလောက်လေး ကြိုးစားရေးကြည့်တာပါ။ အားလုံးအားလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေရှင်။ ကံကောင်းခြင်းများသာပိုင်ဆိုင်နိုင်ပါစေရှင်။.........."

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။