သူမလေးရဲ့ခိုနားရာ

စိတ်ညစ်လိုက်တာဗျာ

Published by သူမလေး under on 7:45 AM

စဉ်းစားလေစိတ်ညစ်လေ။ ဟုတ်တယ်....ဘာလို့လည်းဆိုတော့ကိုယ့်အိတ်ထဲကပိုက်ဆံသူများအိတ်ထဲအလကား ထည့်ပေးလိုက်ရတော့မှာမို့ပါ။ ၂၈ရက်နေ့သူမလေးPRတင်ဖြစ်မယ်။ အဲ့ဒါနဲ့ဘာဆိုင်တုန်းဆိုတော့ဆိုင်ပါတယ်။ ကိုယ့်Passportကသက်တမ်း၇လပဲကျန်တော့တယ်။ အဲ့ဒီတော့ သက်တမ်းတိုးဖို့လိုအပ်တယ်ဆိုပါတော့ အဲ့ဒါကိုစဉ်းစားပြီး ခေါင်းကဆင်ခေါင်းလောက်ကြီးသွားတယ်။ Passportသက်တမ်းတိုးရင် သူတို့သက်မှတ်ထားတဲ့ကြေးက ၃၀၀၊ အဲ့ဒါပြီး ကိုယ်ကိုင်တဲ့Passကိုသူတို့သက်မှတ်ကြေးက အရင်က ၁၁၀တဲ့အခုတော့ ၁၃၀ဖြစ်သွားပြီပြောတာပဲ။ ငိုပြရင်တော့နည်းနည်းလျှော့နိုင်တယ်ပြောတာပဲ။ ဒါပေမယ့် ကိုယ်မှအဲ့လိုမလုပ်တက်တာ။ သူတို့ကိုလည်းအဲ့လိုမလုပ်ချင်ဘူး...အဲ့ဒီတော့ကိုယ်က တလုံးတည်း ၈၀၀လောက် ထွက်မှာ။ အဲ့ဒါကိုစဉ်းစားပြီး ကိုယ့်မှာငိုချင်လိုက်တာ။ အကို၊အမတွေနဲ့အဲ့ဒီအကြောင်းပြောနေထဲကငိုချင်နေတာ၊ သူတို့နဲ့လမ်းခွဲပြီးကိုယ်တစ်ယောက်တည်းပြန်လာတော့ မျက်ရည်စမ်းစမ်းဖြစ်နေပြီ၊ ရထားပေါ်မှာမို့မငိုမိအောင် အတင်းနှာခေါင်းကိုပိတ်ထားရတယ်။ ဒါတောင် တခါတခါမျက်ရည်ကကျကျလာတယ်။ ရထားပေါ်ကဆင်းလည်းဆင်းရော မေမေတို့ဆီကိုတခါတည်းဖုန်းဆက်ပြီးငိုတော့တာပဲ။ ကိုယ့်ကြောင့်မေမေနဲ့ဖေဖေစိတ်မကောင်းဖြစ်သွားမယ်ဆိုတာတော့စဉ်းစားမိပါတယ်။ ဒါပေမယ့် ဘယ်လိုမှမနေနိုင်တော့ဘူး၊ မေမေဖုန်းကိုင်တာနဲ့တခါတည်းတန်းငိုတော့တာပဲ။ မေမေနဲ့ဖေဖေကတော့ ကိုယ်စိတ်သက်သာရာရောက်အောင်ချော့မော့ပြောရှာတယ်။ ဘုရား၊တရားမမေ့ဖို့ မေတ္တာသုတ်များများရွတ်ဖို့နဲ့ သူများတွေအပေါ်မှာမေတ္တာထားဖို့၊ စိတ်ညစ်စရာတွေမတွေးဖို့ မှာရှာတယ်။ အငိုမျက်နှာနဲ့ပြန်လာတာမို့ အဒေါ်တွေတောင်စိတ်ပူနေကြတာ။ အားလုံးစိတ်ပူအောင်လုပ်မိတဲ့အတွက် သမီးတောင်းပန်ပါတယ်ရှင်။ ဒါပေမယ့် သူမလေးအဲ့ဒီနေရာကိုမသွားချင်ဘူး.........အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးစိတ်ညစ်တယ်။


*********သူမလေး စိတ်ခံစားမှုသက်သက်ကိုပဲရေးထားတာဖြစ်ပါတယ်။ ဘယ်သူ့သယ်သူကိုမှ စော်ကားလိုစိတ်မရှိပါဘူးရှင်။************

4 comments:

သီဟသစ် said... @ 5/12/09, 8:53 AM

နိုင်ငံကို တာဝန်ကျေခဲ့ပြီဆိုပြီး
ဂုဏ်ယူလိုက်စမ်းဘာ...

ထပ်ဝမ်းနည်းပါ၏..

သီဟသစ် said... @ 5/12/09, 8:54 AM

*ထပ်တူဝမ်းနည်းပါ၏ ...

Anonymous said... @ 5/12/09, 9:55 AM

အရာအားလုံး အဆင်ပြေသွားမှာပါလေ .. အရမ်းကြီးဝမ်းနည်းမနေဖို့ မှာချင်ပါတယ် .. အစစအရာရာ ပျော်ရွှင်ငြိမ်းချမ်းနိုင်ပါစေ ..

thumalay said... @ 5/12/09, 8:26 PM

အခုလိုနှစ်သိမ့်ပေးတာကျေးဇူးတင်ပါတယ်ရှင်။ ဒီလိုပါပဲ ဘ၀ဆိုတာ ကိုယ်ကရတာရှိသလို၊ ကိုယ့်ဆီကထွက်သွားတဲ့အခါလည်းရှိရမှာပေါ့။ အတုန့်အလှည့်ပေါ့ရှင်။ အားလုံးအဆင်ပြေအောင်တော့ကျိုးစားနေရတာပဲ။

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။