သူမလေးရဲ့ခိုနားရာ

HappyBirthdayပါဖေဖေ

Published by သူမလေး under on 7:41 PM
HappyBirthdayပါဖေဖေ၊ မွေးနေ့မှာပျော်ရွှင်ပါစေ။ ဖေဖေချစ်တဲ့မိသားစုလေးနှင့်ပျော်ပျော်ရွှင်ရွှင်သက်ဆုံးတိုင်နေနိုင်ပါစေ။ သာသနာ့အကျိုးလည်းဆထက်ထမ်းပိုးသယ်ပိုးနိုင်ပါစေ။ သမီးတို့ကိုလည်းပိုချစ်နိုင်ပါစေ၊ မုန့်ဖိုးတွေလည်းများများပေးနိုင်ပါစေ။

အရင်နှစ်က ဖေဖေ့မွေးနေ့မှာ သမီးတစ်ယောက်တည်းမရှိနေပေမယ့်၊ အခုနှစ်ဖေဖေ့မွေးနေ့မှာတော့ ဖေဖေချစ်တဲ့ဖေဖေ့သမီးတွေတယောက်မှဖေဖေ့အနားမှမရှိနေနိုင်ဘူးနော်။ အဲ့ဒီအတွက်တောင်းပန်ပါတယ်ဖေဖေ။ သမီးတို့မရှိနေပေမယ့်လည်း သမီးတို့ချစ်တဲ့မေမေနဲ့မောင်လေးက ဖေဖေ့နံဘေးမှာရှိနေတဲ့အတွက်ဖေဖေကျေနပ်လိမ့်မယ်ထင်ပါတယ်။

ဖေဖေရေ အရာအားလုံးအတွက်ကျေးဇူးပါနော်။ မေမေလို့ အသက်နဲ့ရင်းပြီး သမီးတို့ကိုမမွေးရပေမယ့်၊ သမီးတို့ ဘ၀တိုးတက်စေဖို့အတွက်အသက်နဲ့ရင်းပြီး လုပ်ကိုင်ရှာဖွေပေးခဲ့တဲ့ဖေ့ဖေ့ကျေးဇူးကို သမီးတို့မောင်နှမတွေဒီတသက်မမေ့နိုင်ပါဘူး။ ဖေဖေ့အသက်၁နှစ်ကြီးသွားတာဟာ သမီးတို့အတွက်တော့ ဖေဖေအပေါ်၁နှစ်အကြွေးထပ်တင်သွားသလိုပါပဲ။ မိဘနဲ့သမီးကြားမှာ အကြွေးဆိုတာ မရှိဘူးဆိုပေမယ့် သမီးတို့အတွက်တော့ရှိတယ်ဖေဖေ။ သမီးတို့ဒီလိုဘ၀မျိုးနေနိုင်အောင်ပြုစုပေးခဲ့တဲ့အတွက်လည်း ပြောမပြနိုင်အောင်ကျေးဇူးတင်ပါတယ်။ ဖေဖေနဲ့မေမေ့ရဲ့သားသမီးဖြစ်ရတာ သမီးတို့ဂုဏ်ယူပါတယ်ဖေဖေ။ ပြီးတော့ ဖေဖေနဲ့မွေးလတူအောင်မွေးပေးခဲ့တဲ့မေမေ့ကိုလည်းကျေးဇူးပါလို့။။။။

ဖေကြီးနဲ့မေကြီး ကျန်းမာချမ်းသာပါစေ။


5 comments:

Anonymous said... @ 5/8/09, 2:15 PM

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေဗျာ .. သူမလေးနဲ့ အတူ ဆုတောင်းပေးခဲ့ပါတယ် .. နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ဖွယ် ဘဝခရီးလမ်းကို ချစ်သား ချစ်သမီးများနဲ့ အတူတကွ အောင်မြင်အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ လို့ ...

သူမလေး said... @ 5/9/09, 12:32 AM

မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးပါကိုနေဒေးသစ်။

ဖြိုးဇာနည် said... @ 5/10/09, 10:11 AM

ူသူမလေးရဲ့ချစ်ဖေဖေသည်ယနေ့မှစ၍အေးချမ်းမှု
ပျော်ရွှင်မှု အပေါင်းနဲ့ပြည့်စုံပြီးပျော်ရွှင်ချမ်း
မြေ့သောအိမ်ထောင်လေးကို ထာဝရဦးစီး
နိုင်သော အိမ်ဦးနတ်တစ်ယောက်ဖြစ်ပါစေ့

ခင်တဲ့ဖြိုးဇာနည်

mgnge said... @ 5/10/09, 11:50 PM

HaPpY BiRtHdAy!

ငါ့သယ်ရင်းလေးရဲ့ဖေဖေ အတွက် ပျော်ရွှင်ဖွယ် ကောင်းသောမွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

သူရဲကောင်းတစ်ဦးကဲ့သူို့ မိသားစုရှေ့ ရဲရဲ ၀ံ့ဝံ့ ရပ် တည်လာခဲ့တဲ့ ဖေဖေ ရဲ့ ကျေးဇူးတွေကို လည်း အများ ကြီးပြန်မဆပ်နိုင်ပေမယ့် ... သိတတ်လိမ်မာတဲ့ သား သမီးများ ကို ပိုင်ဆိုင်နိုင်သော ဖခင်တစ်ယောက် အဖြစ် ပျော်ရွှင်ကြည့်နုးနိုင်ပါစေ...။

ခင်တဲ့
မောင်ငရ်

thumalay said... @ 5/11/09, 12:16 AM

ဖေဖေ့အတွက်မွေးနေ့ဆုတောင်းပေးတာကျေးဇူးပါ သူငယ်ချင်းတို့။

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။