သူမလေးရဲ့ခိုနားရာ

နံနက်စာ....

Published by သူမလေး under on 8:40 PM
အိမ်မှာနေတုန်းကတော့ ကိုယ့်အတွက်ပုံမှန်မနက်စာဟာ ထမင်းပူဆီဆမ်းနဲ့ အကြော်ပူပူလေးပေါ့။တခါတလေ တော့လည်း ကောက်ညှင်းပေါင်းနဲ့အကြော်ပေါ့။ ကော်ဖီတခွက်ကတော့မပါမဖြစ် အဓိကခေါင်းဆောင်မင်းသား ပေါ့။ မုန့်တီ၊မုန့်ဟင်းခါး က သိပ်မကြိုက်တော့ ၁၀ခါ့တခါပဲစားဖြစ်တာများတယ်။အိမ်မှာအလုပ်သမားတွေကများတော့ မေမေကဟိုးအရင်ထဲက အကျင့်လုပ်ပေးထားတာ၊ မနက်ဆို ထမင်းဆီဆမ်းနဲ့အကြော်နဲ့မစားမနေရ။ဖေဖေကလွဲလို့ပေါ့။ ဒီရောက်တော့ အကျင့်ကပျက်ပြီ၊ တယောက်တည်းနေတာဆိုတော့ မနက်စာကို ဖြစ်သလိုစားတာများတယ်။ တခါတလေ ကော်ဖီတခွက်၊ ကုတ်ခ်တဘူးထဲနဲ့မနက်စာပြီးချင်ပြီးသွားရော။ကျောင်းတက်တုန်းကလည်းကျောင်း တက်တုန်းကမို့ မနက်ဆို ကျောင်းချိန်မှီအောင်အပြေးသွားရတယ်။ အလုပ်ထဲဝင်တော့လည်း ကိုယ်ကအအိပ် မက်တော့ စားချိန်ထက် အိပ်ချိန်ကိုပိုယူပြီး အလုပ်ထဲရောက်မှ ကော်ဖီတခွက်ဖျော်သောက်လိုက်တယ်။ပေါင်မုန့် တချပ်တလေတော့ပါတဲ့အခါပါတယ်၊ မပါတဲ့အခါကများပါတယ်။ မမတွေကဆို သိပ်ပြောတယ်၊မနက်စာကိုပုံမှန် မစားလို့။ တခါက ကိုယ်နေမကောင်းဖြစ်တုန်းကပေါ့၊ မမတွေအကိုတွေက ဂရုတစိုက်နဲ့ သမီးလေးမနက်စာဘာ စားခဲ့လည်း၊ ဘာစားချင်လည်းနဲ့မေးကြတယ်။ ကိုယ်ကစားခဲ့ပြီမမ ၊ သမီး ကော်ဖီတခွက်၊နွားနို့တခွက်သောက်ခဲ့ တယ်လည်းဆိုရော.... မမတွေအကိုတွေဝိုင်းသမကြတယ်။ ဖျားနေတဲ့ကြားကကိုထုခံရတာ။အဲ့ဒါမနက်စာလား လို့လည်းမေးသေးတယ်။ ဟီမနေ့ကမနက်တော့ နေ့တ၀က်ရုံးဆင်းရတယ်လေ။အဲ့ဒီတော့ကောက်ညှင်းထုပ်စားချင်တာနဲ့သောကြာနေ့ညက အိမ်နားကMallမှာတွေ့တာနဲ့ဝယ်လာခဲ့တယ်။ မနက်အိပ်ယာနိုးတော့ သူကိုအပူပေးပြီးရုံးမှာစားဖို့ယူလာခဲ့တယ်။ အဟင့်...နည်းနည်းပဲစားပြီးဆက်မစားနိုင်တော့လို့ လွှင့်ပစ်လိုက်ရတယ်။ ဘာတွေထည့်ထားမှန်မသိဘူး၊ အမွှေးနံ့တွေရောဘာတွေရောစုံနေတာပဲ။ ဒါနဲ့ကိုယ်လည်းနေ့လည်အတွက်ချန်ထားတဲ့ ကိတ်မုန့်လေးနဲ့ပဲနှစ်ပါး သွားလိုက်ရတယ်။ လေတယ်...အိမ်မှာတုန်းကလို ထမင်းဆီဆမ်းနဲ့အကြော်နဲ့စားချင်လိုက်တာ။ ဟိုတရက်ကကိုယ်အလုပ်မသွားခင်အိမ်ကိုဖုန်း ဆက်ချင်စိတ်ပေါ်လာတာနဲ့ဖုန်းဆက်ဖြစ်တယ်။ မေမေတို့နဲ့ပြောပြီးမောင်လေးလည်းရှိနေတာနဲ့မောင်လေးနဲ့ပါ ပြောဖြစ်တယ်။ သားသားဘာလုပ်နေလည်းမေးတော့ ထမင်းစားနေတာတဲ့ ဆိုတာနဲ့ကိုယ်လည်းမမလည်းစား ချင်လိုက်တာလို့ ထမင်းဆီဆမ်းနဲ့အကြော်လေး ဆိုတော့ မေမေက ဖိုးလမင်းကနေတဆင့်ပို့ပေးမယ်လို့ပြော လိုက်တဲ့။။။ဟဟဟမေမေကပြောတယ်သမီးကမှ ထမင်းဆီဆမ်းနဲ့အကြော်နဲ့ပဲစားချင်တာတဲ့။

ဖိုးသင်္ကြန်ကတော့ တရေးနိုး ဗိုက်ဆာရင်ထထအော်တယ်တဲ့ “ဖိုးလမင်းကြီးရယ် သားသားက ထမင်းဆီဆမ်းနဲ့ ၀က်သားကြော်လေးစားချင်လို့ပါတဲ့...“ ဟဟဟ..ဖိုးသင်္ကြန်ဆိုတာကိုယ့်မောင်လေးတ၀မ်းကွဲ အခုမှ ၃နှစ်ပဲရှိသေးတဲ့ကလေး။ကလေးတွေများ ကြည့်အုံးအဲ့လိုလည်တာ။ အခုတော့သူ့ကိုပြောင်းအော်ခိုင်းရတော့မလို ဖြစ်နေပြီ။ ၀က်တုတ်ကွေးကတော်တော်သောင်းကျန်းနေပြီမဟုတ်လား။။။ ဟဟဟ....

ဒီနေ့မနက်တော့ အန်တီလေးလုပ်ပေးတဲ့ ကြက်ဥကြော်နဲ့ပလာတာရယ်၊ ကော်ဖီတခွက်ရယ်နဲ့ ဟန်ကိုကျလို့.... မနေ့ ရုံးဆင်းတော့ ကန်းခြေမှာသွား စက်ဘီးစီးထားတာ အခု ကိုက်ခဲနေလို့ နားလိုက်ပါအုံးမယ်....အားလုံးပျော်ရွှင်ကြပါစေရှင်။

3 comments:

Anonymous said... @ 5/2/09, 10:36 PM

အမ်......ပြောသွားလိုက်တဲ့ စားစရာတွေကုန်ရော။ ဘယ်မလဲ? ဘာမှလဲတွေ့ဘူး။ လူကြီးကို ညာပြီးခေါ်တယ်။ တွား အားဝါး မပေးတော့ဘူး။

ချစ်တဲ့
မမမေတ္တာရောင်ပြန်

မြစ်ကျိုးအင်း said... @ 5/3/09, 2:23 AM

ကိုယ်ချင်းစာပါတယ်ဗျာ..ကျွန်တော်တို့ အိမ်မှာလည်း မနက်မိုးလင်းရင် ထမင်းကြော်ရယ် အိမ်ဖျော် ကော်ဖီမစ်
ရယ် တခါတလေ မုန့်ဟင်းခါးကို ဟင်းရည်ပိုဝယ်ပြီး ထမင်းကြမ်းနဲ့ ရောစားခဲ့တဲ့ အရသာကို တမ်းတမိတယ်
..အဝေးရောက်နေတဲ့သားသမီးတွေ အားလုံး အမိအိမ် ကို ပျော်ရွှင်စွာပြန်ခွင့်ရကြပါစေ..
...ခင်မင်သောအားဖြင့်

ဖြိုးဇာနည် said... @ 5/3/09, 10:13 AM

ဟုတ်ပဂျာ့ကျွန်တော်ကတော့အုန်းနို့
ခေါက်ဆွဲလေးကိုမနက်စာအဖြစ်တီးချင်
နေတာကြာလှပေါ့။အော့်ကံပဲပေါ့နော်
ဒီမှာကတော့မုန့်ဟင်းခါလေးရှိနေတာကို
ကကံကောင်းလှပါပီ။လာရှိုးပြန်ဖြစ်မှပဲ
ငါ့သယ်ရင်းလေးအတွက်ထမ်းဆီဆမ်း
ကိုအကြော်လေးနဲ့ပိုစားပေးခဲ့မယ့်
ဟဲဟဲ၁၀လပိုင်းပြန်ဖြစ်တယ်ကွ့ဟားဟား
သယ်ရင်းလေးပျော်ရွှင်ပါစေဗျား

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။