သူမလေးရဲ့ခိုနားရာ

ကျေးဇူးပါ အကို....

Published by သူမလေး under on 8:06 PM
ကျေးဇူးပါအကိုရေ။ သူမလေးလည်း အလုပ်စ၀င်နေရပြီဆိုတော့ စာမရေးဖြစ်ဘူးဖြစ်နေတယ်။ ဒါမေပမယ့်လည်း အကိုကမိတ်ဆက်ပေးလိုက်ပြီဆိုတော့ရေးရတော့မှာပေါ့လေ၊ဟိဟိ။သူမလေးဒီဘလော့လေးကိုလုပ်ဖြစ်တဲ့ရည်ရွယ်
ချက်ကတော့ဘာရယ်မဟုတ်ပါဘူး။သူမလေးကစာရေးတဲ့ပိုင်းမှာအားနည်းတယ်၊အဲ့ဒီတော့ဘလော့ရေးတဲ့အတွက်
တခုခုများကိုယ့်အတွက် အကျိုးရှိစေမလားရယ်လို့ပေါ့။ ကဗျာဆိုတာကလည်း မနေ့တနေ့ကမှစရေးတာ၊ အဲ့ဒီတော့ အမှားလေးတွေပါကောင်းပါနိုင်ပါတယ်။သူမလေးဘလော့မှာရေးထားသမျှအားလုံးဟာ သူမလေး ခံစားချက်သက်သက်ကိုပဲရေးထားတာပါ။ဘယ်သူတဦးတယောက်ကိုမှမရည်ရွယ်ပါဘူးရှင်။အချို့သောစာများသည် သူမလေး အတွက် ဗဟုသုတရစေရန်၊ အမှတ်တရဖြစ်စေရန် ရေးမှတ်ထားသောစာများဖြစ်ပါတယ်ရှင့်။ တိုက်ဆိုင်မှုများရှိခဲ့ရင်တော့ ခွင့်လွှတ်ပေးဖို့ အခုထဲက ကြိုတောင်းပန်ပါတယ်ရှင့်။

2 comments:

Anonymous said... @ 1/7/09, 12:12 PM

အားလုံးဟာ ခြေလှမ်း တစ်လှမ်းက စရတာပါပဲ တေးလေးရေ ..
အကောင်းဆုံး ဖြစ်အောင် လုပ်ပေါ့ ...:)

Anonymous said... @ 1/7/09, 6:33 PM

ဟုတ်ကဲ့ပါ အကို...သမီး မှတ်ထားပါ့မယ်။ ကျေးဇူးပါနော်။

Post a Comment

 

မြန်မာစံတော်ချိန်

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။