သူမလေးရဲ့ခိုနားရာ

သူမလေး စိတ်ညစ်ရင် ဘာလုပ်လည်း?

Published by သူမလေး under on 8:30 PM
အများတကာတော့စိတ်ညစ်ရင် ဘာလုပ်တက်ကျလည်းမပြောတက်ဘူး။ သူမလေးတော့ စိတ်ညစ်ရင် တက်နိုင်သမျှပျော်အောင်နေပစ်လိုက်တယ်။ ပျော်စရာမရှိ ရှာကျန်ပြီး ရီနေလိုက်တယ်။ စိတ်ညစ်စရာမတွေးဘူး၊ မေ့နိုင်သမျှမေ့အောင်နေပစ်တယ်။စိတ်ညစ်စရာကောင်းတဲ့လူတွေနဲ့စကားမပြောဘူး။သီချင်းခပ်မြူးမြူးလေးတွေနား
ထောင်တယ်၊ ဟသကားတွေ တကားပြီးတကားကြည့်တယ်။ တယောက်တည်းမနေဘူး၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တယ်။ သူငယ်ချင်းတွေကိုပေါက်တက်ကရပြောပြီးစတယ်၊ ပေါက်တက်ကရဆိုလို့ တမျိုးမထင်လိုက်ပါနဲ့ ရီစရာဟာသလေးတွေကို ဆိုလိုတာပါ...ဟိဟိ။
ဘယ်သူမှမအားရင်တော့ ကလေးတွေကစားတဲ့နေရာမှာ သွားထိုင်ပြီး ကလေးတွေကိုကြည့်နေလိုက်တယ်။ မေ့ထားတဲ့ကြားက သတိရလာရင်တော့ မျက်ရည်ကျလာရော။ အဲ့ဒါကတော့ မကောင်းတဲ့ အကျင့်လေးပါ။ ဘယ်လိုမှမရတော့ဘူးဆိုရင်တော့ အိပ်ဆေးသောက်ပြီးအိပ်ပစ်လိုက်တယ်။ အေးရော။

5 comments:

thihanyein said... @ 1/8/09, 11:46 AM

ကောင်းရော

Anonymous said... @ 1/8/09, 6:25 PM

ဟိဟိ...:D...လာလည်တာကျေးဇူးပါရှင်။ အကိုသီဟန်ညိမ်းအိမ်ကို ၀င်လို့မရလို့ ဒီကနေပဲ ကျေးဇူးနော်။ :)

Anonymous said... @ 1/9/09, 8:09 AM

ဝေလေးကတော့ စိတ်ညစ်ရင် သီချင်းနားထောင်တယ်...
:P

Anonymous said... @ 1/9/09, 4:54 PM

အိပ်ဆေးတွေ ခဏ ခဏ မသောက်နဲ့ မကောင်းဘူးနော် အဲ့ဒါ .. စိတ်ညစ်ရင် ကလေး တစ်ယောက် လောက် မွေးစားထားလိုက် .. ဒါဆို သူ့ ထိန်းရ ချော့ရ သန့်ရှင်းပေးရနဲ့ စိတ်ညစ်ချိန်ကို ရမှာ မဟုတ်ဘူး ..
ဟုတ်တယ် ဟုတ် .. အဟား

Anonymous said... @ 1/9/09, 5:59 PM

ဟုတ်ကဲ့အကို ခဏဏတော့မသောက်ဖြစ်ပါဘူး၊ အဟဲ။ကလေးတော့ မမွေးစားချင်ပါဘူး၊ ဟိဟိ ကလေးတော့ချစ်တက်ပါတယ်။ ဒါပေမယ့် အကိုပြောသလို သူတို့ကိုလုပ်ပေးရတာ စိတ်ပိုညစ်မယ်ထင်တာပဲ။ သူနဲ့အပြိုင်လိုက်ငိုနေမှာ သေခြာတယ် စိတ်ညစ်ပြီး။ဟိဟိ။

Post a Comment

 

မြန်မာစံတော်ချိန်

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။