သူမလေးရဲ့ခိုနားရာ

သူ့အတွက် ငါ....

Published by သူမလေး under on 12:56 AM
ငါ...ငါဟာ ငါမှဟုတ်သေးရဲ့လား

အရာရာ သူ့အပြောကျေနပ်နေခဲ့တဲ့...ငါ

သူ့စကားတခွန်းပဲ ယုံကြည်နေမိတဲ့...ငါ

သူ့အတွက်ဆို ဘာမဆို ဖြည့်ဆည်းပေးနေမိတဲ့...ငါ

လိမ်ညာနေတာသိပေမယ့် နားလည်ခွင့်လွှတ်ပေးနေမိတဲ့...ငါ

တခုတည်းပဲ ငါလိုနေတာ မင်းကိုပါ

ငါ့တစ်ယောက်အတွက်သာရှိနေပေးပါ

ငါ့တစ်ယောက်အတွက်သာ အသက်ရှင်နေပေးပါ

တစ်ခါတစ်ခါ စဉ်းစားမိရင် ယှဉ်ကြည့်မိရင်

ဝမ်းနည်းနေတက်တာ ငါပါကွာ

မင်းကိုလည်း မတောင်းဆိုရက်ဘူး

ငါ့အတ္တ ငါ့မာနက ငါ့ ဆန္ဓကို ဖုံးအုပ်နေတာ

ငါသာအသိပါကွာ...............



1 comments:

ရိုးမြင့်အောင် said... @ 2/18/09, 3:48 PM

သက်ဆိုင်သူများ ဖတ်မိရင်... စွဲငြိသွားနိုင်တယ်။ :P

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။