သူမလေးရဲ့ခိုနားရာ

မောင်ငယ်လေး....

Published by သူမလေး under on 6:21 PM
မောင်လေးကိုသတိယလို့ရေးဖြစ်တာပါ။ မနေ့တုန်းကအလုပ်ကအပြန်Busကားပေါ်မှာ မောင်လေးနဲ့ရွယ်တူလောက်ရှိမယ့်ကလေးတယောက်သူမလေးဘေးမှာလာထိုင်တော့ဘာရယ်မဟုတ်ဘူး ကြည့်နေမိတယ်။ သူလေးလည်းကျောင်းကပြန်လာတာထင်ပါရဲ့၊ ကျောပိုးအိပ်ကိုမချွတ်ပဲ ထိုင်နေတော့ ခုံပေါ်ကလျှောလျှောကျနေတာ။ အဲ့ဒါကိုလည်းမပြင်ဘူး၊ မုန့်ကိုပဲမဲစားနေတာ သူမလေးက ဘေးကနေထိန်းပေးထားရတယ်။ သူကိုကြည့်ကြည့်ပြီ မောင်လေးကိုလွမ်းလာတယ်။ အဲ့ဒါအိမ်ပြန်ရောက်တော့ဖုန်းခေါ်ကြည့်တာ မရဘူး။ ဒီနေ့မနက်အလုပ်သွားခါနီးခေါ်ကြည့်တော့ မောင်လေးကစာမေးပွဲရှိလို့ကျောင်းသွားပြီတဲ့။ သူမလေးဖုန်းဆက်တိုင်း မောင်လေးနဲု့ဖုန်းပြောရတာက နည်းပါတယ်။ လူဆိုးလေးလေ အိမ်မကပ်ဘူး၊ တနေကုန်လျှောက်လည်တာ။ ပြောဖြစ်ရင်လည်း မမဘယ်တော့ ပြန်လာမှာလည်းတဲ့၊ဒါပဲမေးတယ်။ အမတွေကိုအရမ်းချွဲတဲ့ကလေးပါ။ အမ ၃ယောက်ကို ဘယ်သူ့ကိုဘယ်လိုချွဲရမလည်းချောင်းနေတာ။ မောင်လေးရေ စာမေးပွဲဖြေနိုင်ပါစေကွာ။



မောင်လေးနဲ့ ညီမတ၀မ်းကွဲလေးပါ။ လူဆိုးလေးနဲ့ ညစ်ပတ်လေးပေါ့။

2 comments:

မိုးသောက်(ရှမ်းလေး) said... @ 2/28/09, 2:10 PM

မောင်ငယ်ကို ချစ်တဲ့ အစ်မကို မောင်ငယ်ကလဲ ချစ်မှာပဲနော်...

Anonymous said... @ 3/8/09, 5:10 AM

အစ်မတွေ ခံစားမှုကို အခုမှ သေချာလေး သိတော့တယ် ..
မမကြီးကိုတောင် ပြန်လွမ်းသွားပြီ :)

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။