သူမလေးရဲ့ခိုနားရာ

သူမလေးနှင့် $

Published by သူမလေး under on 8:44 PM

အရာအားလုံး ငါ့ခေါင်းပေါ်မှာ စုပုံလို့သာ

မွန်းကြပ်မှုတွေ ပိတ်လှောင်နေတဲ့

ဒီလုပ်ငန်းခွင်ထဲကနေ ရှောင်ထွက်သွားရမလား

စဉ်းစားတော့လည်း ကိုယ်လိုချင်တဲ့

ငွေအသပြာက ကမ်းလင့်ကြိုနေ

မရုန်းသာပဲ မက်မောမိပြန်တော့လည်း

ဒီပိုက်ကွန်ကြီးထဲတိုးရပြန်တာပေါ့

တနေ့တနေ့ စဉ်းစားလိုက်ရတဲ့ အလုပ်အကြောင်းတွေ

တခုမပြီးသေး နောက်တခုက ထပ်စရတော့မှာမို့

အသေသာ ရုန်းနေရတယ်

အော် အတောမသက်နိုင်တဲ့လောဘတွေ....

မိတင်ရေ နင်လာမှာ ငါကြောက်နေမိတယ် အဟင့်..... :(


(အပေါ်မှာ တင်ထားတဲ့ ပုံလေးက သူမလေးဂျီးမေးလ်မှာ သုံးနေတဲ့ Themeထဲကပုံလေးပါ။)

1 comments:

ရိုးမြင့်အောင် said... @ 2/18/09, 3:46 PM

လောဘတွေ ရိုက်သတ်ပစ်ဗျာ။ မိတင်မလာအောင်လည်း တံခါးပိတ်ထားလိုက်။ အဟတ်ဟတ်။ :D

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။