သူမလေးနှင့် $
Published by သူမလေး under on 8:44 PMအရာအားလုံး ငါ့ခေါင်းပေါ်မှာ စုပုံလို့သာ
မွန်းကြပ်မှုတွေ ပိတ်လှောင်နေတဲ့
ဒီလုပ်ငန်းခွင်ထဲကနေ ရှောင်ထွက်သွားရမလား
စဉ်းစားတော့လည်း ကိုယ်လိုချင်တဲ့
ငွေအသပြာက ကမ်းလင့်ကြိုနေ
မရုန်းသာပဲ မက်မောမိပြန်တော့လည်း
ဒီပိုက်ကွန်ကြီးထဲတိုးရပြန်တာပေါ့
တနေ့တနေ့ စဉ်းစားလိုက်ရတဲ့ အလုပ်အကြောင်းတွေ
တခုမပြီးသေး နောက်တခုက ထပ်စရတော့မှာမို့
အသေသာ ရုန်းနေရတယ်
အော် အတောမသက်နိုင်တဲ့လောဘတွေ....
မိတင်ရေ နင်လာမှာ ငါကြောက်နေမိတယ် အဟင့်..... :(
(အပေါ်မှာ တင်ထားတဲ့ ပုံလေးက သူမလေးဂျီးမေးလ်မှာ သုံးနေတဲ့ Themeထဲကပုံလေးပါ။)
1 comments:
လောဘတွေ ရိုက်သတ်ပစ်ဗျာ။ မိတင်မလာအောင်လည်း တံခါးပိတ်ထားလိုက်။ အဟတ်ဟတ်။ :D
Post a Comment