သူမလေးရဲ့ခိုနားရာ

ရောဂါကျွမ်းနေပြီ....

Published by သူမလေး under on 1:05 AM
အဟဲ ခေါင်းစဉ်ကြည့်ပြီးမလန့်သွားပါနဲ့နော်။ ရောဂါကကျွမ်းတော့ကျွမ်းနေပြီ တခြားတော့မဟုတ်ပါဘူး သင်္ကြပြန်ချင်တာပါရှင်။ ဒီနေ့ တနေကုန် BurmeseClassicကနေသင်္ကြန်သီချင်းတွေကြည့်ပြီ ရောဂါထလာတာပါ။ T-Homeသင်္ကြန်ကြည့်ပြီး ပိုဆိုးသွားတယ်။ နဂိုကမှ အငိုလွယ်တဲ့ သူမလေး သင်္ကြန်သီချင်းတွေကြည့်ပြီး တရှုံ့ရှုံ့ဖြစ်နေပါပြီ။ ဒီနှစ်သင်္ကြန်လည်း ပြန်ဖြစ်မယ်တော့ မထင်ပါ၊ သင်္ကြန်လည်းလည်ဖြစ်မယ်မထင်ပါ။မနှစ်သင်္ကြန်တုန်းကမှအကြိုနေ့တရက်ဘုန်းကြီးကျောင်းတွေလျှောက်လည်ပြီး မုန့်သွားစားဖြစ်သေးတယ်။ ဒီနှစ်တော့ ရုံးဖွင့်ရက်နဲ့တိုက်နေတော့ လည်ဖြစ်တော့မယ်မထင်ပါ။

သင်္ကြန်နဲ့သူမလေးတို့ညီအမတွေမှာဇာတ်လမ်းလေးရှိခဲ့ပါတယ်။သင်္ကြန်ကျမှပဲအဲ့ဒီအကြောင်းလေးတွေရေးတော့မယ်။ အခုတော့ ဆက်ပြီး ရောဂါသည်းလိုက်အုံးမယ်နော်.....တာ့တာ။

5 comments:

Anonymous said... @ 3/8/09, 4:41 AM

ဟိတ် သင်္ကြန်ပြန်ချင်ရင် ဒီကို ဆက်သွယ်ပါ :P

Phyo Maw said... @ 3/8/09, 6:30 AM

ရန်ကုန် သင်ကြန်အကြောင်း သိပ်မပြောကြပါနဲ့ကွယ်... ပြန်လို့ကိုမရတဲ့ တို့များ စိတ်အားငယ်ရလို့ပါ။

Sein Lyan Tun said... @ 3/8/09, 6:34 AM

တို့ ကတော့ ခြောက်နှစ်ရှိသွားပီး
ပြန်ချင်ပေမဲ့လည်း....

မိုးသောက်(ရှမ်းလေး) said... @ 3/8/09, 2:02 PM

ကျွန်တော်လဲ ၆နှစ်ဆက်တိုက် သင်္ကြန်နဲ့ ဝေးဖူးတယ်... :( ဒီနှစ်လဲပဲ... အင်း.....

Anonymous said... @ 3/8/09, 10:24 PM

သင်္ကြန်လွမ်းသူတွေပါလားးးး နာလည်း တူတူပါပဲ.... ပြောနဲ့တော့... ငိုချင်ပါတယ်ဆို အဟင့်... ဒေါ်ကြီးချမ်းတော့ ကြွသွားတော့မယ်.... မြန်မာပြည်မှာ သင်္ကြန်ကဲဖို့... မနာလိုတော့ ဖြစ်ချင်ချင်... ဒါပေမယ့် သင်္ကြန်တွင်းတော့ အကုသိုလ်မပွားပဲ ကုသိုလ်လေး ဘာလေးလုပ်ပေါ့...

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။