သူမလေးရဲ့ခိုနားရာ

ဒီနေ့ ညစာ

Published by သူမလေး under on 3:38 AM
အားလုံးမင်္ဂလာပါရှင်။ မနက်က အလုပ်ကိုနေ့တ၀က်သွားရတယ်။ အလုပ်ကဆင်းတော့ သူမလေး ၈တန်း၊၉တန်းတုန်းက အင်္ဂလိပ်စာသင်ပေးတဲ့ မာမီကြီး ဒီကိုအလည်ရောက်နေတာနဲ့ သွားတွေ့ဖြစ်ပါတယ်။ မာမီ့နဲ့က ရေဆက်ရှိတယ်ပြောရမှာပဲ၊ ဘာလို့လည်းဆိုတော့ မာမီ့သမီးနဲ့က့ ဒီမှာကျောင်းနေဖက်သူငယ်ချင်းတွေပါ။ အစကမာမီ့သမီးမှန်းမသိဘူး၊ နောက်မှ သူလည်းမန်းလေးက ကိုယ်လည်းမန်းလေးကဆိုတော့ မိတ်ဆက်ရင်းသိသွားကျတာ။ သူမလေး ရဲ့မွေးစားအဖေ ကလည်းပြောထားတယ်လေ။ မာမီ့သမီးလည်း ဒီမှာကျောင်းသွားတက်မယ်ပေါ့၊ နာမည်တော့သူလည်းအတိကျမသိဘူးတဲ့၊ သူမလေးနာမည်နဲ့တော့ဆင်တယ်ဆိုပဲ။ အမှန်တော့ ၁လုံးတည်းတူတာပါ။ :P မမနဲ့သူမလေးနဲ့က အသက် ၁၀နှစ်ကွာပါတယ်။ ကျောင်းတက်တည်းကတွဲလာတာ အခုချိန်ထိပဲဆိုပါတော့။ အဖွဲ့ထဲမှာ မမက အကြီးဆုံး သူမလေးက အငယ်ဆုံး၊ ဒါပေမယ့် မမကိုဆို သူမလေးကသိပ်နိုင်ပါတယ်။ ဟီဟီနောက်မှ မမနဲ့သူမလေးရဲ့ ရီစရာအကြောင်းလေးတွေရေးအုံးမယ်။

မာမီတို့နဲ့တွေ့ပြီး ဟသာင်္က စားချင်တဲ့ အချဉ်ထုတ်ရယ်၊ ပဲပြုတ်ရယ်၊ မျှစ်ရယ်ဝယ်လာပါတယ်။ ဒီည ညစာကတော့ ပဲပြုတ်နဲ့မျှစ်နဲ့ကြော်ရယ် ၀က်သားအချိုချက်ရယ်ပါ။ စားသွားကျပါအုံးနော်။

ပဲပြုတ်နဲ့မျှစ်ကြော်ပါ။

ဝက်သားအချိုချက်ပါရှင်။

အချဉ်ထုပ်တွေပါ။ တခုက ရွှေမင်းသမီး မက်မန်းသီးအချဉ်ပါ။ သူမလေးသိပ်ကြိုက်ပါတယ်။ အရင်တုန်းက ၁ထုပ်မှ ၅၀ကျပ်ရယ်၊ ဟိုတခါပြန်သွားတုန်းက ၀ယ်စားတာ ၆၀တဲ့။ အခုဒီရောက်တော့ ၅၀တော့၅၀ပဲ။ဒါပေမယ့် ၅၀ပြား...အဲလေ ပြား၅၀ ဟီဟီ။ အဲ့ဒီပြား၅၀ကို ဘယ်လိုမှမခေါ်တက်ဘူး ပြောတိုင်း ၅၀ပြားပဲဖြစ်ဖြစ်နေတယ်။ အကိုကဆိုခဏဏအမှားပြင်ပေးရလွန်းလို့ စိတ်ကုန်ပြီတဲ့။ :( နောက်တခုက ဇီးယိုပါ သူမလေးနဲ့တည့်တယ်တဲ့ အကောင်းမှတ်နေတာ ပြီးမှ ကိုယ့်ကိုအရူးလို့ပြောမှန်းသိတယ်...အဲ့လိုပါ။ စားသွားကျပါနော်...အားမနာပါးမနာကို စားသွားကျပါရှင်။

5 comments:

Sein Lyan Tun said... @ 3/7/09, 8:14 AM

သွားရည်အတောက်လိုက် ကျ သွားပီး
ပါးစပ် ကြိမ်းသွားပါကြောင်း

Anonymous said... @ 3/8/09, 4:59 AM

ပဲပြုတ်နဲ့ မြစ်ချဉ်ကတော့ ရှယ်ပဲနော် တေးလေး
ဝက်သား အချိုချက်ကလည်း ဂွတ် ..
အချဉ်ထုတ်ကတော့ ကြည့်ရတာနဲ့တင် သွားကြိမ်းတယ် :D

Anonymous said... @ 3/8/09, 5:13 AM

အော် ဒီအကိုကလည်းလုပ်ရော့မယ် မျှစ်ချဉ်မဟုတ်ပါဘူး၊ မျှစ်အချိုပါ။ အချဉ်ထုတ်ကတော့ အကိုနဲ့တည့်မှာပါအကိုရ ဟီ။ အခုမှနေကောင်းပျောက်တာဆိုတော့ များများစားရတယ် ဟီဟီ။

Anonymous said... @ 3/8/09, 7:21 AM

စလုံးကလူတွေကိုမနာလိုပါ
မြန်မာအစားအစာတွေအကုန်ရတယ်ဆိုသဖြင့်
အထူးသဖြင့်ကတော့ ပဲပြုတ်ပါ
ထမင်းပူပူကို ဆီမွှေးမွှေးနဲ့စားချင်ပါသည်
သူမလေး လိုပဲ မျက်ရည်တွေအလုံးလိုက်လည်လာပြီ အဟင့်
အဲဒါကြောင့်အားလုံးကိုလက်စားပြန်ချေတဲ့အနေနဲ့
ကြေညာ မယ် သေချာနားထောင်နော်
ရန်ကုန်ကိုသင်္ကြန်ပြန်မယ်ကွာ
ဟင်းဟင်း
နာလိုအူတိုဖြစ်ကုန်ပြီမှတ်လား ဟိဟိ

Anonymous said... @ 3/8/09, 10:19 PM

အချဉ်ထုပ်တွေက ကြည့်နေရင်း သွားကြိမ်းလာပြီ။။။။ မျှစ်ဟင်းလည်း စားသွားတယ်ဝေးးးး သွားရည်ကျချင်စရာ.... ၀က်သားကတော့ အဟဲဟဲဟဲ.... ပြောဖို့လိုမယ် မထင်... ကြိုက်ပြီးသား ဟီးးးး

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။