သူမလေးရဲ့ခိုနားရာ

မလွဲရင် မနေနိုင်တာကလွဲလို့

Published by သူမလေး under on 2:57 AM
အားလုံးပဲမင်္ဂလာပါရှင်။ သူမလေးဟာတော်တော် အလွဲလုပ်တက်တဲ့မိန်းကလေးပါ။ ၁နေ့တခါမလွဲရရင် စားမ၀င်အိပ်မပျော်တဲ့ရောဂါရှိပါတယ်။ ဒီနေ့လည်းတလွဲလေးလုပ်လာပါသေးတယ်။ ဖြစ်ပုံက ဒီလို။

သူမလေးရဲ့ ညီမလေးက မုန့်ဖိုးလှမ်းတောင်းတာနဲ့ ငွေသွားလွှဲတယ်ပေါ့နော်။ သူငယ်ချင်းတယောက်ကိုမနေ့ထဲက အဖေါ်ခေါ်ပြီးသား။ ဟိုရောက်တော့ ကိုယ့်ဝမ်းစာကိုအရင်ဝင်ဖြည့်ရပါသေးတယ်။ အဲ့ဒီထိအဆင်ပြေသေးတယ်၊ ပိုက်ဆံလွှဲတဲ့နေရာရောက်မှ စလွဲတာ။

ဆိုင်ရှင် အမကြီးက (အမှန်တော့ အန်တီကြီးပါ ဟီ မေမေ့လောက်ရှိရောပေါ့၊) လွှဲမယ့်သူနာမည်မေး၊ လက်ခံတဲ့သူနာမည်မေး ပြီး မှတ်ပုံတင်နံပါတ်မေးပါတယ်။ သူမလေးက ၉/စကန.....ဆိုတော့ သူက အော် စစ်ကိုင်းလားတဲ့။ ဟီ ဟုတ်ဘူးလို့ စဥ့်ကူးလို့ ...အော်တဲ့။ နောက်ဖုန်းနံပါတ်မေးတယ်၊ ၀၉၂၀...ပေါ့နော်ဆိုတော့ သူက ဘယ်လွှဲမှာလည်းမမေးပဲ မန်းလေးလွှဲမှာလားတဲ့။ ဟီ...ဟုတ်ဘူးလို့ ရန်ကုန်ပါရှင်လို့...အော် ဟုတ်ပြီတဲ့ အိမ်ပို့ပေးရမှာလားတဲ့ဆိုတော့ ဟုတ်ဘူးရှင့် ဘဏ်ကိုလွှဲပေးပါရှင်ဆိုတော့။ ဟုတ်ပြီ ဘယ်ဘဏ်လည်းတဲ့ ဟဲဟဲ သူမလေးကလည်းပြောထည့်လိုက်တာပေါ့ UOBကမာရွတ်လို့။ :D ဟင်တဲ့ ပါလာတဲ့သူငယ်ချင်းရော ဆိုင်ရှင်အမကြီးရော ပြူးကုန်တယ်...မျက်လုံးပြောပါတယ်။ သူငယ်ချင်းက ဟဲ့ကြည့်လုပ်အုံးနော်တဲ့...သူမလေးက ကိုယ့်အမှားကိုမသိဘူး။ ဟုတ်တယ်လေ ငါဘာမှားနေလို့လည်း UOBကမာရွတ်သေခြာတယ်လို့ ဆိုတော့ သူငယ်ချင်းရော အမကြီးရော ညီမလေး မြန်မာပြည်မှာ UOBမရှိသေးဘူးကွဲ့ တဲ့။ ဟီ မှားပြီ။ အော် ဟုတ်သား မှားသွားပြီ ဟိုဟာ.....ဆိုတော့ သူငယ်ချင်းက ဘေးကနေ POSB တို့DBSတို့တော့ထပ်မလုပ်တော့နဲ့နော် သယ်ချင်းတဲ့...အေးပါငါသိပါတယ်ဆိုပြီး သူငယ်ချင်းကိုတောင် ပြန်ပြောလိုက်သေးတယ်။ ဟီ ရှက်ရမ်းရမ်းတာ။ အမှန်က UOBဟုတ်ဘူးရှင့် MOBပါ၊ မေ့မှာဆိုးလို့ noteမှာတောင်သေသေခြာခြာမှတ်ယူသွားတာ UOBကမာရွတ်တဲ့.......

ကိစ္စအားလုံးပြီးအိမ်ပြန်တယ်၊ မိုးကရွာချင်ချင်ဖြစ်နေပြီ။ တော်သေးတယ် အိမ်အောက်ရောက်မှစရွာလို့ မဟုတ်လို့ကတော့ ကြွက်စုတ်ဖြစ်အုံးမယ်။ အိမ်ရောက် ကော်ဖီတစ်ခွက်သောက်ပြီးအိပ်လိုက်တာ ၅နာရီကျော်မှနိုးတော့တယ်။ တော်သေးတာနော် ကော်ဖီသောက်ပြီးမှအိပ်လို့ သိပ်အိပ်လို့မကောင်းဘူး။ဟီ...အိပ်ရာနိုး ဗိုက်ဆာ ခေါက်ဆွဲပြုတ်စား...ဒါက အန်ကယ်လ်ချမ်း...ဟုတ်ပေါင် အန်တီချမ်းစတိုင်။ ဘိုင့်ဘိုင့်

စားသွားကျပါအုံးခေါက်ဆွဲပြုတ်လေး...ဟေဟေ....



4 comments:

သီဟသစ် said... @ 3/15/09, 4:14 AM

သူမလေးတို့များ ချမ်းသာလိုက်တာ ကိုယ်ပိုင်ဘဏ်တွေ ဖွင့်ထားသကိုး

Phyo Maw said... @ 3/15/09, 4:19 AM

UOB ကမာရွတ်တော့ မသိဘူး
radio ကမာရွတ်တော့ သိတယ်။

ဘာပဲဖြစ်ဖြစ် UOB ကမာရွတ်လို့ပဲ ခေါ်တော့မယ်။

လင့်သွားသည်။

တီချမ်း said... @ 3/15/09, 4:40 AM

အဲ ဒီအမွှာ ၂ကောင်အမြဲ အရင်ရောက်
အိမ်တကာစေ့လိုက်လည်နေ
၁၀၉ ၁၁၀ တွေ

ကဲကဲ ဆူတာပြီးပြီ မန့်မယ်
သူမလေးလွဲ ကောင်း ၏
တခါ တလေ လွဲ ကောင်း
ခဏခဏ မလွဲနဲ့
မဟုတ်ရင်မလွယ်

ငွေလွဲပြီး တီ့ဆီလွှဲ စိတ်မဆိုးတတ်
အကောင့်နံပါတ်ပေးရမလား
ဟို ၂ကောင်တော့သိစေချင်
ဒင်းတို့ကမလွယ်
အေးခုတော့ ဒီလောက်ပဲ
တီလဲ ကော်ဖီသောက်
ခေါက်ဆွဲ ပြုတ်
သောက် အိပ်
တာ့
နောက်မှလာလည်
ပျော် ရွှင်စေ သူမလေး

အား.............................
မန့် ပြီး တင်ရန် ကြည့် word verification တွေ့
လူတိုင်းဘာလို့ဒါကိုလုပ်
တီ စိတ်တို
ခဏခဏ ဖြစ်
မကောင်း
တီ လဲ အင်း သွေးဆုံးခါနီးပြီ ထင်
စိတ်ခဏခဏ တိုနေရ
လုံးဝ မကောင်း

mgnge said... @ 3/15/09, 8:55 AM

ခေါက်ဆွဲ ပြုပ်မျက်နှာ ကြောင့် ဝင်မန့် သည် ..။ :P
ဟိဟိ
သူများခေါက်ဆွဲ စားတာ မြင်ရင် သိပ်မကြည်ဘူး..။
ကျွန်တော် စားမယ့်ခေါက်ဆွဲ တွေများပါ သွား ပြီလားလို့ လိုက် လိုက်ကြည့်နေတာ...။တော်သေးတယ်... တံဆိပ်မတူ လို့ ..။
:P

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။