သူမလေးရဲ့ခိုနားရာ

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်

Published by သူမလေး under on 8:19 PM

မင်္ဂလာပါရှင်။ ရောဂါကျွမ်းနေတာလည်းကြာပြီ၊ အိမ်လိုက်မလည်ဖြစ်တာလည်းကြာပြီ။ အဲ့ဒီတော့ကာ ဒီနေ့ ရုံးပိတ်ရက်မှာ အတိုးချပြီးအိပ်....အဲလေ အတိုးချပြီးအိမ်လျှောက်လည်မယ်၊ စာတွေလည်းရေးမယ်ပေါ့နော်။ ဟီ ပေါတောတောနဲ့လို့တော့မထင်လိုက်ပါနဲ့နော်၊ အမှန်က အဲ့ထပ်ဆိုးပါတယ် လို့မဆိုလိုပါဘူး။

လျှောက်လေပေါနေတာနဲ့ ရေးရမယ့်စာကဘယ်ရောက်သွားလည်းမသိတော့ပါဘူး။ အော် သိပြီ၊ ဒီနေ့ သူငယ်ချင်းတွေကို ပုံပြင်လေးတစ်ပုဒ်ပြောပြပါ့မယ်။ သူမလေး စိတ်ကောက်ရင် မေမေက ဒီပုံပြင်လေးပြောပြပြီးချော့ပါတယ်။ပုံပြင်လေးအဆုံးမှာမေးခွန်းလေးပါတော့ စိတ်ကောက်ပြေပြီး စကားပြန်ပြောအောင်ပါ။
ကဲပုံပြင်လေးပြောပြတော့မယ်နော်၊ ငြိမ်ငြိမ်လေးနားထောင်နော်....

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်....ရွာတရွာမှာ လယ်သမားလင်မယားနှစ်ယောက်ရှိသတဲ့။ သူတို့မှာ သမီးလေးတယောက်လည်းရှိတယ်။ သမီးလေးကို အသည်းအသန်ချစ်နေရှာတဲ့ လူငယ်လေးတယောက်လည်းရှိသတဲ့။ အဲ့ဒီလူငယ်လေးက မိန်းကလေးကိုအရမ်းလည်းချစ် အရမ်းလည်းလိုချင်တော့ လယ်သမားလင်မယားဆီမှာ ၃နှစ်၃မိုးအလုပ်လုပ်ပေးသတဲ့။ ၃နှစ်ပြည့်တဲ့အချိန်မှာ လယ်သမားလင်မယားဟာ ဒီလူငယ်လေးရဲ့ အရည်အချင်းနဲ့၊ သူတို့သမီးလေးအပေါ်ထားတဲ့ သံယောဇင်ကိုသိတော့ စိတ်ချလက်ချပေးစားလိုက်သတဲ့ကွယ်။ မိန်းကလေးက အဲ့ဒီလူငယ်လေးကိုမချစ်ဘူးကွဲ့ ဒါပေမယ့် မိဘစကားကိုနားထောင်တဲ့အနေနဲ့ ယူလိုက်တယ်။

တနေ့မှာ မိန်းကလေးဟာ အဖျားကြီးဖျားပြီး ဆုံးသွားခဲ့တယ်။ လူငယ်လေးမှာ ဘယ်လိုမှစောင့်တည်ရာမရဖြစ်တာပေါ့၊ သူ့မိန်းမကို မသေဘူးဘဲပြောနေတယ်။ သူ့မိန်းမကိုပြန်နိုးထနိုင်အောင်လုပ်ပေးတဲ့သူကိုလိုက်ရှာမယ်ပေါ့ မိဘတွေကိုပြောတယ်။ လယ်သမားလင်မယားဟာလည်း ဘယ်လိုမှတားမရတဲ့အဆုံး လိုက်ရောလိုက်ရတယ်။ အဲ့ဒါနဲ့ လူငယ်လေးဟာ မိန်းကလေးရဲ့အလောင်းကိုလှေပေါ်တင်ပြီး တရွာဝင်တရွာထွက် သူ့မိန်းမကို ပြန်ရှင်အောင်လုပ်ပေးနိုင်မယ့်လူကိုလိုက်ရှာတယ်။ အချိန်တွေသာကြာလာတယ် ပြန်ရှင်အောင်လုပ်နိုင်တဲ့ သူကို မတွေ့နိုင်ဘူးပေါ့ကွယ်။

ကံကောင်းချင်တော့ တနေရာမှာ အဘိုးအိုကြီးတယောက်ကိုတွေ့သတဲ့။ အဘိုးအိုကိုအကျိုးအကြောင်းပြောပြတော့ အဘိုးအိုက လူငယ်လေးမှာ ပိုင်ဆိုင်သမျှသူ့ကိုအကုန်ပေးရင် ကုပေးမယ်ပြောတယ်။ ဒါပေမယ့် တခု သတိထားရမှာက မိန်းကလေးဟာ အသက်ပြန်ရှင်လာရင် လူငယ်လေးကို လုံးဝမှတ်မိတော့မှာမဟုတ်ကြောင်းလည်း ပြောပြသတဲ့။ လူငယ်လေးဟာ သူ့မိန်းမကိုအရမ်းချစ်လေတော့ ရှိသမျှကုန်ချင်ကုန်ပါစေ၊ သူ့ကိုမမှတ်မိတော့ရင်လည်းရပါတယ်၊ မိန်းမကိုသာအသက်ပြန်ရှင်အောင်လုပ်ပေးပါလို့တောင်းဆိုသတဲ့။

အဘိုးအိုဟာ မိန်းကလေးအသက်ပြန်ရှင်အောင်လုပ်ဖို့က မခက်ခဲပါဘူး မင်းရဲ့သွေးသုံးစက်သာ သူ့ရဲ့ပါးစပ်ထဲထည့်ပေးလိုက် ချက်ချင်းအသက်ပြန်ရှင်လာမယ်လို့ပြောလိုက်တယ်။ ဒါပေမယ့် မင်းတနေ့ နောင်တရတဲ့အချိန်မှာတော့ သူ့ဆီက သွေးသုံးစက်ကိုပြန်တောင်းလိုက်ပါလို့ပြောပြီး သူရဲ့စကားအတိုင်း လူငယ်လေးပိုင်ဆိုတဲ့ပစ္စည်းတွေယူပြီး ထွက်သွားသတဲ့ကွယ်။ လူငယ်လေးလည်း အချိန်မဆိုင်းပဲ သူ့ရဲ့ လက်မောင်းသွေးသုံးစက်ထုပ်ပြီး မိန်းကလေးပါးစပ်ထဲထည့်ပေးလိုက်တယ်။ မိန်းကလေးဟာချက်ချင်းသတိယလာပေမယ့် လူငယ်လေးကိုတော့ မမှတ်မိရှာဘူး။

လူငယ်လေးဟာ သူ့ရဲ့ရှိရှိသမျှပစ္စည်းတွေကိုအဖိုးအိုကိုပေးလိုက်ရပြီဆိုတော့ ဘာမှမရှိတော့သလို၊ ဘယ်မှလည်းသွားလို့မရတော့ဘူးပေါ့။ အဲ့ဒါနဲ့သူဟာ အခုရောက်နေတဲ့ ရွာက လှေတစီးမှာ လှေထိုးသားအနေနဲ့ ၀င်အလုပ်လုပ်သတဲ့။ မိန်းကလေးဟာ ဒီရုပ်ဆိုးဆိုးလူကြီးဟာ သူ့ယောကျာ်းဆိုတာဘယ်လိုမှမယုံနိုင်ဘူးဖြစ်နေတယ်။ သူ့ဟာသူနေတက်သလိုနေတယ်၊ လူငယ်အတွက်ဘာမှမလုပ်ပေးသလို စကားလည်းမပြောဘူးတဲ့။ တနေ့မှာပေါ့ လူငယ်လေးဟာ လှေသကြီးရဲ့ခိုင်းစေမှုအရ အခြားရွာညအိပ်သွားပေးရသတဲ့။ သူက သူ့မိန်းမကိုလည်းစိတ်မချတော့အလုပ်ကို မြန်မြန်ပြီးအောင်လုပ်ပြီး ညတွင်းချင်းပြန်လာသတဲ့။

အိမ်လည်းပြန်ရောက်ရော သူ့မိန်းမကို လှေသကြီးနဲ့ အတူတွေ့လိုက်တော့ အရမ်းဒေါသဖြစ်သွားတယ်။ ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘူးပေါ့။ အဲ့ဒါနဲ့သူက သူ့မိန်းမကို ရိုက်မယ်လုပ်တယ်။ မိန်းကလေးကသူ့အသားကိုမထိနဲ့ လိုချင်တာပြောလို့ပြောတယ်။ အဲ့ဒီမှာ လူငယ်လေးဟာအဘိုးအိုပြောခဲ့တယ်စကားတခွန်းကိုသတိရသွားပြီး ဘာမှမလိုချင်ပါဘူး၊ မင်းဆီက သွေးသုံးစက်ရရင်ကျေနပ်ပါပြီလို့ပြောလိုက်တယ်။ မိန်းကလေးဟာ ကောင်းပြီဆိုပြီး သွေးသုံးစက်ထုတ်ပေးလိုက်တယ်။ သွေးသုံးစက်ထုတ်လိုက်တယ်ဆိုရင်ပဲ မိန်းကလေးဟာ ခြင်တကောင်ဖြစ်သွားတယ်တဲ့။

ပုံပြင်လေးကတော့ဒါပါပဲကွယ်။ အဲ့ဒါကြောင့်ခြင်တွေဟာသွေးသုံးစက်ပြန်လိုချင်လို့ လူတွေကိုလိုက်ကိုက်နေတာပါတဲ့။ ကိုက်တဲ့ခြင်တွေဟာလည်းအမတွေပဲဖြစ်နေရတာတဲ့။ မေမေ မေးတဲ့မေးခွန်းလေးကတော့ သေသွားတုန်းက ခြင်ကတကောင်တည်းတဲ့၊ ဘာလို့ အများကြီးပွားလာတာလည်းတဲ့။

သူငယ်ချင်းတို့ရောဘယ်လိုထင်လည်း.....

6 comments:

လင်းဦး(စိတ်ပညာ) said... @ 3/13/09, 9:53 PM

အမလေးဗျာ.. ပုံပြင်ထဲကအတိုင်းသာ ရှိနေရင်တော့ ကြောက်စရာပဲဗျာ....

ဘယ်လိုပါလဲဆိုတော့ အဲ့လိုတကယ်မဖြစ်ပါစေနဲ့လို့ပဲ၊ တကယ်မရှိပါစေနဲ့လို့ပဲ

Anonymous said... @ 3/13/09, 10:26 PM

ဟီ မကြောက်ပါနဲ့အကိုရယ်၊ ပုံပြင်ပါရှင်။

Sein Lyan Tun said... @ 3/14/09, 1:26 AM

ဒါဆို ကောင်လေးက ကောင်မလေးကို တကယ်မချစ်တာပဲ
သုံးနှစ်သုံးမိုး ကျွန်ခံချစ်ခဲ့တာ
လှေသူကြီးလောက်နဲ့ တော့ ခွင့်လွှတ်သင့်တယ်
သူကိုယ်ကလဲ ကောင်မလေးက မမှတ်မိတော့ဘူး
ဆိုတာသိနေရက်နဲ့ အသက်သွင်းပြီးမှ
ကောင်မလေးဆီကပေးပီးသားကိုပြန်မတောင်းသင့်ဘူး
ပေးခဲ့ပီးပီးလေ..
သွေးသုံးစက်နဲ့ လူ့ အသက်ပြန်ရတာကို
နားလည်မှုအနေနဲ့ သူချစ်တဲ့ကောင်မလေးကို
ခွင့်လွှတ်ပီး သူ ပျော်နေသင့်တယ်
ထင်တာပဲ...
များသွားပီး..

Anonymous said... @ 3/14/09, 2:36 AM

၁) ပုံပြင်လာဖတ်
၂)ရေးထားတာကောင်း
၃)မန့်ဖို့ပြင်
၎)၀ပ်ဗာရီဖီကေးရှင်းရှုပ်
၅)မမန့်ဖြစ်
၆)ပြန်သွား
၇)နောက်မှပြန်လာမယ်
၈)တာ့တာ
၉)ခြင်ကိုက်လို့
၁၀)ခြင်ဆေးဗူးပြန်ယူတာ.............း)

မိုးသောက်(ရှမ်းလေး) said... @ 3/15/09, 1:18 AM

အဲလိုမျိုးရှိခဲ့လား... ဒါဆို ခြင်တွေက အမတွေချည်းပေါ့နော်... ယောက်ကျားလေးတွေကို ပိုကိုက်မယ်ထင်တယ်... :P

mgnge said... @ 3/15/09, 8:52 AM

သိဘူး လေ။
ကွန်းမန့်များရှည်သွာလားမသိဘူးနော်...။ :P

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။