သူမလေးရဲ့ခိုနားရာ

Decemberရယ်မြန်မြန်ရောက်ပါတော့လား။

Published by သူမလေး under on 1:56 AM
နေ့လည်က ထမင်းသွားစားတော့ ကိုယ့်စီနီယာက Holidayမှာဘယ်သွားဖို့အစီအစဉ်ရှိလည်းတဲ့။ နင့်အိမ်ပြန်မှာလားတဲ့မေးလာတယ်။ သူမလေးလည်း အင်းလို့ ဒီဇင်ဘာကျရင်ပြန်ဖို့အစီစဉ်ရှိတယ်လို့ဆိုတော့သူက ဘယ်နှရက်လောက်ပြန်မှာလည်းတဲ့။ ၂ပတ်လောက်ပေါ့လို့၊ ငါက ဟိုနေ့က ခွင့်၁ရက်ယူပြီးသားဆိုတော့ ၁၃ရက်ပဲကျန်တော့မယ်လို့ ဒါပေမယ့်ခရစ်စမတ်ဟောလီးဒေးရယ်၊ New Yearရယ်ပါပေါင်းယူမယ်ဆိုရင် ၁၄ရက်လောက်တော့နေလို့ရမယ်ဆိုပြီး ကွိစိကွစိပြောမိတယ်။ သူက အင်းတဲ့မန်နေဂျာနဲ့အရင်မေးကြည့်အုံးတဲ့၊ သူတို့အဲ့လောက်ခွင့်ရက်ရှည်ပေးမပေးဆိုတာကိုတဲ့။
ငါအရင်နှစ်က ခွင့်၉ရက်လောက်ဆက်တိုက်ယူတာကို ပွစိပွစိလုပ်ခံရတယ်တဲ့ဆိုပြီး ဘာညာသာဒကာနေကြာကွာစိပေါ့။

မနေ့ကလည်းအိမ်ကိုဖုန်းဆက်တော့ ဖေတို့မေတို့က ကိုယ်ပြန်လာရင်သွားဖို့လာဖို့ကိုအခုထဲက အစီစဉ်ဆွဲနေပြီ။ အဟင့်.... ပြန်ချင်လာပြီ။ မနှစ်က ဒီအချိန်အိမ်မှာပေါ့။ ကျောင်းပြီးတော့ အိမ်မှာ၁လပြန်နှပ်နေတဲ့အချိန်ပေါ့။
ဒီဇင်ဘာဆိုကိုယ်တို့ဆီမှာ နှင်းမြူတွေဆိုင်းပြီး ခိုက်ခိုက်တုန်အောင်ချမ်းနေလောက်ရောပေါ့။ မနက်ဆိုမောင်လေးညီမလေးတွေနဲ့လမ်းထွက်လျှောက်လို့ရမယ်၊ ကြိုးခုန်လို့ရမယ်၊ တန်းနစ်ကစားလို့ရမယ်။ ပြီးရင် အဒေါ်ပြင်ပေးထားတဲ့ ထမင်းပူဆီဆမ်းနဲ့အကြော်ရယ် ကော်ဖီပူပူလေးရယ်ကိုမောင်နှမတတွေစကားဖောင်ဖွဲ့ရင်းစားကျမယ်။ မောင်ဆိုးလေးကချွဲပြီး ခွံ့ကျွေးခိုင်းရင်ကျွေးခိုင်းနေမှာ။ဒါမှမဟုတ်ရင်လည်း ကိုယ်တို့မောင်နှမတွေက ကလေးလုပ်ပြီး မေမေစားနေတာကိုအတင်းခွံ့ကျွေးခိုင်းမယ်။ မေမေလုပ်ပေးတဲ့ ထမင်းဆုပ်လေးဆိုကိုယ်တို့မက်မက်မောမောစားခဲ့ကြတာပေါ့။ အင်း ပြောရင်းတောင်စားချင်လာပြီ။

ပြီးတော့အခုကိုယ်ကထမင်းလေး၊ဟင်းလေးနည်းနည်းချက်တက်နေပြီဆိုတော့အဒေါ်နဲ့အတူနေ့လည်စာကူချက်
ပေးမယ်။ ဟီ ကူရှုတ်မယ်ပြောတာ။ အားတွေးရင်းတောင်ပျော်လာပြီ။အခုတော့အလုပ်ထဲမှာ....တော်ပြီအလုပ်ဆက်လုပ်ရအုံးမယ်တော်နေ ဘော်စိက ပွားနေအုံးမယ်။ ....လွမ်းပြီမေရေ။

ရွှေပြည်တော်ရယ်မျှော်လေတိုင်းဝေး။

မေမေရေ ပြန်လာချင်ပြီဗျ။

4 comments:

Anonymous said... @ 6/8/09, 2:55 AM

အာမလေးလေး ရွှေပြည်တော် မျှော်တိုင်းမဝေးပါဘူး ပြန်ပဲ ပြန်ရတော့မယ့်ဟာကို အားတင်းထားကွ .. Fighting !!

လင်းကြယ်ဖြူ said... @ 6/8/09, 3:29 AM

No place like home တဲ့။ဒါပေမယ့် ပျော်ရာမနေ တော်ရာနေပေါ့လေ...ဒီလိုပါပဲ ကျွန်တော်တို့လည်း ပြန်ချင်တာပဲ..အားတင်းထား..ပြီးတော့ မိသားစုနဲ့ ကျန်းမာပျော်ရွှင်ပါစေ ခင်ဗျ...ပြန်လာရင်တော့ မုန့်ဝယ်ခဲ့လေ..ဟဲ..ဟဲ..

သူမလေး said... @ 6/8/09, 8:28 AM

လာလည်တာကျေးဇူးပါရှင်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

mgnge said... @ 6/27/09, 6:06 AM

သူကမှ တစ်နှစ်တစ်ခါပြန်သေး.. ငါတို့ ဆို ဘယ်လောက် ကြာပြီလည်း..နှစ်နှစ်ပြည့်တော့မယ်..။ပြန်ဖို့ မပြောနဲ့  လေယဉ်ကွင်းဘက်တောင် ခြေဦးမလှည့်ဖြစ်ဘူး...။

အဟင့်...။

နင်ကရှမ်းပြည်ဘက်လား

Post a Comment

 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။