သူမလေးရဲ့ခိုနားရာ

သူမလေးရဲ့ ပထမဦးဆုံး ကြက်သားဗူးသီးချက်....

Published by သူမလေး under on 11:40 PM
မင်္ဂလာပါရှင်...သူမလေးအပျင်းကြီးနေတာနဲ့ဘာစာမှလည်းမရေးဖြစ်သလို ဘာပို့စ်မှလည်းမတင်ဖြစ်တာကြာပေါ့။ အရင်တပတ်ရုံးပိတ်တုန်းကလည်း ဟိုလှည့်ဒီလှည့်နဲ့ဘာမှကောင်းကောင်းမလုပ်ဖြစ်ဘူး။ ပိတ်တဲ့၎ရက်လုံး အကျိုးရှိရှိအိပ်နေတာ။ ဟီဟီ။ အခုတပတ်ပြန်ပိတ်ပြန်ပေါ့။ စီဘောစ်မှာလည်းလာကျိန်းတဲ့လူကရှိနေလေတော့ ဟဲဟဲ သူမလေးချက်စားဖြစ်တဲ့ ကြက်သားနဲ့ဗူးသီးဟင်းလေးကို ဝေငှပါမယ်ရှင်။ သူမလေးဟင်းချက်ရင် အမြဲ ဟင်းကြော်လုပ်စားတာများပါတယ်။ မချက်တက်တာလည်းပါတာပေါ့။ ဒီနေ့တော့ NTUCလည်းမသွားချင်ဘူး၊ Giantလည်းမသွားချင်တာနဲ့ အိမ်နားကဈေးမှာပဲဝယ်ဖြစ်တယ်။ ဈေးထဲမှာ အသီးရွက်တော်တော်စုံတယ်၊ ချဉ်ပေါင်ရွက်တောင်ရသေး။ မိုက်တာနော်...အဲ့ဒါနဲ့ သူမလေးလည်းဗူးသီးရယ်၊ သရက်သီးစိမ်းရယ် ဟိုဟာနည်းနည်းဒီဟာနည်းနည်းစီလျှောက်ဝယ်လာလိုက်တယ်။ အိမ်ရောက်တော့ သူမလေးဟင်းချက်ခါနီးရင် အမြဲဝင်ကြည့်ဖြစ်တဲ့ မမလုလု ဘလော့ထဲဝင်ပြီး ကြက်သားနဲ့ဗူးသီးချက်ကိုလိုက်ရှာရပါတယ်။ အဟဲ အခုသူမလေးချက်ထားတဲ့ ကြက်သားဗူးသီးဟင်းကတော့မမလုလုချက်တဲ့နည်းအတိုင်းပါပဲရှင်။ စားသွားကျပါအုံးနော်။


ဒါကတော့သရက်သီးသုပ်ပါရှင်။ သရက်သီးသုပ်လေးလည်းစားသွားပါအုံးနော်။


ဟင်းတွေပဲကျွေးနေတယ်ထင်မှာဆိုးလို့ ထမင်းပါတင်ပေးထားမယ်နော်။

Copyright ပြသနာ

Published by သူမလေး under on 2:29 AM
ဒီနေ့ရုံးမှာ စာတစောင်ရောက်လာတယ်။ ထူးဆန်းတာမှတ်လို့ စာရောက်တာများလို့ ပြောချင်ပါလိမ့်မယ်။ ထူးဆန်းပါတယ်၊ထူးဆန်းတယ်ဆိုတာထက် သတိပေး ဆင်ခြင်စရာလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ သူမလေးဆို စာဖတ်ပြီးတော်တော်တုန်လှုတ်သွားမိတယ်။ ကိုယ်နဲ့မဆိုင်ပေမယ့် နောက်မလုပ်ရဲအောင်ဖြစ်မိတယ်။ လုပ်ထားပြီးသား တွေတောင်ပြန်စစ်မိတယ်။ ဘယ်လိုလည်းဆိုတော့ စာက UK web license ရုံးကပို့လိုက်တာပါ။ ဖြစ်ပုံက ရုံးက senior မမက ဒီဇိုင်းလုပ်တာကို ကိုယ့် ပစ္စည်းပုံကိုမထည့်ပဲ net ကနေ ပုံလှလှလေးရှာတွေ့တာနဲ့ အစားထည့်လိုက်တယ်။ ပုံက၂ပုံတည်းပါ၊ ဒါပေမယ့် တပုံကို US$၁၉၀၀ကျော်တောင်ပေးရမှာ။ ၂ပုံအတွက်ဆိုတော့ တွက်သာကြည့်လိုက်ပါတော့။ မန်နေဂျာကတော့သူဖြေရှင်းပေးမယ်တဲ့..ဒါပေမယ့် ပေးရမယ့် ပိုက်ဆံက ကိုယ့်လခထဲက ဖြတ်မှာလေ။ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာတော့ သိတယ်၊ ဒီလောက်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး။ တော်သေးတယ်လို့ ပြောရမယ် companyကို တရားမဆွဲတာ။ ဒီလို ကော်ပီကူးလို့ ကျောင်းတုန်းက တခါဖြစ်ဖူးတယ်၊ သူငယ်ချင်း တယောက်လုပ်ထားပြီးသား Projectကို သူမလေးတို့အဖွဲ့ က ကော်ပီကူးသလိုဖြစ်သွားတယ်။ ဒါပေမယ့် သူ့Project ရဲ့Layout ကိုပဲယူတာပါ၊ ဆရာကသိသွားတော့ အားလုံးကို ခရေစေ့တွင်းကျလိုက်ရှာတော့တာပဲ။ ဆရာဆိုတာ ဒေါသထွက်လိုက်တာအရမ်းပဲ၊ ပိုဆိုးတာက ဆရာက သူမလေးတို့ အဖွဲ့ ကို အရမ်းချစ်တာ။ သူချစ်တဲ့ကလေးတွေက သူ့ကိုအဲ့လိုလုပ်တာဆိုတော့ ပိုစိတ်တိုတာပေါ့။ Projectတခုလုံးကို၂ရက်အတွင်း အစအဆုံးပြန်လုပ်ခိုင်းတယ်။ မဟုတ်ရင် အကျတဲ့၊ အကျမခံနိုင်တော့ ၂ရက်ဆိုလည်း၂ရက်ပေါ့ဆိုပြီး ပြီးသလောက် မြန်မြန်လုပ်ရတာ။ သူများနဲ့ဆင်တူယိုးမှားဖြစ်မှာလည်းဆိုးရသေးတယ်။ အဲ့ဒီကတဲက လန့်နေတာ အခုတော့ ပိုဆိုးသွားပြီ။ အကိုကတော့ ပြောတယ် ကျောင်းမှာမို့ ဒီလောက်နဲ့ရတာ၊ အလုပ်ထဲမှာဆို ပိုဆိုးမယ်တဲ့။ ပြောချင်တာတော့ ရုံးမှာ ဖြစ်ခဲ့တာကိုပါ။ ဒါပေမယ့် လေရှည်သွားပြီ၊ ဟိဟိ။ စိတ်ထဲရှိတာရေးလိုက်တာမို့ ဖတ်ရတာအဆင်ပြေမလားတော့မသိဘူး။ အဆင်မပြေခဲ့ရင်တောင်းပန်ပါတယ်ရှင်။

သူမလေးရဲ့ စနေနေ့တနေ့တာ

Published by သူမလေး under on 3:16 AM
မနေ့က စနေနေ့ပေမယ့် OTရှိလို့အလုပ်သွားရတယ်။ ခါတိုင်းစနေနေ့တွေက အိပ်နေကျဆိုတော့ alarm ပေးမထားမိဘူး။ ဟိဟိ မနက် ၉နာရီကျော်မှ လန့်နိုးတာ။ နာရီကြည့်လိုက်တော့ ၉နာရီကျော်နေပြီ၊ ရေအမြန်ပြေးချိုးပြီး အသားကုန်သုတ်ခြေတင်ပြေးရတော့တာပဲ။ ရုံးကို ၁၀နာရီခွဲမှရောက်တယ်။ တော်သေးတယ် အဆဲမခံရလို့...ဟီဟီ။ အလုပ်သာလုပ်နေရတာ လူကအိပ်ချင်မူးတူးပဲရှိသေးတယ်။ ၂နာရီကျော်တော့ အလုပ်တွေလက်စသက်ပြီး အိမ်ပြန်လာတယ်။ အိမ်ရောက်တော့ ခနနားပြီး တစ်ပတ်တစ်ခါလုပ်နေကျအလုပ်ဖြစ်တဲ့ မေ့ ဆီကိုဖုန်းဆက်တယ်။ ဖေ ကတော့ တရားစခန်းဝင်နေလို့မပြောရဘူး။ နာရီကြည့်လိုက်တော့ ညနေစာ စားဖို့အချိန်ရောက်ပြီ အဟဲ...ဘာစားမလည်းစဉ်းစားလိုက်တော့ ကြာဇံကြော်စားချင်တယ်။ အဲ့ဒါနဲ့ကြာဇံကြော်စားလိုက်တယ်။ လာလည်ကျတဲ့မောင်နှမတွေလည်းစားရအောင်တင်ပေးမယ်နော်။ သူမလေးကြော်တဲ့ ကြာဇံကြော်စတိုင်ကတော့ ငပျင်းစတိုင်လို့ပြောရင်ရမယ်။ ဟိဟိ၊ ဘာလို့လည်းဆိုတော့ ကြာဇံကြော်ရင်သုံးတဲ့ ကြာဇံကိုသူမလေး မသိဘူး၊ မ၀ယ်တက်ဘူး။ အဲ့ဒီတော့ ReadyMadeကြာဇံပြုတ် ၂ထုပ်ကို အရင်ပြုတ်တယ်၊ ပြီးတော့ ဂေါ်ဖီကိုပြုတ်တယ်၊ ကြော်ရင်ကြာမှဆိုးလို့ အရင်ပြုတ်ထားတာပါ။ ပြီးတော့ ပြုတ်ထားတဲ့ဂေါ်ဖီရယ် ၀က်သားရယ် ပုဇွန်ရယ်ကိုရောကြော်ပါတယ်။ နောက်ဆုံးမှာတော့ ကြာဇံထည့်လိုက်ပါတယ်၊ အရောင်လိုချင်တဲ့အတွက် ကြာညို့ နည်းနည်းထည့်ပါတယ်ရှင်။ ကဲ စားလို့ရပါပြီရှင်။ သူမလေးတော့ ကြာဇံကြော်နဲ့စားဖို့ အချဉ်ရည်ပါထပ်လုပ်ပါတယ်ရှင်။ အဟဲပြီးတော့ အစားပုတ်တယ်လို့တော့မထင်လိုက်ပါနဲ့နော်၊ ထောပတ်သီးလည်းဖျော်သောက်ပါသေးတယ်ရှင်။ ကြာဇံကြော်နဲ့ ထောပတ်သီးဖျော်ရည်ကတော့ သူမလေး အကြိုက်ဆုံးအစားအစာပဲ။ ကဲ စားသွားကြပါအုံးနော်။ ထောပတ်သီးဖျော်ရည်ကတော့ ကိုယ့်ရိုက်ထားတဲ့ပုံကိုယ်ကြည့်ပြီးမတင်ချင်လို့ မတင်ပေးတော့ဘူးနော်။ ကြာဇံကြော်ပဲစားသွားကြပါနော်။








နားထောင်ဖြစ်တဲ့ သီချင်းလေ တပုဒ်

Published by သူမလေး under on 1:25 AM
အခုတလော အလုပ်တွေအရမ်းရှုတ်နေတယ်။ ဘာစာမှလည်းမရေးဖြစ်သလို ဘယ်ကိုမှလည်းမလည်နိုင်ဘူး။ ဘလော့လေးထဲကိုတောင် ညပိုင်းမှဝင်တယ်ဆိုရုံလေးဝင်ဖြစ်တော့တယ်။ အခုတော့ အလုပ်ထဲမှာ စိတ်နည်းနည်းပင်ပန်းနေတာနဲ့ ဘလော့လေးထဲဝင်ကြည့်ပြီး သီချင်းလေးတင်ချင်စိတ်ပေါက်လာလို့ အပြေးလေးတင်လိုက်တာပါ။ နားထောင်ကြည့်လိုက်ပါ။ သူမလေးတော့ ဒီသီချင်းလေးကိုအခုအရမ်းကြိုက်နေတယ်၊ ခဏဏနားထောင်ဖြစ်တယ်။ ဒီတပုဒ်ထဲကိုပဲထပ်ခါနားထောင်နေမိတယ်။ ဘယ်သူဆိုတာလည်းမသိဘူး၊ သီချင်းနာမည်လည်းမသိဘူး။ သိရင်ပြောပြပေးပါနော်။









 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။