သူမလေးရဲ့ခိုနားရာ

သူငယ်ချင်းတို့အတွက်လက်ဆောင်

Published by သူမလေး under on 8:04 AM

မင်္ဂလာပါရှင်...
ဒီနေ့သူငယ်ချင်းတွေကိုအထူးအဆန်းလေးတခုနဲ့မိတ်ဆက်ပေးမယ်နော်။သူငယ်ချင်းတို့လည်းသဘောကျမယ်လို့ထင်ပါတယ်။ဘာလည်းဆိုတော့ သူမလေးရဲ့အကိုပို့လာတဲ့မေးလ်လင့်လေးဖြစ်ပါတယ်။ ကဲသိချင်ရင်တော့အောက်မှာဆက်ဖတ်ပေါ့...
Dear All, This web site is for international passport record web link. U only needs to type your family name, last name and country. It’s very surprise, you can see your personal information data inside. Note: For Myanmar national , need to type first name instead of family name box. Please see the example.
E.g name = Toe Toe Aung
Family name = Toe
Last name = Toe Aung
ဒါကတော့လင့်လေးပေါ့...
http://www.scrolllock.nl/passport/home.htm
စမ်းကြည့်နော်...ဘာတွေထူးလည်းသိချင်တယ်ဟုတ်...
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေရှင်။

ပန်းပိတောက်

Published by သူမလေး under on 5:47 AM


ဒီနေ့မနက်အတော်ထူးဆန်းတယ်၊ ဒီမှာနေတဲ့၂နှစ်အတွင်းဒါပထမဦးဆုံးအကြိမ်မြင်ဖူးခြင်းပါ။ပိတောက်ပင်တွေ

ရှိတယ်၊ ပိတောက်ပန်းတွေပွင့်တယ်ဆိုတာကိုတော့ကြားဖူးတယ်။ ဒါပေမယ့် ကိုယ်ကပိတောက်ခရေဇီမဟုတ်

တော့ အမှုမဲ့အမှတ်မဲ့ပါပဲ။ ဒီနေ့မနက်တော့ အလုပ်ကိုအသွား လမ်းကူးဖို့မီးပွိုင့်စောင့်တဲ့နေရာမှာ အမှတ်မထင်

တွေ့လိုက်တာပါ။ အရင်ရက်တွေက အခြားလမ်းကသွားတာဆိုတော့ မသိဘူး။ လမ်းအကူးမီးပွိုင့်စောင့်နေတုန်း

ပိတောက်ပန်းနံ့ရတယ်ဆိုပြီးကြည့်လိုက်တော့လားလား...ကိုယ်နဲ့မျက်နှာချင်းဆိုင်မှာပန်းတောက်ပန်းတွေပွင့်နေ

တာပါလား။ အံ့သြသွားမိတယ်...ပျော်လည်းပျော်သွားတယ်။ ထင်တာက တပင်ထဲပဲလို့ထင်တာဘယ်ဟုတ်မ

လည်းအဲ့ဒီတလမ်းလုံးပိတောက်ပင်တွေချည်းပဲပြီးတော့ပင်တိုင်းပန်းပွင့်နေတာ လှလိုက်တာအရမ်းပဲ။ကိုယ်ဓါတ်

ပုံရိုက်မိတဲ့အပင်က အသေးဆုံးအပင်ဖြစ်နေတယ်။ နောက်ထပ်ဓါတ်ပုံတွေထပ်လိုချင်တာ အလုပ်ချိန်ကလည်းနီး

နေပြီမို့ ထပ်မရိုက်ဖြစ်လိုက်တော့ဘူး။ ဒါပေမယ့် စိတ်ထဲမှာ ကျေနပ်နေတယ်၊ ပျော်လည်းပျော်နေမိတယ်၊ ပိ

တောက်ပန်းနံ့လေးရှူရင်းလမ်းလျှောက်ရတာ ဘ၀င်ကိုခွေ့လို့။ နောက်နေ့လည်းအဲ့ဒီဖက်လမ်းကပဲသွားမယ်စိတ်

ကူးမိတယ်။ ဒါပေမယ့်ပိတောက်ပန်းကတော့ နေ့တိုင်းရှိချင်မှရှိနေမှာလေ...ဘာပဲဖြစ်ဖြစ်ပေါ့...


ကိုယ့်ဂျီတော့စတေးတပ်မှာ”ပိတောက်ပန်းဆိုတာဘယ်လိုဟာလည်း၊ ဘယ်လိုအနံ့ရှိလည်းဆိုတာသိသွားပြီ”

လို့ရေးထားတော့ အကိုကလည်း သူ့စတေးတပ်မှာ ”သမီး...စိတ်ကောင်းကောင်းထား၊ပုလင်းလှုပ်သောက်တဲ့“

ရေးထားသေး။ ကိုယ်ကကိုယ့်ပြောနေမှန်းမသိဘူး။ အလိုက်မသိ အကိုရေဘယ်သူကဘာဖြစ်လို့လည်းသွားမေး

နေသေး။ အဲ့လိုလည်တာပါ...ဟဟဟ




ကမ္ဘာငယ်လေးထဲကသူမလေး

Published by သူမလေး under on 6:22 AM

မင်္ဂလာပါရှင်။ဒီနေ့ဆိုသူမလေးမြန်မာပြည်ကခွဲလာတာ၂နှစ်ပြည့်တဲ့နေ့ပေါ့။ဒီ၂နှစ်အတွင်းမှာပျော်ရွှင်ခဲ့တဲ့နေ့တွေ ရှိသလိုစိတ်အားငယ်၊ ၀မ်းနည်းခဲ့ရတဲ့နေ့ရက်တွေလည်းအများကြီးပါ။ဆုံးရှုံးခဲ့တာတွေရှိသလို၊ပိုင်ဆိုင်ခဲ့ရတာ တွေကလည်းအများသားပါ။မိတ်ဆွေစစ်၊မိတ် ဆွေသစ်တွေရခဲ့သလို..မိတ်ဆွေတု၊မိတ်ဆွေယောင်တွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ အတွေ့ကြုံသစ်တွေလည်းရခဲ့သလို၊ အဲ့ဒီအတွေ့ကြုံတွေထဲကပဲသင်ခန်းစာတွေလည်းအများ ကြီးရခဲ့တယ်။

အေးအေးဆေးဆေးနေတက်တဲ့ကျွန်မမှာ သူငယ်ချင်း၊မိတ်ဆွေအများကြီးမရှိပါဘူး။လက်ချိုးရေကြည့်တောင် လက်၁၀ချောင်းမပြည့်ဘူး။ မြန်မာပြည်မှာကျောင်းတက်တုန်းကလည်းကိုယ့်မှာ သူငယ်ချင်းအများကြီးမရှိခဲ့ဘူး။ ကိုယ်နဲ့သိပ်မခင်ရင်၊ မရင်းနှီးရင် စကားမပြောတက်တာအကျင့်မို့ အပေါင်းသင်းမများတာ အဆန်းမဟုတ်ပါဘူး။ ထင်လိမ့်မယ် သူမလေးက မာနကြီးလို့လားပေါ့...လုံးဝမဟုတ်ပါဘူး။ မှန်တာပြောရရင် ကြောက်တာပါ၊ဘာကို လည်းဆိုတော့ ကိုယ်က သွားခေါ်လို့ကိုယ့်ကိုပြန်စကားမပြောမှာ၊ ကိုယ်ကရီပြလို့ကိုယ့်ကိုပြန်မရီပြမှာကိုသိပ် ကြောက်တယ်။ ပြီးတော့ အရေမရအဖတ်မရစကားတွေပြော၊ ပြိုင်ကြဆိုင်ကြမှာကိုလည်းသိပ်မုန်းတယ်။

ကံကောင်းပါတယ်၊ အခုကိုယ်နဲ့တွဲတဲ့သူငယ်ချင်းတွေကတစ်ယောက်မှအဲ့လိုထဲကမပါလို့။ ပေါင်းတာကလည်း ကိုယ့်ထက် ၅နှစ်ကြီးတဲ့မမတယောက်၊ ၁၀နှစ်ကြီးတဲ့မမတစ်ယောက် ဒါပဲရှိတယ်။ ကျန်တာကအကိုနှစ်ယောက်၊ နောက်ထပ်ကိုယ့်ထက်၃နှစ်လောက်ကြီးတဲ့သူငယ်ချင်းတယောက်ရှိသေးတယ်။ သူနဲ့က ရွယ်တူတွေလိုပါပဲ၊ နင်နဲ့ငါနဲ့ပဲပြောတယ်။ သူကတော့ ဒီမှာကျောင်းစတက်တဲ့နေ့ကစခင်တဲ့၊ ဒီမြေမှာ ပထမဦးဆုံးစခင်တဲ့သူငယ်ချင်းပါ။ မြန်မာပြည်မှာလည်းကိုယ်တို့ကျောင်းကပဲ၊ ဒါပေမယ့် ကိုယ့်ထက်နှစ်ကြီးတော့သိဘူး။ ကိုယ်ကျောင်းစတက်တဲ့နှစ်မှာ သူကကျောင်းပြီးသွားပြီ။ အဲ့ကောင်ကိုလည်းအရမ်းခင်ပါတယ်။

ကိုယ့်ထက်အကြီးတွေဆိုတော့ဆိုးလို့ကောင်းတာပေါ့။ သူမလေးကိုဆို သူတို့ ညီမအငယ်ဆုံးလေးလို ချစ်ကြတယ်။ မမတို့အကိုတို့ကိုအရမ်းကျေးဇူးတင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီမှာနေတဲ့၂နှစ်တာတလျှောက်လုံး ကိုယ်မှာရှိတဲ့အခက်အခဲမှန်သမျှ ၀ိုင်းကူဖြေရှင်းပေးကျတယ်။ ကျောင်းတက်တုန်းကလည်းကျောင်းတက်တုန်းကမို့ စာကျက်ပျင်းတဲ့ သူမလေးကို စာကျက်လွယ်အောင်၊ နားလည်လွယ်အောင်ကူညီပေးတယ်။ အဆိုင်းမန့်တွေကိုတင်ကာနီးမှလုပ်တက်တဲ့သူမလေးကို ၀ိုင်းကူလုပ်ပေးမယ်။ အကိုတယောက်ဆို ပရောဂျက်ကြီးတခုလုံးကိုသူပဲလုပ်ပေးတာ။ အဲ့လိုချစ်ကြတာ။း)

အလုပ်မရခင်မှာလည်း စိတ်မလေရအောင်၊ အားမငယ်ရအောင် အားပေးခဲ့ကြတယ်။ အလုပ်ဝင်မယ်ဆိုတော့လည်း အခက်ခဲမရှိစေရအောင်၊ အားလုံးသင်ပေးတယ်။ ကိုယ်ကအခုမှအလုပ်ဆိုတာကိုစသိမှာလေ။ အကိုတို့မမတို့က ဟိုမှာထဲက အလုပ်လုပ်ဖူးတယ်။ ကိုယ်ကဟိုကကျောင်းပြီးပြီးချင်းဒီမှာကျောင်းလာတက်၊ ဒီကကျောင်းပြီးပြန်တော့ချက်ချင်းအလုပ်တန်းဝင်တော့ ဘာအတွေ့ကြုံမှရှိသေးတာမဟုတ်ဘူးလေ။ အကိုတို့ မမတို့ အားလုံးကျေးဇူးအထူးပါ။

သူမလေးဒီမှာရှိနေစဉ်တလျှောက်လုံး ကူညီပေးခဲ့တဲ့ သူမလေးရဲ့ ဦးလေးနဲ့အန်တီလေးတို့ကိုလည်း ကျေးဇူးအထူးပါ။ ပြီးတော့ ဖေဖေ၊မေမေနဲ့မောင်လေး၊ညီလေးတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ သူမလေးဒီလို တယောက်တည်းရပ်တည်နိုင်အောင် ဖေးမ မြေတောင်မြှောက်ပေးခဲ့တဲ့ ဖေကြီးနဲ့မေကြီးကို ပြောမပြတက်အောင်ကျေးဇူးတင်ပါတယ်။ ဖေနဲ့မေ့ရဲ့ သမီးဖြစ်ခွင့်ရတာကိုလည်းဂုဏ်ယူမိပါတယ်။ ပြီးတော့ သူမလေး အားတက်အောင်အမြဲ ဘေးမှာရှိနေပေးခဲ့တဲ့မောင်လေး၊ညီမလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

နောက်ဆုံးအနေနဲ့ မိုးသည်းထဲမှာကောက်တွေ့ခဲ့တဲ့ သူမလေးရဲ့အချစ်ရဆုံးတစ်ယောက်သောသူကိုလည်း ကျေးဇူးပါလို့....နောက်လာမည့်နှစ်တွေမှာလည်း ပျော်ရွှင်ခြင်းတွေ ကံကောင်းခြင်းတွေပဲပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း.....


အားလုံးအားလုံကိုကျေးဇူးအထူးတင်ပါတယ်....ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။



စိတ်

Published by သူမလေး under on 7:13 AM

လာမယ့်သောကြာနေ့ဟာ
Labour Dayနေ့ MayDayနေ့ပေါ့။ အမှန်ဆို ကိုယ်တို့ ရုံးပိတ်ရက် ၃ရက်ရမယ်။ ဒါပေမယ့်ကာ စနေနေ့ကို တစ်ပတ်ခြား ဆင်းပေးရတာမို့ ဒီတခါ စနေနေ့မှာ သူမလေး ရုံးဆင်းပေးရမယ်။ နေ့တ၀က်ထဲပါ၊ ဒါပေမယ့် တနေ့လုံးဆင်းပေးရတာနဲ့မထူးမခြားနား။ ၂နာရီရုံးဆင်းပြီးတာနဲ့ စောသေးတယ်ဆိုပြီးမြို့ ထဲမှာ သဝေထိုးနေတာနဲ့ ခါတိုင်းရုံးဆင်းချိန်မှပဲအိမ်ပြန်ရောက်တယ်။

အဲ့ဒါပြီးတော့ May ၉ရက်နေ့က Vesak Dayနေ့...စနေနေ့ အဲ့ဒီအပတ်ကျကိုယ်ကနားရမယ်။ အဲ့ဒါကြားပြီး ဖျားသွားတယ်။ ဟိုးအရင် သောကြာ၊စနေ၊တနင်္ဂနွေပိတ်ရက်ဆက်တိုက် ကိုယ်ရခဲ့တုန်းကတော့ ပျော်လို့။ ကိုယ်လုပ်ရမယ်လည်းဆိုရော.....အော်....စိတ်စိတ်စိတ်။

မနေ့က အိမ်ပြောင်းတယ်၊ သူမလေးအဒေါ်အိမ်ကိုပါ။ အဒေါ်တွေကသူတို့နဲ့လာနေစေချင်တာ၊ ဒီကိုရောက်စထဲကပဲ။ ကိုယ်ကလည်းမနေချင်ဘူး၊ ဟိုရှောင်ဒီရှောင်နဲ့။ အခုတော့မရတော့ဘူး။ :) လာမယ့် ၂၈ရက်နေ့ဆို ကိုယ်ဒီကိုရောက်တာ ၂နှစ်ပြည့်ပြီ။ ၂နှစ်အတွင်းမှာ အိမ်၎ခါပြောင်းဖူးတယ်။ ပထမဦးဆုံးဒီမြေကိုစရောက်တုန်းက နေခဲ့ရတဲ့ဝန်းကျင်မှာအခုပြန်နေရတယ်။ အဲ့ဒီတုန်းကလိုပဲအခုလည်း တခန်းထဲမှာ တယောက်တည်းနေရတယ်။ ဒီကိုစရောက်တော့ ကိုယ်က လူတက်ကြီးလုပ်ပြီး အဒေါ်တွေကို အကြောင်းမကြားထားဘူး၊ ကျောင်းကရှာပေးတဲ့ အိမ်မှာပဲနေလိုက်တယ်...အဲ့ဒီတုန်းက ကံကောင်းတယ် တစ်ယောက်တည်းနေရတာ တခန်းထဲကို ၂၅၀ပဲ အားလုံးအပြီးစီး ။ စလုံးအိမ်ပေါ့၊ သဘောကောင်းပါတယ်၊ ကလေးလေး၂ယောက်ရှိတယ်။ ကိုယ်နဲ့သိပ်တည့်တာ၊ တည့်မှာပေါ့ ကိုယ့်ဆို သူတို့က သူတို့နဲ့ရွယ်တူလိုသဘောထားတာ။ ဟဟဟ...အဲ့ဒီမှာ ၈လလောက်နေပြီး ကိုယ့်အဒေါ်ရဲ့ယောက်ခမ စလုံးအဖွားကြီးအိမ်မှာ ၈လနေတယ်။ အဲ့ဒီအိမ်မှာလည်း ရီရတယ်၊ အဖွားက အင်္ဂလိပ်စကားပြောတက်ဘူး တရုတ်လိုပဲပြောတက်တယ်။ ကိုကလည်း တရုတ်လိုကို ကွိစိကွစိလောက်ပဲပြောတက်တာ။ ၂ယောက်စလုံး ဘရုတ်ကန်းတွေကိုဖြစ်လို့။ ကိုယ့်အဒေါ်က ကိုယ့်နေပြီး ၁လောက်အကြာမှာ ထိုင်းကိုခရီးထွက်သွားတာ။ အဘွားအိမ်မှာတော့ ပိုလီတက်နေတဲ့မိန်းကလေးတယောက်နဲ့ တွဲနေရတယ်။ ကျောင်းပြီးတော့ မြန်မာပြည်၁လပြန်လိုက်သေးတယ်။ မြန်မာပြည်ကပြန်လာတော့အဖွားအိမ်မှာမနေချင်တော့ဘူး၊ အဒေါ်တွေကိုလည်းအကြောင်းမကြားချင်ဘူး အဲ့ဒီတော့ ဦးလေးကိုအိမ်ရှာခိုင်းလိုက်တယ်။ အဲ့ဒီအိမ်မှာ ၈လကျော်နေတယ်၊ တခန်းထဲကို ၃ယောက်နေရတယ်။ တလကို ၃၄၀ကျော်ပေးရတယ်၊ ကိုယ်လည်းနောက်ထပ်အိမ်ထပ်မရှာချင်တော့ ပေပြီးနေနေတာ။ အဒေါ်တွေသိတော့ ဟိုအိမ်လာနေ၊ဒီအိမ်လာနေဖြစ်ကုန်ရော။ အစက အမျိုးမျိုးဝေ့လည်ကြောင်ပတ်လုပ်သေးတယ်.......နောက်ဆုံးတော့လည်း..........။

အိမ်ပြောင်းတော့ သူငယ်ချင်းအကိုအမတွေလာပြောင်းပေးတယ်၊ အန်တီလေးတို့က အိမ်မှာစောင့်နေတာ၊ အဒေါ်တွေအကုန်ပဲ။ သူတို့ကပျော်နေတာ.. သူမလေးပြောင်းလာတဲ့အထိန်းအမှတ်နဲ့ ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေး၊ ရွှေရင်အေး၊ ရှမ်းတိုဟူးသုတ်တောင်လုပ်ကျွေးသေး....ဟေဟေ။

ညနေ အကိုအမတွေကို MRTလိုက်ပို့ပြီး၊ ဦးလေးကလာမယ်ဆိုလို့ စောင့်နေလိုက်တယ်။ မွေးနေ့အကြိုဦးလေးကို Swensen's မှာထမင်းလိုက်ကျွေးတယ်။ ဦးလေးက Chicken Bake Riceစားတယ်၊ ကိုယ်က Chilli Fish Pastaစားတယ်၊ အချိုပွဲကတော့ Banana Splitစားတယ်။

Chilli Fish Pasta
Banana Split

ဦးလေးစားတာတော့မရိုက်လိုက်တော့ဘူး။ ဟိဟိ

အားလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေရှင်။
 

နှုတ်ဆက်စကားလေးထားခဲ့ပါ။






HOME

About Me

My photo
ပျော်ပျော်ရွှင်ရွှင်နေတက်သလို မျက်ရည်အရမ်းလွယ်တဲ့ သူမလေးပါ။